ရွှေဘကြီးဆိုတာတော့ ဒီလိုပဲ ~~~~~

kochan(35)
Published in
#esteem
Words
34
Reading
1 min
9y
Listen to this post
~1 min

အစကတော့ အဲ့ဒီလိုပဲ
ခေါက်လိုက် ဆွဲလိုက်နဲ့
ရွှေဘကြီးလဲ
တဒိုင်းဒိုင်းကိုပစ်လဲနေရတာပဲ။

သစ်ပင်ကိုကျောကပ်
နွယ်ကြိုးနဲ့မိတ်ဆက်တော့
သွေးစက်တွေမြေကျ
ချွေးစက်တွေတဒီးဒီးနဲ့
ရွှေဘကြီးခမျာ
တောက်လျှောက်ခံရဖို့ချည်း။

ခြောက်လုံးတွေနားထင်မှာထောက်
အောက်ဆွဲစကားလုံးတွေပစ်ပေါက်တော့
ခမျာ အရူးကွက်တွေထဲ တ၀ဲလည်လည်
ဇာတ်မနာမချင်းတော့ရွှေဘမယ်
ခံဘက်ကချည်း။

စစ်ကူမလာ ရိက္ခာကပြတ်
အကျဉ်းအကြပ်ထဲကရွှေဘ
ဈေးခွေးကြီးကတောင်
ဒိုဘာမင်ယောင်ဆောင်လှန့်လိုလှန့်။

ဇာတ်ရှိန်အမြင့်ဆုံးအခန်းရောက်တော့
ခြင်္သေ့ကြီးက ရွှေယုန်လေးဖြစ်မသွားဘူး
ဗီလိန်တွေဟာ ဇာတ်ဝင်ခန်းမှာ ပြတ်ကျန်ရစ်ခဲ့တယ်
ရွှေဘကတော့ ရွှေဘပဲ
ဇာတ်သိမ်းခန်းအထိ တောင့်ခံသွားနိုင်ခဲ့တယ်။

ရွှေဘကြီးဆိုတာတော့ ဒီလိုပဲ ~~~~~ | Ecency