ကိုယ့်အလုပ်ကိုလုပ်

Words
81
Reading
1 min
Listen
Play
8y

j0d9u9tg4h.jpg

Credit Image To Google Search

အခြားသူတစ်ယောက်ရဲ့အလုပ်ကို ၀င်ပီးစွက်ဖက်တာထက် ကိုယ့်အလုပ်ကို ဂရုစိုက်ဖို့အရေးကြီးတယ်……….
မြတ်ဗုဒ္ဓက သူတစ်ပါးအပြစ်ကိုမကြည့်နဲ့……. ကိုယ်လုပ်သင့်တဲ့အလုပ်ကို ပြုလုပ်ခြင်း မပြုလုပ်ခြင်းကိုသာ ဂရုစိုက် လို့မိန့်မှာခဲ့တယ်………..
သူတပါးအပြစ်ကိုကြည့်နေရင် အကုသိုလ်များတယ် အကုသိုလ်တိုးတယ်တဲ့…………
သူတပါးအပြစ်ကိုသာမြင်သူအတွက် ကုသိုလ်မတိုး အကုသိုလ်တိုးသတဲ့…………………..
အခြားသူအပြစ်ကို မြင်ဖို့လွယ်ပေမဲ့ ကိုယ့်အပြစ်ကို မြင်ဖို့မလွယ်ကူ အင်မတန်ခဲယဉ်းတယ်………….
လူကောင်း လူတော်တွေက မှန်ကန်တဲ့လမ်းစဉ်အမြဲကျင့်သုံးတတ်ကြတယ်…………..
ခိုင်မာတဲ့စိတ်ဓာတ်တွေရှိတတ်ကြတယ်………….
ပြစ်တင်ကဲ့ရဲ့တာတွေကို ဘယ်သူမှရှောင်လွဲလို့မရ……………….
စကားများရင်လည်း ကဲ့ရဲ့ စကားနည်းရင်လည်း ကဲ့ရဲ့ စကားမနည်းမများပြောရင်လည်း ကဲ့ရဲ့…………
ဒီတော့ သူများကိုမကြည့်ပဲ ကိုယ့်အလုပ်ကို လုပ်ရင် အကောင်းဆုံးပဲ………………..
သူတပါးကို ကဲ့ရဲ့တယ်ဆိုတာက ကိုယ့်အားနည်းချက်ကို ဖော်ပြနေသလိုပါပဲ…………………
ကောင်းတဲ့အလုပ်မဟုတ်လို့ မလုပ်သင့်………….
ချမ်းသာပျော်ရွှင်ပီး အောင်မြင်ချင်ရင် သူတပါးကို ကဲ့ရဲ့တာမလုပ်နဲ့………….
ဒါက ကိုယ့်အလုပ်ပါပဲ……….. ကိုယ့်အလုပ်ကို ဂရုစိုက်ကြည့်ရင် သူတပါးကို ကြည့်ပီးဖြစ်တယ်………….
အနာဂတ်ကို တွေးမပူနဲ့ ပီးသွားတဲ့အတိတ်ကို သတိရပူပန်မနေနဲ့ လက်ရှိအလုပ်ကို အာရုံစိုက်လုပ်…………..
အမှန်တရားကို လက်ကိုင်ထားပီး စိတ်ကောင်းလေးတွေ မွေးထားပါ……………
အမှန်တရားကို လက်ကိုင်ထားပီး သူတပါးကို မကဲ့ရဲ့ မနှိပ်ကွပ် မနှိပ်မိစေနဲ့…………………
ကိုယ်လည်း အမှားမကင်းနိုင်ဘူး…………….
ကိုယ့်တိုင်ရဲ့အလုပ်ကို ဂရုစိုက်လုပ်နိုင်ပါစေ……….
kingorcasteem@kingorcasteem

ကိုယ့်အလုပ်ကိုလုပ် | Ecency