Start walking again today.
Walking Is the best excercise
ဦးနုလက်ထက် ကတည်းက …
တစ်ချို့ က ဗကပ က ခွဲထွက်အဖွဲ့ တွေ ….
တစ်ချို့ က နယ်မြေခံ ပြည်သူ့ စစ်တွေ …
ကဲ …ကဲ …အာ့တော့ စစ်သားပီပီ ဒဲ့ပဲ ပြောမယ် ….
ခင်ဗျားတို့  အခု ဒီမိုကရေစီ လို့  ....
ဖင်ပြဲအောင် အာနေတဲ့  သူတွေ …..
အာ့အဖွဲ့ တွေ အကြောင်း ဘာသိလဲ …
တစ်ဖွဲ့ ချင်း ရဲ့ သမိုင်းကြောင်း လိုလားချက် ဘယ်သူသိလဲ …
ဘယ်သူနဲ့ ဘယ်သူက မဟာမိတ် …
ဘယ်သူနဲ့ က ရှေးကတည်းက ရန်စ …
ဘယ်သူတွေက နယ်မြေချင်း ကပ်ထားလို့ မရဘူး …
ကပ်ထားတာနဲ့ ပြန်ချမှာ …
ဘယ်အဖွဲ့ တွေက နယ်လုနေကြတယ် …
ဘယ်အဖွဲ့ တွေက တစ်ဖွဲ့ တည်းမှာကို လေးပိုင်းကွဲနေတယ် ....
ဘယ်သူသိလဲ …. ဖြေစမ်းပါ…..
ကျုပ်တို့ သိချင်တာက ....
ခင်ဗျားတို့  ၂၀၁၅ နောက်ပိုင်း အရပ်သားအစိုးရ …
အာ့အဖွဲ့ တွေနဲ့  ဘယ်လို ဆက်ညှိနိုင်းမလဲ …
အပြီးသတ် ငြိမ်းချမ်းရေးရအောင် ...
ဘာတွေ အပေးအယူလုပ်မလဲ …
ဒါတွေ သိချင်တယ် …
ဒေါ်စုတက်လာတာနဲ့  ....
ဖက်ဒရယ် ပေးလိုက်တာနဲ့  …
တန်းပြီး ငြိမ်းချမ်းရေး ရသွားမယ်ဆိုတဲ့ ကောင်ရှိရင် ပြော …
ရွာသာကြီးကို ပို့ ပေးမယ် ….
မှတ်ထား …
ရှမ်းပြည်တစ်ခုတည်းတင် ….
အဖွဲ့  သုံးလေးဆယ် ရှိတယ် ….
ဖက်ဒရယ် ရပြီး လို့  ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးမယ် ….
ပြည်ထောင်စု အစိုးရက ၀င် မပါတော့ဘူးထား ….
ပြည်နယ်အစိုးရက ....
အာ့အဖွဲ့ တွေ ဘယ်လိုကိုင်တွယ်မတုန်း …
ဖြေကြည့်စမ်းပါ ….
ဝ နဲ့ ရှမ်း မတည့် …
ကချင်နဲ့ ရှမ်းနီ မတည့် …
ကိုးကန့် နဲ့  ၀ နဲ့  မတည့် …
အားလုံး လက်နက်ကိုင်တပ် ကိုယ်စီ နဲ့  ….
ဒါတွေ စစ်အစိုးရ လုပ်တာ လာမပြောနဲ့  …
ဝတို့ ကိုးကန့် တို့ ဆိုတာ ….
မင်းတို့ ပါပါ ဗကပ ခွဲထွက်အဖွဲ့ တွေ ….
SSA ဆိုတာ ဦးနုလက်ထက် …
နွံစစ်ဟန် အဖွဲ့ က စ သန္ဓေတည်တာ …
ပြောမရလို့ တိုက်မယ် …
ပြည်ထောင်စု အစိုးရ တပ်တွေ ပြန်ဝင်လာမယ် ဆိုရင် …
အဲ ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေငြာ ….
ဘာမှမထူးဘူး ….
စစ်အုပ်ချုပ်ရေး ပြန်လုပ်ရမှာပဲ ….
