Movie Review
Reflection
ဒီတစ်ပတ်မှာ ရုံတင်လာတဲ့ ဇာတ်ကားကတော့ လက်ရှိ ရုပ်ရှင် လောကမှာ အမျိုးသားသရုပ်ဆောင် တွေမပါဘဲ စူပါထိပ်တန်းမင်းသမီး တွေပါဝင်ကြတဲ့ ရုပ်ရှင်ကားတစ် ကားအကြောင်း ဆွေးနွေးချင်ပါ တယ်။Reflection ကားဟာ မေ နက္ခတ်၊ မေနိုင်း၊ ကိုကိုးနဲ့ အရိပ် အမျိုးသမီးလေးယောက်တို့ရဲ့ ဖက် ရှင်တွေကို ဦးစားပေးထားတဲ့ အက် ရှင်ဇာတ်ကားတစ်ကားပါ။ ပထမဦး ဆုံး သတိထားမိတာက ဇာတ်လမ်း ကတိုတာပါပဲ။ တင်ပြပုံတွေကောင်း ပေမယ့် အားနည်းချက်တွေ အများ ကြီးပါပဲ။ မေနက္ခတ်က ကိုယ်ပိုင် ရဟတ်ပေါ်က ဆင်းလာပေမယ့် ကိုင်ထားတဲ့အိတ်ကစပြီး သူ့ဂုဏ်နဲ့ ဆို တလွဲဖြစ်နေပါတယ်။ မေနိုင်းနဲ့ ကိုကိုးတို့ရဲ့ ငယ်ဘ၀ကို အပြမျှ ပြ သထားပေမယ့် ကလေးနှစ်ယောက် တက်တူးသွားထိုးတာက ဘယ်က ပိုက်ဆံရပြီး အလွယ်တကူထိုးပေး လိုက်ကြလဲ စဉ်းစားစရာပါပဲ။ မေနိုင်းရဲ့အဖေကို မေနက္ခတ် သတ် ပစ်တာ အမှုကိစ္စကြောင့်လို့ ဖြည့် စဉ်းစားလို့ရပေမယ့် အရိပ်ရဲ့အဖေ အသတ်ခံရတာဟာ ဘာအတွက်လဲ ဆိုတာ တိတိကျကျမသိရပါဘူး။ ဇာတ်စဖွင့်ဖွင့်ချင်း မေနက္ခရဲ့ ဖဲကြိုး ဖြတ်ဖွင့်ပွဲကိုလာတဲ့ မေနိုင်းနဲ့ အရိပ် ကို သက်တော်စောင့်တွေက သတိ မထားမိတာကလည်း အံ့သြစရာပါ ပဲ။ မင်းသမီးတွေရဲ့ ဖက်ရှင်တွေက အပြတ်အသက်လှနေကြပေမယ့် အက်ရှင်ခန်းတွေမှာ မ၀ံ့မရဲနဲ့ တွန့် ဆုတ်တွန့်ဆုတ် အားနည်းချက်တွေ ကို တွေ့ရပါတယ်။ နောက်ဆုံးမှာ မေနက္ခတ်စီးမယ့် ရဟတ်ကို ကိုကိုး က ဘယ်အချိန်က ဗုံးတပ်ထားလဲ မသိရဘဲ ဘွားခနဲပေါ်လာပြီး ပေါက်ကွဲသွားတာက ကြည့်ရသူ တွေအတွက် အံ့သြမှင်သက်စေပါ တယ်။ အချုပ်ဆိုရရင်Reflectionကားက လိုအပ်ချက်တွေရှိပေမယ့် ဖြစ်နေကြပုံစံက ကွဲထွက်ပြီး ဖက်ရှင် နဲ့ အက်ရှင်ကို ကြည့်ရှုသူတွေ အတွက် ကြည့်ပျော်စေတဲ့ ကား ကောင်းတစ်ကားတော့ ဖြစ်ခဲ့ပါ တယ်။