မခက်​ခဲပါဘူး​လေ....

Words
38
Reading
1 min
Listen
Play
9y

မခက်ခဲပါဘူး ဒါပေမယ့်
သေရဲ သတ်ရဲရုံလောက်နဲ့တော့
ဖြစ်မယ်မထင်ပါဘူး....လေ
image
ရောင့်ရဲလွယ်နေရတဲ့
လစာတစ်ချို့ကြောင့်
ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်းရှိတဲ့
💖နှလုံးသားတစ်စုံလည်း
လိုအပ်ပါသေးတယ်.....လေ
image
တန်ဖိုးဖြတ်မရတဲ့ ပေးဆပ်မှုအတွက်
ပျော်နေမယ်လို့ မှတ်ယူမလား
မြင့်မြတ်ပါတယ်
တန်ဖိုးကြီးပါတယ်ဆိုတာ
ဈေးပေါပေါသကြားလုံးတစ်ခဲလောက်
တခါတလေမှာ မချိုချင်တော့ဘူး.....လေ
image
ကြည့်ကြည့်နေတဲ့ မျက်လုံးတွေ
ခြေထောက်တွေကို
ရိုက်ချိုးနေသလိုမို့
တစ်ယောက်တည်းတောင်
လမ်းထွက် မလျှောက်ဘူး.....လေ
image
အဖူးအပွင့်ကောင်းတွေ
ဝေဆာမှာကို လိုချင်ရင်
မြေကြီးအောက်က
အမြစ်ကလေးတွေကိုတော့
ရေအရင်လောင်းပေးဖို့
တစ်ခုတော့ သတိရပေးပါ.....လေ
image

Please Follow Me@khonkhon

မခက်​ခဲပါဘူး​လေ.... | Ecency