"" အသက်ကြီးသော အခါ ""

Words
59
Reading
1 min
Listen
Play
9y

"" အသက်ကြီးသော အခါ ""

၁။ မျောက်လို လှုပ်ရှားပါ

အသက်ကြီးလာလျှင် လှုပ်လှုပ်ရှားရှားနေရပါတယ်၊
ငြိမ်ကုတ်နေတာဟာ
ရောဂါတွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ ။

၂။ ကြောင်လို စားပါ

အသက်ကြီးလာတာနဲ့ အမျှ အစာခြေဖျက်မှု့တွေ နှေးကွေးသွားပြီဖြစ်လို့
တစ်ခါစားရင် နည်းနည်းနဲ့အကြိမ်များများ စားပေးပါ။
လူငယ်တွေလို တစ်ထိုင်တည်း အဝ စားလို့မရတော့ပါဘူး။

၃။နွားလို ရေသောက်ပါ

အသက်ကြီးလာလျှင် သွေးလည်ပတ်မှုနဲ့ဝမ်းမှန်အောင်
ရေကိုများများ သောက်ပေးရပါမယ်။

၎။ လိပ်လို လျှောက်ပါ

အသက်ကြီးလာတာနဲ့အမျှ သွားလာလှုပ်ရှားတဲ့ အခါ ခြေချော်မလဲစေဖို့ ဖြေးဖြေးနဲ့မှန်မှန် လမ်းလျှောက်ပေးရပါတယ်။

၅။ တုတ်ထောက် မပျင်းပါနှင့်

လဲပြိုမှု့မဖြစ်ရလေအောင် တုတ်ကောက်ဆောင်ရပါမယ်။
လဲပြိုသွားခဲ့ရင် ပြန်ကောင်းဖို့မလွယ်ကူတော့ပါဘူး။
တုတ်ကောက်ဆောင်ထားခြင်းက တော်တန်ရုံ လဲပြိုမှု့ကို မဖြစ်စေတော့ပါဘူး။
image
Credit......
Please Follow Me khonkhon@khonkhon

"" အသက်ကြီးသော အခါ "" | Ecency