ငါ့မုန့်ကို ယူစားတဲ့သူ

kikolay(32)
Published in
#kaung
Words
118
Reading
1 min
9y
Listen to this post
~1 min

တစ်ခါက မောင်မောင်သည် သင်္ဘောဖြင့် မြစ်ကို ကူးရန် သူ့ကားကို သင်္ဘောပေါ်က ကားရပ်နားရမည့် နေရာတွင် ကားကိုရပ်ပြီး သင်္ဘော ကုန်းပတ်ပေါ်သို့ တက်ခဲ့သည်။ သင်္ဘောပေါ်သို့ မတက်မီ လမ်းခုလတ်တွင် သူသည် ပေါင်မုန့်ငါးခုပါ ဗူးတစ်ဗူးနှင့် သတင်းစာတစ်စောင် ဝယ်ခဲ့သည်။ သင်္ဘောကုန်ပတ်ပေါ်သို့ရောက်သည်နှင့် သင်္ဘောပေါ်က လက်ဖက်ရည်ဆိုင်တွင် ထိုင်လေသည်။ လက်ဖက်ရည်ဆိုင်က လူပြည့်နေလေသည်။
သို့သော် စားပွဲတစ်ခုတွင် တစ်ယောက်တည်း ထိုင်နေသောသူ တွေ့သောကြောင့် ခွင့်တောင်းကား ထိုစားပွဲတွင် ထိုင်လိုက်လေသည်။ ထို့နောက် လက်ဖက်ရည်မှာပြီးလျှင် ဝယ်လာခဲ့သော ပေါင်မုန့်ဘူးကို ချပြီး သတင်းစာဖတ်နေလေသည်။ ထိုနောက် သူနှင့် အတူထိုင်နေသော သူမှာ မောင်မောင့် အားခွင့်မတောင်းဘဲ ပေါင်မုန့်အား ယူစားလေသည်။ ထိုအခါ မောင်မောင်က ထိုသူအား တစ်ချက်ကြည့်လိုက်လေသည် ထို့နောက် မောင်မောင်ကလည်း ပေါင်မုန့် တစ်ခု ယူစားလေသည် ထိုသူကလည်း မောင်မောင့်အား တစ်ချက်ကြည့်လေသည်။ ထို့နောက် ထိုလူသည် ပေါင်မုန့် နောက်တစ်ခု ထပ်ယူစားလေသည်။ မောင်မောင် အရမ်းဒေါသထွက်သွားလေသည်။ သို့သော် ဘာမှမပြောဘဲ စိတ်ဆိုးသော အကြည့်ဖြင့်သာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် မောင်မောင်ကလည်း မုန့်တစ်ခု ထပ်ယူစားလိုက်လေသည်။ နောက်ဆုံးတွင် ထိုလူက နောက်ဆုံးကျန်သော မုန့်တစ်ခုကို ယူစားလေသည် မောင်မောင်လည်း အရမ်းဒေါသထွက်ကာ ပိုက်ဆံရှင်းပြီး စိတ်ပြေလက်ပျောက် ကုန်ပတ်ပေါ်သို့ လေညှင်းခံ ထွက်ခဲ့လေသည်။
နောက်ဆုံးတွင် မြစ်တစ်ဖက်ကမ်းသို့ ရောက်လေသည်။ ထို့နောက် မောင်မောင်သည် ကားရပ်ထားရာနေရာသို့ ပြန်လာလေသည်။ မောင်မောင်သည် ကားထဲသို့ ဝင်လိုက်သည် နှင့်တပြိုင်နက် သူဝယ်ထားသော ပေါင်မုန့်ဘူးကို တွေ့လေသည်။ ထိုအခါ မောင်မောင်သည် သူပေါင်မုန့်ဘူးကို ဘယ်တုန်းကမှ မယူခဲ့ဖူးဘူးဟု သိသွားလေသည်။ ထိုအခါ မောင်မောင်သည် မျက်နှာ နီရဲလာပြီး သူနှင့် လက်ဖက်ရည်ဆိုင်တွေ အတူထိုင်လာသောသူအား လွန်စွာ အားနာမိလေသည်။