ပျို​မေ​တေလန်း​စေဖို့

komag(38)
Published in
#esteem
Words
45
Reading
1 min
Listen
Play
8y

၁) အပြင်သွားတဲ့အခါ Accessory တစ်ခုလောက်ပဲဖြစ်ဖြစ် ဝတ်သွားပါ။ Accessory ဆိုတာကကိုယ်ဝတ်ထားတဲ့ အဝတ်အစားကိုအမြင်ဆန်းပြီးလှပအောင် လုပ်ဆောင်ပေးနိုင်တဲ့ အထောက်အပံ့ပစ္စည်းတွေပဲဖြစ်ပါတယ်။

(၂) အမြဲလိုလိုစီးနေကြဖြစ်တဲ့ ဖိနပ်အပါးတွေကိုဘေးချထားပြီး ဒေါက်အမြင့်ပါတဲ့ဖိနပ်တွေကို အပြင်ထွက်တဲ့အခါစီးကြည့်ပါ။ ဒေါက်ပါတဲ့ဖိနပ်တွေကပိုပြီးတော့ သင့်ကို ယုံကြည်မှုရှိရှိနဲ့ စတိုင်လ်ကျစေမှာပါ။

(၃) အမြင်ဆန်းဆန်လေးဖြစ်စေဖို့ ထူးထူးခြားခြားဖြစ်တဲ့ ပစ္စည်းလေးတွေကိုဝတ်ဆင်ပေးနိုင်ပါတယ်။ လက်ကောက်၊ လည်ဆွဲ၊ လက်ကိုင်အိတ်တွေမှာထူးခြားတဲ့ပစ္စည်းတွေ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

(၄) ဘာဝတ်ရမလဲရွေးရခက်နေရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အကြိုက်ဆုံးအစိတ်အပိုင်းကိုစဉ်းစားပြီး ပုံပေါ်လှပအောင်ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဥပမာ လှပတဲ့ခြေထောက်သွယ်သွယ်ရှည်ရှည်တွေ၊ အချိုးအစားပြေပြစ်တဲ့လက်မောင်း၊ ကျော့ရှင်းတဲ့လည်တံစတာတွေကိုပုံဖော်ဝတ်ဆင်ပေးနိုင်ပါတယ်။

(၅)အလှပြင်ပစ္စည်းထည့်တဲ့ အိတ်တစ်ခုကိုဆောင်ထားသင့်ပါတယ်။ အဲဒီအိတ်ထဲမှာကိုယ်သုံးနေကြ အလှပြင်ပစ္စည်းလေးတွေကိုထားရှိပါ။ အပြင်ထွက်တာကြာလို့ အလှပျက်သွားတဲ့အခါ အလွယ်တကူပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ပျိုမေတို့ရေ ဒါလေးတွေဆောင်ထားကြပါနော်…

ပျို​မေ​တေလန်း​စေဖို့ | Ecency