Tight

komag(38)
Published in
#esteem
Words
83
Reading
1 min
Listen
Play
8y

ခေတ်စနစ်၊ နည်းပညာတွေက အဘက်ဘက်ကတိုးတက်ပြောင်းလဲလာတာကြောင့် လူသားတွေရဲ့ လူနေမှုအဆင့်အတန်းတွေဟာလည်း တဖြည်းဖြည်းမြင့်မားလာကြပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးဟာဆိုရင်လည်း အထပ်မြင့်မိုးမျှော်တိုက်တွေတည်ဆောက်တဲ့ စီမံကိန်းတွေကို မကြာသေးမီ နှစ်တွေက နိုင်ငံအချင်းချင်း အပြိုင်အဆိုင် သူ့ထက်ငါပိုမြင့်အောင် တည်ဆောက်လာကြပါတယ်။

(၁) Jeddah Tower (ဂျက်ဒက်ရှ်တာဝါ)

ဒီတာဝါကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်သစ်ကြီး တစ်ခုဖြစ်ပြီး အမြင့်ကတော့မီတာ တစ်ထောင်မြင့်ပါတယ်။ အမေရိကန်နိုင်ငံက ဗိသုကာပညာရှင်တွေေ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ အထပ်ပေါင်း ၁၆၇လွှာပါရှိပြီး ပင်လယ်နီရှုခင်းကိုမြင်ရမှာဖြစ်ပါတယ်။ လျှင်မြန်စွာရွေ့လျားနိုင်တဲ့ ဓာတ်လှေကားစနစ်တွေလည်းပါရှိပါတယ်။

(၂) Wuhan Greenland Center (ဝူဟန်ဂရင်းလန်းစင်တာ)

ဒီတာဝါကြီးက ၂၀၁၈ခုနှစ်အတွင်းမှာ တည်ဆောက်ပြီးစီးမယ်လို့ ခန့်မှန်းရပါတယ်။ တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ မိုးမျှော်တိုက်ကြီးတစ်ခုဖြစ်ပါတယ်။ အမြင့်ပေ ၆၃၆ မီတာမြင့်မယ့် ဒီအဆောက်အအုံကို အမေရိကန်နိုင်ငံက ဒီဇိုင်းပညာရှင်တွေ ဖန်တီးပေးထားတာဖြစ်ပါတယ်။

(၃) Goldin Finance 117 (ဂိုဒင်းဖိုင်းနန့်စ်)

ဒီမိုးမျှော်တိုက်ကြီးကဆိုရင် တရုတ်နိုင်ငံမှာတည်ဆောက်နေတာဖြစ်ပြီး ၂၀၁၈ခုနှစ်အတွင်းမှာ ပြီးစီးမယ်လို့ ထင်ရပါတယ်။ အမြင့်ပေကိုတော့ ၅၉၆.၅ ပေထိတည်ဆောက်မှာဖြစ်ပြီး တိုက်ကြီးရဲ့ထိပ်ပိုင်းပုံစံကို စိန်ပုံသဏ္ဍာန်တည်ဆောက်မှာဖြစ်ပါတယ်။

(၄) Merdeka PNB118 (မာဒီကာ)

ဒီမိုးမျှော်တိုက်ကြီးကတော့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာတည်ဆောက်နေတဲ့ တိုက်ကြီးဖြစ်ပါတယ်။ သြစတေးသျပညာရှင်တွေတည်ဆောက်တာဖြစ်ပြီး အထပ်ပေါင်း ၁၁၈ထပ်ပါဝင်တာဖြစ်ပါတယ်။ ဒီမိုးမျှော် တိုက်ကြီး ပြီးစီးသွားရင်တော့ မလေးရှားနိုင်ငံအတွက် အရှည်ဆုံးတိုက်ကြီးဖြစ်လာမှာဖြစ်ပါတယ်။