Traditional House

Words
65
Reading
1 min
Listen
Play
8y

ဝမ်ထန်လု ရွာမှရိုးရာအိမ်လေးတွေပါ တစ်ရွာလုံးအိမ်ခြေ 9လုံးဘဲရှိတယ် ဒါပေမဲ့မိသားစုပေါင်း 51စုရှိပါတယ် တစ်အိမ်ထဲးမှာ မိသား(6)ပေါင်းနေကြတယ် အိမ်လယ်မှာ သုံးထပ်ကြပ်ခိုးစင်နဲ့ မီးဖိုတွေ နှစ်ခု သုံးခုတွေ့ရပါလိမ့်မယ် မီးဖိုကြီးမှ ဖိုခနှောက် သုံးဖိုထားရှိသားစု3စုရှိပြီး အနည်းဆုံးတစ်အိမ်မှာမိသားစု6စုစုပေါင်းနေထိုင်ကြတယ် ရန်ဖြစ်ခြင်း အစားသောက်လုစားခြင်းလုံးဝမရှိပါဘူး သူဖိုသူချက်ပြီးလုပ်ကိုင်စားသောက်ကြတယ် သူအိမ်ရာအိမ်အောက်မှာ အဲ့မိသားစုနဲ့သက်ဆိုင်တဲ့ ကြက်တို့ ထင်းတို့ကိုသူ့အကန့်နဲ့သူထားကြတယ် အိမ်ကိုအဓိကသစ်နဲ့ဆောက်လုပ်ကြပြီး အမိုးကိုသင်ငယ်နဲ့မိုးတယ် မြို့ကရွာတွေလိုသက်ငယ်ကို အချပ်လိုက်မပစ်ဘဲ အငယ်အရင့်ကိုအစည်းလိုက်ချိုးပြီးမိုးထားကြတယ် ဒီလိုအမိုးမျိုဟာ အနည်းဆုံး၁၀နှစ်အနှစ်နှစ်ဆယ် ခံပါတယ် အခုခေတ်မှာ သက်ငယ်(သက်ကယ်)ပင်ရင့်ရင့်တွေတောနက်ထဲမှာရှားပါးလာပြီး ကျွဲးနွားစားကုန်တာကတစ်မျိုး အစည်းလိုက်မိုးတာကြောင့် သက်ငယ်အများကြီးလိုအပ်တာကြောင့်သွပ်တွေအစားထိုးမိုးလာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဒါ့အပြင်အိမ်အလယ်တိုင်မှာ ရှမ်းစက္ကူတံခွန်အဖြူကို ထိုးထားတာများစွာလည်းမြင်တွေ့နိုင်ပါတယ် အဲ့တံခွန်ကို ရေတွက်ကြည့်ရုံနဲ့ သူတို့နေထိုင်တဲ့အိမ်သက်တမ်းကို တွက်ယူလို့ရပါတယ် တစ်နှသ်ကိုတံခွန်တစ်ခုထိုးထားကြတာဖြစ်ပါ အိမ်ကို ဝရန်တာနှစ်ဘက်ထွက်ထားတယ် ဒီဘက်ခြမ်းနီးသူက ဒီဘက်ဝရံတာထွက်ပြီး ဟိုဘက်နီးသူကဟိုဘက်ခြမ်းဝရံတာကိုအသုံးပြကြပါတယ်
ဒါ့အပြင် စပါးကျီကို ရှမ်းအိမ်တွေလို အိမ်မှာတွဲမထားဘဲ ရွာပြင်တစ်နေရာမှာသီးသန့်အိမ်လေးတွေစောင့်ပြီးစပါးတွေသိုလှောင်ကြပါတယ် ဘာလို့တစ်အိမ်တည်းကိုမိသားစုအများကြီးပေါင်းနေလဲဆိုတော့ တောနက်ထဲနေတာကြောင့် တောရိုင်းတရိစ္ဆာန်ရဲ့ဘေးအန္တရာယ်နဲ့ ရန်သူအန္တရာယ်ကို စုပေါင်းကာကွယ်နိုင်စေဖို့ တစ်စုတစ်စည်းတည်းနေထိုင်ကြတာဖြစ်ပါတယ် စပါးကျီကိုအိမ်နဲ့တွဲမထားတာက အိမ်မီးဘေးသင့်ရင် အစာရေစာငတ်မွတ်မှုဘေးကနေကင်းလွှတ်အောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။22365368_710658305784665_7810794223610453774_n.jpg22365393_710658285784667_7142365674789628989_n.jpg22365368_710658305784665_7810794223610453774_n.jpg

Traditional House | Ecency