☘️ Trader Life ကနေပေးတဲ့ ဘဝသင်ခန်းစာ (၈)ချက် ☘️
အပိုင်း (၁)
Trader တစ်ယောက်အနေနဲ့ နိုင်ငံတကာဈေးကွက်တွေထဲကို ဝင်ရောက်ခဲ့တဲ့ အချိန်ကာလတွေကို ပြန်လှည့်ကြည့်ရင် ဘဝမှာကြီးကြီးမားမားပြောင်းလဲပြီး လူနေမှုပုံစံအပေါ် သက်ရောက်မှု အရမ်းများခဲ့တာကို တွေ့ရပါတယ်။ အကြီးအကျယ်ကို ပြောင်းလဲသွားစေခဲ့တာပါ။
အတွေးအခေါ်အယူအဆတွေ၊ လုပ်ပုံလုပ်နည်းတွေ၊ ကိစ္စတစ်ခုခုပေါ် မြင်တဲ့အမြင်တွေက အစ လုံးဝကို ပြောင်းလဲသွားခဲ့တာပါ။ Trader တစ်ယောက်ဖြစ်ဖို့ အရင်က ယုံကြည်ခဲ့တဲ့အရာတွေရဲ့စိန်ခေါ်မှုတွေကို ကြုံခဲ့ရပြီး၊ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကိုပါ လုံးဝပြောင်းလဲပစ်ခဲ့ရပါတယ်။
ဘဝရဲ့ ကျန်တဲ့ လူနေမှုပုံစံကိုပါ Trader Life နဲ့ကိုက်ညီအောင် အကုန်ဟန်ချက်လိုက်ညှိခဲ့ရပါတယ်။ Trading Life ထဲကို စဝင်လာတဲ့သူတွေအတွက်ရည်ရွယ်ပြီး ကိုယ်ရခဲ့တဲ့ သင်ခန်းစာတွေကို မျှဝေဖို့အတွက်ရည်ရွယ်ပါတယ်။
✅ ၁။ အမှားလုပ်ခြင်းဟာ အဆင်ပြေပါတယ် ✅
ငယ်စဉ်ကျောင်းသားဘဝမှာ သင်ကြားတဲ့ပုံစံကမှန်တာပဲကောင်းတယ်၊ အမှား ဆိုတာကောင်းတဲ့အရာမဟုတ်ဘူး ဆိုတာ belief ပါပဲ။ အဲဒီအစွဲဟာ လက်တွေ့ဘဝမှာ အမှားကိုလက်ခံဖို့၊ ဝန်ခံဖို့ ဆိုတာကိုခက်ခဲသွားစေတာပါပဲ။
ဒါပေမယ့် Trading Life မှာတော့ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ မကြာခဏ မှားတတ်ကြပါတယ်။ အကောင်းဆုံး၊ အတော်ဆုံး Trader တွေတောင် အချိန်တစ်ခုရဲ့40-60% လောက်ထိ အမှားလုပ်မိတတ်ပါတယ်။ ဘဝဆိုတာ အမှတ် ၁၀၀ ဘယ်သူမှမရတဲ့ သင်ခန်းစာပါပဲ။
Trader တစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးက အမှားလုပ်မိပြီ၊ ကိုယ့်လုပ်ဆောင်ချက်မှားသွားပြီဆိုပြီး သေချာခံစားသိလာရင် မိမိရဲ့ အစွဲ၊ ထင်မြင်ချက်၊ အတ္တတွေကို ဖယ်ရှားပြီး ကိုယ်မှားတာဟုတ်မဟုတ် သေချာစစ်ဆေးပြီး အမှားကိုလက်ခံလိုက်ဖို့ပါပဲ။
အမှားကို လက်မခံဘဲနဲ့ Floating လို့ခေါ်တဲ့ ကာလရှည်အမှားမှာ မျောနေလိုက်ရင် မိမိရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ တစ်ချီချီမှာ အကုန်လုံးဘာမှမကျန်အောင် ကြောက်မက်ဖွယ်ဆုံးရှုံး သွားပါလိမ့်မယ်။
အမှားကို လက်ခံခြင်း၊ ရပ်တန့်ခြင်း ဆိုတဲ့အပေါ်ထားရှိတဲ့ အမြင်ကို မပြောင်းနိုင်ရင် အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းမရှိတော့ပါဘူး။
တကယ်တော့ မှန်တယ်/မှားတယ် ဆိုတာ အချက်တစ်ချက်ပါပဲ။ ဘာမှမဟုတ်သေးပါဘူး။ အဲဒီ မှန်ပြီ/မှားပြီဆိုတဲ့အပေါ် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ညှိတုန့်ပြန်တတ်ဖို့ကသာ အရေးကြီးတာပါ။
အဓိကပြောလိုတာက ဘယ်သူမဆို မမှားတဲ့ Trader မရှိပါဘူး။ အဲဒီအမှားကို ရပ်တန့်ပစ်ဖို့ မှန်ကန်တဲ့လုပ်ဆောင်ချက် လုပ်နိုင်ခြင်း/မလုပ်နိုင်ခြင်း ကသာ အောင်မြင်မှု/ကျဆုံးမှု ကိုအဆုံးအဖြတ်ပေးသွားတာပါ။
မှားပြီလို့ သေချာသိရင် အကောင်းဆုံး ရပ်တန့်ဖို့ကြိုးစားပါ။ အနားယူပါ။ ပြီးမှ မှန်မှန်ကန်ကန် ပြန်လည်စတင်ဖို့ ကြိုးစားပါ။ အောင်မြင်တဲ့ Trader တွေဟာ မမှားတာမဟုတ်ပါဘူး။ အမှားမှာ နစ်မျောမနေတာပါ။ အမှန်ကို ဘယ်လို ပြန်ပြင်ရမလဲ ဆိုတာကို တတ်ကျွမ်းကြပါတယ်။
Photo from google