အရင်လိုပဲ သမိုင်းတစ်ပတ် ပြန်လည်မှာပဲ ...
အာ့တော့ ပြောချင်တာက ….
ဒါတွေ စစ်တပ်မပါဘဲ အရပ်သားကပဲ လုပ်နိုင်လား …
လုပ်လို့ ရလား….
ခင်ဗျားတို့ ၂၀၁၅ ....
ဘယ်သူ သမ္မတ ဖြစ်ဖြစ် စိတ်ကိုမ၀င်စားတာ …
အေး စစ်တပ် စိတ်ဝင်စားတာက …
သူ က လက်တွေ့ မြေပြင်မှာ လုပ်ရမယ့်ကောင် ….
တက်လာမယ့် သမ္မတက သောက်တလွဲ လျှောက်လုပ်ရင် …
သူ့  စစ်သည်တွေ အများကြီး အသက်နဲ့  လဲရမှာ …
အာ့တော့ သူ့ သေရေးရှင်ရေးကိစ္စ …
သူ့ သဘောထားကို ....
လွှတ်တော်ထဲ တင်ပြ ဆန္ဒပြုခွင့် ရထားချင်တယ် ….
ပြည်တွင်းစစ် မပြီးမချင်း ဘယ်နိုင်ငံရေးပါတီမှ ….
အာဏာကို အပြည့်အ၀ ရမယ် မထင်နဲ့  …
စစ်တပ်က ၀င်ပါနေအုန်းမှာပဲ ….
ဒိမီုကရေစီ နဲ့ မညီဘူး ….
အေး ... မညီတော့ --- ဖြစ်လား….
စစ်ဖြစ်နေတဲ့  ဘယ်နေရာ ဘယ်တိုင်းပြည်မှာ ..
ဒီမိုကရေစီ နဲ့  ညီသတုန်း …
ခင်ဗျားတို့  သတ္တိရှိရင် ….
ပန်ဆန်းမှာ ၄၃၆ လက်မှတ် သွားကောက်ပါလား ….
ကေအန်ယူ နယ်မြေမှာ ….
လူ့ အခွင့်အရေးနဲ့  မညီဘူး သွားပြောပါလား….
ကေအိုင်အေ ဗိုလ်ချုပ်တွေ သစ်မခုတ်သင့်ဘူး ဆန္ဒပြပါလား …
ခင်ဗျားတို့ စတိတ်စင်လေး ထိုးပြီး ….
တစ်မတ်သားကို ထိကပါး ရိကပါး ပုတ်ခတ်နေမယ့်အစား …
လက်တွေ့ ကျကျ ဘာလုပ်သင့်တယ် ဆိုတာ ....
ကွကို စဉ်းစား….
တော်လှန်နိုင်လား တော်လှန်လိုက် …
စစ်တပ်ကို ဖျက်ပြစ်လိုက် …
အစက ပြန်ဖွဲ့ လိုက်…
စစ်သားလူထွက် ပါ မချန်နဲ့  ....
ကျုပ်ကစလို့  အကုန် ထောင်ချလိုက် …
သတ်ပြစ်လိုက် ....
အေး …မလုပ်နိုင်ဘူးနော် …
ဒါဆို ပူးပေါင်းလိုက် ….
ရိသလိုလို ထေ့သလိုလို ကိစ္စတွေရပ် …
၂၀၀၈ ကို ပြန်ဆန္ဒ ခံယူပါ့လား ....
ဘာလား ညာလား ....စကားနာထိုးမနေနဲ့ …
ခွီးပဲ ….
တစ်မတ်သားက ....
ဟိုကမှ သူ့ စိုးရိမ်မှုနဲ့ သူ…
စိတ်ပူလို့  ထည့်ထားပါတယ်....
အခု မထွက်နိုင်သေးပါဘူး ဆိုမှ …
လူနာ အမဲခြောက်တောင်းသလို တကျီကျီ နဲ့  …
နားညည်းလို့ 
ရဲမိုး
အခုရေးတာမဟုတ် ၊ လွန်ခဲ့တဲ့  ငါးနှစ်က ရေးခဲ့တာ
အခုကတော့ ကြိုက်တာသာ လုပ်ကြ
လက်ပိုက်ပဲ ကြည်