ဘိုလိုညာလာ

klone(40)
Published in
#esteem
Words
210
Reading
1 min
Listen
Play
8y

မိတ်ဆွေအပေါင်း နေထိုင်ကောင်းကြပါစ။
နေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်း သားမောင် ဆုတောင်းပေးပါသည်။
အလားတူစွာ သားမောင်လည်း နေကောင်း၊ ကျန်းမာ၊စိတ်ချမ်းသာနေ၏။
မိတ်ဆွေအများပို့သသည့်မေတ္တာ သားခံယူရသည်လို့ သဘောပိုက်ထားပါသည်။
image
တစ်နေ့ဆီက သားတို့မာမား ငြိမ်းချမ်းရေးစကားဝိုင်းလုပ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်းဆိုသော်ငြား သေနတ်ကိုင်သူတွေတော့ မပါကြဘူးပေါ့။
ပြည်သူတစ်ယောက်အမေးစကားမှာ ကျန်းမာရေးဝန်မင်းဖြေကြားတာ အများမှတ်မိကြသည်မဟုတ်လား။
ဆေးတွေပိုနေသည့်အတွက် သက်တမ်းတောင်လွန်ကုန်သည်လို့ သူဖြေသွားသည်ပေါ့။
ထိုစကားအတွက် ဖေ့စဘုတ်မှတစ်ဆင့် ၀န်မင်းက ပြန်တောင်းပန်၏။
မြန်မာဘာသာအတွက် သူအခက်အခဲရှိလို့ ဘိုလိုရေးတာ ဘာသာပြန်ပေးသူရှိ၍ သားတို့နားလည်ကြရသည်။
လက်ထက်တော်ကြီးမှာ ပြောပြီးမကြာ ပြန်တောင်းပန်ရတာ အတော်ခေတ်စားသလား။
တောင်းပန်တာ၏ မူလအကြောင်းမှာ အမှား ဆိုတာ မမေ့စေလိုဘူးပေါ့။

သားမောင်တို့မြန်မာမှာ ငြိမ်းချမ်းရေးအတွက် အတော်အားထည့်နေ၏။
သေနတ်သံကို တီဗီထဲမှာ ကြားဖူးသူတွေက ဘောလုံးပွဲသာမက စကားဝိုင်းတွေပါသလို ပါဖောင့်မန့် ဆိုတာတွေလည်းလုပ်ကြသည်ပေါ့။
သေနတ်ကိုင်ထားသူတွေကတော့ စစ်တွေတိုက်ကြသည်။
ယနေ့လည်း တနိုင်းမြေဘက်မှာ သေနတ်တွေကိုင်ပြီး စစ်တွေတိုက်ကြသည်ပြော၏။
တလောလေးက တံတားညီနောင်ကိစ္စ သွေးကြွေးပြန်ဆပ်တာလို့ ဆိုသူကဆိုကြသလား။
KIA သောက်ကျင့်အရ သူတို့ခံရသည့်အခါ အရပ်သားတွေ ဖမ်းပါသည်တို့ သတ်ပါသည်တို့ အသံတွေထွက်လာပြန်သည်။
လေယာဉ်အပစ်မှာ ငြိမ်းချမ်းရေးလိုချင်ပါသည်လို့ လာနိုင်သေးသလား။
ဗူးထဲထည့်လို့ရအောင် အမှုန့်ပါ ကြိတ်လိုက်စေလိုပါသည်။

မကြာမီကာလ မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလကို ရောက်တော့မည်။
အများသူငှာကတော့ ခြိမ့်ခြိမ့်သည်းဆင်နွှဲရန် ပြင်ဆင်နေကြသည်။
ပြင်ဆင်နေကြသည့်အထဲမှာ နေရာအလိုက် အထာလေးတွေကွာ၏။
အချို့က ထီးမိုးပြီးသင်္ကြန်လုပ်ရန်ကြံကြသလို အချို့ကကျ လမ်းလျောက်ကြမည်ဆိုသလား။
ထူးထူးခြားခြား သဲသောင်မှာသင်္ကြန်ကျမည့်သူတွေလည်းပါသေးသည်။
စတိုင်အမျိုးမျိုးကြားမှာ စစ်ကိုင်းက တစ်မှတ်ပိုသည်ပေါ့။
ဆောင်ရွက်နေမှု စစ်ဆေးရာမှာ လှည်းယာဉ်ဖြင့် စစ်ပြသည်လေ။
နှစ်ခုသောနေရာမှာ တူညီမှုတွေ ဖြစ်သွားတာလည်းကြား၏။
လက်ထက်တော်ကြီးအား ကြည်ငြိုလွန်းလှသည့် လေနတ်သား အခစားဝင်သွားသည် မဟုတ်လား။
ကြည်ငြိုမှုအတိုင်းအတာလည်း အတော်များလှပါသည်။

