ပရိသတ်ကြီးရေ ကော်ဖီကလူတွေ သောက်သုံးဖို့အပြင် အခြားအသုံးဝင်တဲ့အရာတွေကိုပါ ပြုလုပ်နိုင်ပါတယ်။
ကော်ဖီကို နောက်ထက်အသုံးပြုနိုင်တာကဘာတွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်…
** ကော်ဖီစေ့လေးတွေကို လှတယ်လို့မထင်မိဘူးလား ပရိသတ်ကြီး။ ကော်ဖီစေ့လေးတွေက လှပတဲ့ပုံစံလေးရှိတာမို့ အဲဒီအစေ့လေးတွေကို ဖန်ပုလင်းထဲမှာပဲဖြစ်ဖြစ်၊ အခြားနေရာတွေမှာပဲဖြစ်ဖြစ် အလှဆင်နိုင်ပါတယ်။
** အိမ်မှာရှိနေတဲ့ ပရိဘောဂပစ္စည်းတွေကို ပြောင်လက်အောင်လုပ်ချင်တယ်ဆိုရင်လည်း ကော်ဖီမှုန့်ကို အသုံးပြုပြီး ပွတ်တိုက်ပေးမယ်ဆိုရင် ရပါတယ်။
** ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် ကော်ဖီမှုန့်ကို အသုံးပြုပြီး Scrub လုပ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ နူးညံ့တဲ့အသားအရေလေးကို ရရှိမှာဖြစ်ပါတယ်။
** ကြောင်လေးတွေက အနံ့ပြင်းတဲ့ကော်ဖီအနံ့ကို မကြိုက်ကြပါဘူး။ ဒါကြောင့်ကြောင်လေးတွေ အနားမ လာစေချင်ရင် အနံ့ပြင်းတဲ့ကော်ဖီကို ချထားရင်သူတို့ မလာနိုင်တော့ပါဘူး။
** ဆံပင်အတွကလည်း ကော်ဖီက အသုံးဝင်ပါသေးတယ်။ ကော်ဖီမှုန့်ကို ခပ်ပျစ်ပျစ်လေးဖျော်ပြီး ဆံပင်မှာ မိနစ်နှစ်ဆယ်ခန့်လိမ်းထားပြီး ရေဆေးချလိုက်မယ်ဆိုရင် နူးညံ့တဲ့ဆံသားလေးကို ပိုင်ဆိုင်နိုင်ပါတယ်။
Wowbox တို့လည်း ကော်ဖီကို နှစ်သက်ရာနည်းလမ်းတွေနဲ့ အသုံးပြုကြည့်ကြပါဦးနော်။