Love, goodbye

koayezaw(63)
Published in
#love
Words
37
Reading
1 min
Listen
Play
8y

3jpR3paJ37V8t3d5gG8YxUrFtTrvhgCDjjN8jFs75ecZsNJJqovx69o5bekUuDDcmjHJxNSzF5cnh6bbbua5fHbYGBzpRLCSNsAwTsBu6QMtPXUvTz7dCHs5uW4dXSsUwzajQ.jpeg

ဟူး...အချစ်တဲ့လားဗျာ။
ပစ်ခွာသူပြေးပြီးမှ အချစ်ရှာသူလေးတဲ့လား...
နေပါစေလေ.....
သူမကြင်တမင်စိမ်းပြီးမှ
ရေအလျှင် ကြည်လင်မတဲ့လား။

အစိမ်းရောင်လွမ်းခြုံထား ကန်းကုန်သွားတဲ့မာယာနဲ့
နင်ဘယ်လောက်များဟန်ဆောင်ကောင်းနိုင်မှာလည်းလေ...

ပြန်မြင်ကြည့်စမ့်ပါ့ချစ်သူ
ရွှေရင်နှလုံးသွေးတို့သာ ဆူပွတ်ခဲ့တာပါ
ရမ္မက်လွှမ်း သွေးတို့ဆူသွတ်ခဲ့တာမဟုတ်ဘူးနော်.

နင်ကျင်လည်တဲ့နယ်မြေမှာ
အန္တရာယ်တွေအနန္တရှိနေတယ်ဆိုတာရော
နင်တစ်ယောက်မသိလေရော့သလား...

ငါဆိုတာ အရာရာမှာသိမ်ငယ်စွာနေခဲ့ရပေမယ့်
ငါ နင့်ကိုပေးခဲ့တဲ့ မေတ္တာတရားတို့ကတော့ စွမ်းအားတွေပြည့်ခဲ့ပါတယ်။

အရောင်မြင်တိုင်း ရွှေလို့မထင်ပါနဲ့ချစ်သူ
ငါဆိုတာ အရောင်မလက်ပေမယ့်
ဘောင်မခတ်တက်တဲ့သူပါ။

နင့်ကို အစဉ်အမြဲချုပ်နှောင်မှုတို့ကင်းစွာ
ဝေးရာကနေပဲ နှုတ်ဆက်လိုက်ပါတယ်။

နင်ကတော့မသိနိုင်ပေမယ့်...
နေခဲ့ပါတော့ ချစ်သူရယ်။.....

koayezaw

Love, goodbye | Ecency