မရိုးနိုင်သော

kmmt(56)
Published in
#esteem
Words
131
Reading
1 min
Listen
Play
8y

တစ်နေ့က အခွန်ကောက်ခံမှု ပြင်ဆင်လိုက်တာကို ထောက်ခံပါတယ်ဆိုပြီး ရန်ကုန်မှာ လုပ်ကြတယ်။
ထုံးစံအတိုင်းတက်တာက ကွီးဖြိုး။
ယိုးဒယားကို ကျော်မယ်တို့ ဘာတို့ကိုလည်း
အစဉ်အလာမပျက်တော့ ပြောပစ်သေးတာရယ်။
နိုင်ငံတော်က ပြဌာန်းတာကို ဘယ်သူတွေက ထောက်ခံကြသတုန်း။
အမေးရှိလာလို့ အဖြေညှိတော့ သူဌေးတွေ ထောက်ခံတာ။ image
အခွန်လျှော့ကောက်မယ်ဆိုတာ ထောက်ခံရပေမပေါ့။
ထူးခြားမှုက ၀န်ထမ်းတွေ၊ အောက်ခြေ ပြည်သူတွေက ဘာမှကို ၀င်မပြောတာ။ မပြောဆို အဲသလောက်လဲ ပိုက်ဆံမရှိလို့ပေါ့။
အဲ။ တစ်ခုတော့ ပြောစရာရှိလာပြန်တယ်။
အိမ်ထဲမှာရှိနေတဲ့ပစ္စည်းကိုပါ အခွန်ကောက်မယ်ဆိုတဲ့သတင်း။
တန်ဖိုး ၂၀၀ အထက်ဆို ကောက်မှာတဲ့။
အဲဒီသတင်းကျတော့ ပြောဖို့ဖြစ်လာပြီဗျ။ ကျွန်တော်က ၀င်ငွေခွန်လစဉ်ဆောင်နေရတဲ့ ၀န်ထမ်း။ ဆိုလိုတာက ကိုင်ထားသည့်ငွေသည်ငွေဖြူ။
ပစ္စည်းဝယ်တော့ အခွန် စ ကောက်တယ်။ ကိုယ်ကိုင်ထားတာ ငွေဖြူပါပြောပြော၊ တစ်လက်လက်ထနေတဲ့ ငွေပါပြောပြော ကောက်တယ်။ ဆိုလိုတာက ၀င်ငွေခွန်၊ ပစ္စည်းဝယ်ခွန် စသည်ဖြင့် ၂ ကြိမ်တိတိ အခွန်ပဏ္ဍာ ဆက်သလိုက်ရပြီ။
အဲသလို နှစ်ဆင့်သော ဆက်ကြေးသဘောပေးပြီး
ရလာတဲ့ပစ္စည်းကို အခွန်ထပ်ကောက်မယ်ဆိုတော့ ၃ ဆင့်။
ပစ္စည်းပျက်စီးရင် အမှိုက်ခွန်ဆိုတာ လာဦးမှာ။
သူဌေး၊ သူကြွယ်အတွက် ကားကြီးမီးလောင်တာ ပြသနာမရှိပေမဲ့
လူဆင်းရဲတွေအတွက်တော့ တာယာဖိနပ်ပြတ်လဲ ဒုက္ခပဲဗျ။
ကျွန်တော်တို့လိုဝန်ထမ်း (အရာရှိပေါက်စ)တောင် လစာ ၄ သိန်းဝန်းကျင်မှာ လောက်အောင် ခြွေတာသုံးရပါတယ်။
လစာ တစ်သိန်းကျော်ဝန်ထမ်းတွေ မိသားစုအတွက် ဘယ်လိုရပ်တည်ကြသလဲလို့ တွေးမှ တွေးမိကြရဲ့လားဗျ။
အရေးထဲမှာ ပြည်သူအတွက် မွေးလာတယ်ဆိုပြီး မြှောက်ပေးတဲ့ ခရိုနီလိုလို တိုင်ကွန်းလိုလိုလူက ရှိနေသေးတယ်။
ပြည်သူအတွက် မွေးလာတယ်ဆိုတာကို မကန့်ကွက်ပါဘူးလေ။
ကွင်းစ၊ ကွင်းပိတ်နဲ့တော့ စာသားဖြည့်ရမယ်ဗျ။
ဒုက္ခပေးရန် ဆိုတဲ့စာသား။ တစ်ခါလာ မင်းတို့အဘတွေ ဘလာဘလာနဲ့ ဖိတော့ မပြောသင့်တော့ဘူးဗျ။ သူခိုးလို့ဆိုရင်တောင် ပြည်သူဆီကအခွန်ကို အခုလို ဖိမကောက်ခဲ့ဘူးမဟုတ်လား။
အခုဟာက လေတောင် ၀၀ မရှုရဲလောက်အောင် အခွန်ခေတ်ရောက်နေတာဗျ။ ပြည်ထောင်စုသမ္မတ အခွန်နိုင်ငံတော်လို့တရားဝင်အမည်ပြောင်းပြီး ကောက်ချင်လဲကောက်ပါတော့ဗျာ။
ကျွန်တော်တို့က နင်းပြားတွေ မဟုတ်လား။
kmmt@kmmt

မရိုးနိုင်သော | Ecency