ခရီးသည်တွေ မသိသေးတဲ့ လျှို့ဝှက်တဲ့အကြောင်းအရာတွေ လေယာဉ်ပေါ်မှ ရှိနေတတ်ပါတယ်။
အဲဒါတွေက ဘာဖြစ်မလဲဆိုရင်တော့…..
လေယာဉ်တောင်ပံတွေမှာ ချိတ်လေးတွေ တပ်ဆင်ထားပါတယ်။ လေယာဉ်တစ်ခုခု ဖြစ်တဲ့အခါ ခရီးသည်တွေ လေယာဉ်တောင်ပံတွေကနေ လျောချပြီး ဆင်းလို့ရနိုင်အောင် လုပ်ထားပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး ကြိုးကို အဲဒီချိတ်မှာ ချိတ်လိုက်ပြီး ဆက်သွယ်လိုက်ရင် ခရီးသည်တွေအလွယ်တကူ ဆင်းလို့ ရအောင်လုပ်ပေးနိုင်ပါတယ်။

အချို့နိုင်ငံတွေရဲ့ လုံခြုံရေးစနစ်အရ လေယာဉ်မှူးတွေထိုင်ခုံနောက်မှာ အရေးပေါ်အသုံးပြုနိုင်ဖို့ အတွက် ပုဆိန်လို မျိုးလက်နက် ကိရိယာတစ်ခုခုကို ထားရှိပါတယ်။
လေယာဉ်မှန်တံခါးတွေဟာ မှန်အလွှာသုံးလွှာရှိပါတယ်။ အပြင်ဘက်အလွှာက ပင်လယ်ရေ မျက်နှာပြင် ဖိအားကို ထိန်းပေးတာဖြစ်ပြီး၊ အတွင်းဘက် အလွှာကတော့ ထိခိုက်မှုတွေကို ခံနိုင်ဖို့ဖြစ်ပြီး၊ အလယ်က အလွှာမှာပါရှိတဲ့ အပေါက်ငယ်လေး တစ်ခုက လေလမ်းကြောင်းကို ပုံမှန်တိုင်း လည်ပတ်စေတာ ဖြစ်ပါတယ်။
အရန်ပါဝါစနစ်ကို တပ်ဆင်ထားပြီး အင်ဂျင်စက်ရပ်သွားတဲ့အခါ အဲဒီစနစ်က ပြန်ပြီး လည်ပတ်စေနိုင်ပါတယ်။
လေယာဉ်အမှုထမ်းတွေ အနားယူနိုင်ဖို့အတွက် လျှို့ဝှက် အခန်းငယ်လေးတွေလည်း လေယာဉ်ထဲမှာ ထည့်သွင်းထားပါတယ်။
အရေးပေါ်ထွက်ပေါက်တွေမှာ လက်ကိုင်တွေတပ်ဆင်ထားပြီး လေယာဉ်စနစ် ချို့ယွင်းတဲ့အခါ လက်ကိုင်တွေ ကနေ အလွယ်တကူ တွန်းဖွင့်လို့ရနိုင်ပါတယ်။
ကလေးတွေ မတော်တဆ လေယာဉ်ရဲ့သန့်စင်ခန်းထဲမှာ ထွက်လို့မရဘဲပိတ်မိတဲ့အခါ တံခါးလော့ခ် ကိုဖွင့်ဖို့အတွက် "LAVATORY" ဆိုတဲ့သင်္ကေတခလုတ်လေးကို မလိုက်ပြီး ခလုတ်လေးကို ဆွဲလိုက်မယ်ဆိုရင် တံခါးပြန် ပွင့်သွားနိုင်ပါတယ်။

Credit – Brightsight.me