လေပြင်းတိုက်ခတ်

kohtoo(30)
Published in
#stone
Words
39
Reading
1 min
Listen
Play
8y

မြေပုံမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၀)ကျော်ပျက်စီး


ရခိုင်ပြည်နယ် မြေပုံမြို့နယ် အတွင်းင/ခူချောင်ကျေးရွာမှာ ဇူလိုင်လ(၁၇)ရက် မနက် (၁)နာရီက လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် နေအိမ်(၂၉)လုံးပျက်စီးခဲ့ပြီး သိန်း (၄၀)ကျော်ဖိုး ပျက်စီးခဲ့တယ်လို့ မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ နေအိမ်လုံးဝပျက်စီးသွားတဲ့ အိမ်(၆)အိမ်က မိသားစုဝင် (၁၉)ဦးကို နီးစပ်ရာဆွေမျိုးတွေအိမ်မှာ နေရာချထားပြီး တခြားအိမ်တွေ ကိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။

သတင်း - လ၀န်းရံ(စစ်တွေ)

လေပြင်းတိုက်ခတ် | Ecency