သားရေကြိုးတစ်ပြားများကိစ္စ ဖေ့စဘုတ်ထက်မှာ သောသောညံနေ၏။
မြန်မာအာမီက ခပ်ပြင်းပြင်းလေးတီးပြလိုက်တာ အတော်အံ့အားသင့် ရသည်မဟုတ်လား။
တပ်ဖွဲ့ဝင်များအား ထောင်ဒဏ် ၁၀ နှစ်စီမျှ ချမှတ်အရေးယူသည်လေ။
ထိုသည့်ကိစ္စ ပေါ်ပေါက်အောင် ဖွသွားတာ သားရေကြိုးတစ်ပြားတော့ မဟုတ်ဘူးပေါ့။
အနှီသော လေးချောင်းထောက် နွားနှစ်ကောင်က သူတို့ကို လွှတ်ပေးရမည်လို့ တရားခွင်မှာ လျောက်လဲကြသည်။
တရားရုံးက ခွင့်မပြုသည့်အခါ ခွေးမသားတွေက အော်သလား။
အန်ကယ်ဆမ်တို့နိုင်ငံကပါ လွှတ်ပေးရန်အတွက် ကြေညာချက်ထုတ်လိုက်သေး၏။
အခုလိုအခြေအနေများကြားမှာ ဒူတာတေးကို သား လွမ်းပါသည်။

သားရေကြိုးတစ်ပြားများ နှိပ်စက်သည့်ဒဏ် မြန်မာတွေအတော်ခံရ၏။
တိုင်းရင်းသားများက အနေအစားပျက်ယုံသာမက အသတ်ခံရတာတွေလည်း မနည်းလှပါ။
လုံခြုံရေးတပ်ဖွဲ့ဝင်များကတော့ အသတ်မခံရပါက ထောင်ကျသူတွေ ကျကြသည်ပေါ့။
ထိုနှယ်နှိပ်စက်ခဲ့သည့်သားရေကြိုးတစ်ပြားများအတွက် အစိုးရမင်းများ အားထည့်ကူညီချက် လက်ဖျားခါလောက်သည်။
သူတို့အမေ့လင်နိုင်ငံရောက်နေတာတောင် သားမောင်တို့ဆီက ဇီဒရိုးဘတ်ဂျက်ကြီးက ယနေ့သွားတွေ့သည်မဟုတ်လား။
သားရေကြိုးများက ဒုက္ခိတတွေ တန်းစီထွက်တွေ့ကြသည်တဲ့။
သားရေကြိုးများ မာယာကြွယ်တာ ဇီးရိုးကြီး သိမည်တော့ ထင်ပါသည်။

အခြေအနေအရ ယခုနှစ်သင်္ကြန်ပွဲ သားမောင် လွဲရပြန်ပါသည်။
တောသင်္ကြန်အား ဒုတိယအကြိမ်မြောက်ခံစားခြင်းလို့ပြောနိုင်သည်ပေါ့။
မြို့ပြများမှာ မဏ္ဍပ်တွေ ပြင်ကြသလို သားမောင်တို့လည်း ပြင်ဆင်တာတော့ လုပ်နေကြ၏။
ရေရှားသည့်အတွက် စတုဒီသာမျှသာ ပြင်ဆင်စားသောက်ကြမည်လေ။
သင်္ကြန်ကာလ ၅ ရက်တာအထိ စတုဒီသာအား မထပ်အောင် ပြင်ဆင်ထားသလား။
သားမောင်တို့ ညီနောင်များ ရေမကစားရသည့်တိုင် သင်္ကြန်ပွဲ၏ အငွေ့အသက်တော့ ပါအောင်ပြင်ထားပါသည်။
အလျဉ်းမသင့်သည့်အတွက် ဖိတ်ကြားတာကို လေလှိုင်းမှသာ လုပ်လိုက်နိုင်သည်ပေါ့။
နောက်နှစ်တော့ အတည်တကျ ကျွေးမွေးပြနိုင်မည်ထင်ပါသည်လေ။

ယနေ့အတွက် သတင်းတင်ပြတာ နားပါတော့မည်။
နောက်နေ့ပြန်ဆုံကြပါစို့။
ကျေးဇူးတင်ပါသည်။

ဘိုလိုညာလာ | Ecency