Trader Life

Words
244
Reading
2 min
Listen
Play
8y

☘️ Trader life ကနေ ပေးတဲ့ဘဝသင်ခန်းစာ (၈) ချက် ☘️ အပိုင်း (၃)

Forex Trader တစ်ယောက်မဖြစ်ခင်တုန်းက ကျွန်တော်ဟာ သတင်း news တွေကို ဖတ်ရတာ အလွန်သဘောကျသူပါ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တွေကို စုံစုံလင်လင် ဖတ်ရှုရတာကို နှစ်သက်သူပါ။

Trading စလုပ်ကာစ Beginner ဘဝအစောပိုင်းမှာလည်း တစ်နေ့တစ်နေ့ မရိုးနိုင်တဲ့ သတင်းများစွာထဲ နစ်မြုပ်ခဲ့ဘူးပါတယ်။

အခုအချိန်မှာတော့ ကျွန်တော် Training တွေမှာ၊ Coaching Session တွေမှာ အဲဒီ News သတင်းတွေကို " Noise " အနှောက်အယှက် တွေလို့ပဲခေါ်ပါတယ်။
Market Timing ကို ချိန်ရအောင် ဘယ်နေ့မှာ ဘယ် Big Event တွေရှိတယ်၊ ဒီလ ဘယ် အပါတ်က " Busy Week " စတဲ့ ရက်စွဲလေး တစ်ချက်ကြည့်တာလောက်ကလွဲရင် News တွေကို လုံးဝ(လုံးဝ) ကို အဖက်မလုပ်တာပါ။

ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ strategy နဲ့ ကိုယ့် trading plan ကို ထိခိုက်အောင် ဒီ News ( Noise ) တွေက ဘယ်လောက်နှောက်ယှက်တယ်ဆိုတာ အပြည့်အဝ နားလည်ကတည်းက ဒီ Noise တွေနဲ့ ကင်းကင်းနေမိသွားတာပါ။ Market က ဘာပြောသလဲဆိုတာကိုပဲ ၁၀၀% အာရုံစိုက်ခဲ့တဲ့အတွက် Noise ( News) တွေ နဲ့ ကင်းကွာခဲ့တဲ့နှစ်တွေမှာ ဘာမှ မယုတ်လျော့တဲ့ အပြင် အများကြီးတိုးတက်လာခဲ့ပါတယ်။

ကျွန်တော် Professional တစ်ယောက်ဖြစ်လာခဲ့တဲ့လမ်းကြောင်းမှာ သင်ဆရာတစ်ယောက်၊ မြင်ဆရာ၊ ကြားဆရာ အချို့နဲ့ ကမ္ဘာ့အဆင့် Coach တစ်ယောက် နဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။ သူတို့အားလုံး မှန်ကန်စွာ အောင်မြင်မှု ရနိုင်မယ့်လမ်းကို ပြတဲ့အတိုင်း လျှောက်နိုင်ခဲ့ရာမှာ ဘာ News အကြောင်းမှ မပါခဲ့ပါဘူး။

မိတ်ဆွေတို့လည်း Professional Forex Trader တစ်ယောက် အနေနဲ့ တကယ်အောင်မြင်ချင်တယ်ဆိုရင် ...

ကိုယ် ဘယ်လမ်းကြောင်းကနေ ကြိုးစားမှာလဲ ပြတ်သားစွာ သိဖို့လိုအပ်ပါတယ်။ တစ်ခုဆို တစ်ခု ( တစ်ခုတည်း ) ကို ၁၀၀% ကျွမ်းကျင်တတ်မြောက်အောင် သင်ယူပြီး အကြိမ်ကြိမ် လေ့လာလေ့ကျင့်ဖို့ လိုပါတယ်။

အဲဒီလို မဟုတ်ဘဲ " ဘယ်တော့မှ မရှုံးမယ့် တစ်ခုခု " ဆိုတဲ့ မသိစိတ်ရဲ့ လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်မှုမျိုးနဲ့ ဟို Noise ကို ယောင်လိုက်၊ ဒီ Noise နဲ့ emotion များလိုက်ဖြစ်ပြီး Market ကို သေသေချာချာ မလေ့လာဘဲ၊ facebook ပေါ်က trading page တွေ၊ youtube က တွေ့သမျှ lesson video တွေပေါ် ပြေးလွှားရှာဖွေနေမယ်ဆိုရင်အမြဲတမ်း အချိန်တွေသာ ကြာလာပြီး အရှုံးကိုပဲ ရင်ဆိုင်နေရပါလိမ့်မယ်။

" Noise " တွေများများရှိတဲ့ နေရာတစ်ခုမှာ သင်နေနေရင် အောင်မြင်မှုနဲ့ အမြဲဝေးနေပါလိမ့်မယ်။

ဘယ် Forex Page ဘယ်လောက်များများ like လုပ်ထားသလဲ ဆိုတဲ့ အရေအတွက်ဟာ သင် ဘယ်လောက်များများ ရှုံးမလဲဆိုတာနဲ့ အတူတူပါပဲ။ ဘယ် professional မှ တွေ့သမျှ Page ကို Like မလုပ်ပါဘူး။ တွေ့သမျှ group အကုန်လျှောက် မ join ပါဘူး။

အောင်မြင်မှုကို တကယ် အစစ်အမှန် ရချင်ရင် Noise ကင်းအောင် တကယ်ကြိုးစား ရုန်းထွက်ပါ။ မိတ်ဆွေ တိုးတက်လာပါလိမ့်မယ်။

Photo from facebook image

Trader Life | Ecency