ခွေး​တောက်​ဟင်​ချို

komag(38)
Published in
#esteem
Words
76
Reading
1 min
Listen
Play
8y

ဒီအပတ်မှာတော့ အိမ်မှအလွယ်တကူ လုပ်စားနိုင်ဖို့ အာဟာရရှိစေတဲ့ ဟင်းချိုလေးအကြောင်းကို ပြောပြပေး လိုက်ပါတယ်။

ဆေးဖက်ဝင်တဲ့ ခွေးတောက်ရွက်နဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့ ကြက်သားကို ရောပြီး ဟင်းချိုကောင်း ကောင်း လေး ချက်တဲ့နည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ခွေးတောက်ရွက်(အချို သို့မဟုတ် အခါး) ၊ ခွေးတောက်ရွက် အခါးမစားနိုင်တဲ့ သူတွေ အတွက် အချိုကိုသုံးလို့ရပါတယ်။ ကြက်သား၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ဆီ၊ ပုဇွန်ခြောက် တို့လိုအပ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်က သိပ်မများတဲ့အတွက်လွယ်ကူပါတယ်။ ပထမဦးဆုံး ကြက်သားနဲ့ ခွေးတောက်ရွက် ကို ရေစင်အောင်ဆေးပါ။ ကြက်သွန်ဖြူကို တစ်ပြားရိုက်ပြီး ဆီအနည်းငယ်ထည့်ကာ အိုးထဲမှာ ဆီ သတ်လိုက် ပါ။

ဆီသတ်ပြီးလို့ အနံလေးမွှေးလာပြီဆိုရင် ကြက်သားကိုထည့်ပါ။ သန့်စင်တဲ့ရေကိုပါ ရောပြီး အနေတော်လောက် ထည့်ပေးပါ။ ဟင်းရည်ထဲကို ပုဇွန်ခြောက်အနည်းငယ်နဲ့ အပေါ့အငန်အရသာ ကောင်းဖို့ ငံပြာရည် အနည်းငယ် ထည့်ပါ။

ဟင်းရည်ဆူလာပြီး ကြက်သားနူးပြီဆိုရင်တော့ ခွေးတောက်ရွက်ကို ထည့်ပေးပါ။ အရသာ အဆင်ပြေပြီဆို ရင်တော့ အာဟာရပြည့်ဝပြီး ဆေးဖက်ဝင်တဲ့ ကြက်ခွေးတောက် ဟင်းချိုလေး တစ်ခွက်ရပါပြီနော်…

ကဲ အိမ်မှာလုပ်ပြီး စားကြည့်ကြပါဦးနော်။

ခွေး​တောက်​ဟင်​ချို | Ecency