Really Kindness

Words
241
Reading
2 min
Listen
Play
8y

ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်
သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်

  • ဟိုလေ...
    သားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့
    ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ...

" ရပါတယ်သားရယ်
ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက
ယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက်
လုပ်ပေးပါဦး
အော်...ဟင်းချိုနဲ့ ငါးပိရည်လည်း
ထည့်ပေးဖို့မမေ့နဲ့နော်...

ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကို
ကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ်
ကောင်လေးက သူ့ကိုထပ်မှာတယ်

ဟိုလေ...
သားအတွက်နောက်ထပ်
ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်
ထပ်လုပ်ပေးလို့ ရလားခင်ဗျ..

ကောင်းလေးခမျာ ပြောသာပြောနေရတယ်
သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါ....

#ရပါတယ်သားရယ်
ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း

  • သား ညနေကြရင် စားဖို့ပါ....ဦး

ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့
မျက်လုံးနှင့်ကြည့်ပြီး....

အင်း..!ကောင်လေးကြည့်ရတာ မြို့မှာသာ
ကျောင်းလာတက်တယ် အိမ်ကမိဘတွေက
ငွေကြေးအခက်ခဲ ရှိပုံရတယ်...!

အမှန်တကယ်တော့ သူတို့လင်မယားကလည်း
တစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကို
သူများငှားပေးလို့သာ ကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က
သူတို့လင်မယားမှာ ရှိပြီးသားပါလေ...

ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့
သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့ ...

"ရှင်ဘာလုပ်နေတာလည်း ...

#ကောင်းလေးအတွက် ထမင်းထည့်ပေးနေတာလေ

" အော်..ရှင်ကလည်းတုံးလိုက်တာ
ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား
ဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ ဘာလဲ ရှင်က
ကျွန်မမြင်မှာ ကြောက်လို့လား
ကြောက်စရာမဟုတ်တာရှင်
ကျွန်မလည်း စာနာထောက်ထားတတ်တဲ့
မိန်းမသားတယောက်ပါ

#ဟာ...!
ဒီမိန်းမ ဘာတွေလာပြောနေတာလည်း
ဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာ
ရောက်သွားမှာပေါ့ဟ ပြီးတော့လည်း သူရှက်သွားရင်
နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်း

မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီး
ပီတိဖြစ်မိသည် အမလေး ငါ့ယောက်ျားက
သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲ
လူတစ်ယောက်ကို အဖက်ဖက်က
စာနာစိတ်ကလည်း ကြီးမားပါလေရဲ့ .....

ဒီလိုနဲ့ပဲ ကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီး
ကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်
သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုး
မရိုးလေအောင် ဟင်းအမျိုးမျိုးကို
ထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်...

ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို
၁၀ နှစ်ကြာမျှတောင် တစ်ခါမှ ရောက်မလာတော့ပါ

တစ်နေ့တော့ မြေပိုင်ရှင်က
မြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်း
ဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း
လာပြောသောအခါ
လင်မယားနှစ်ယောက်သား
စိတ်ပျက်လက်ပျက်ဖြစ်ပြီး
အိမ်မှာ ထိုင်မိုင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့
ကားတစ်စီးက လာ၍ထိုးရပ်လာသည်
လူတယောက်က ကားပေါ်မှ ဆင်းပြီး
သူတို့ရှိရာ လျှောက်၍လာသည်..

ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့
မန်နေဂျာတစ်ဦးပါခင်ဗျ
ကျွန်တော့်သူဌေးက
အဒေါ်တို့လင်မယားချက်တဲ့ ဟင်းကို
အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ အဲဒါကြောင့်
ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ

လင်မယားနှစ်ယောက် အံ့အားသင့်သွားသည်
သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ
လာပြီးစားဖူးပါလိမ့် ပြီးတော့လည်း သူတို့မှာရှိတာက
အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား
ထမင်းဆိုင်သွားဖွင့်ရမှာ
ဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ငြင်းဆိုခဲ့တယ်

အဲဒီအတွက် မပူပါနဲ့ဗျာ ကျွန်တော့်သူဌေးက
အစစ အရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီး
ချက်ပြုတ်ရုံသက်သက်ပါ...

အဲဒီသူဌေးက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်
ကောင်းနေရတာလည်းဆိုတာ သူတို့နားမလည်ခဲ့
နောက်ဆုံးတော့ သူတို့အပေါ်
ကောင်းတဲ့သူဌေးကြီးက တစ်ချိန်က သူတို့ဆီက
ထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့
ကျောင်းသားလေးမှန်းသိရတော့သည်....

ဦးနဲ့အဒေါ်သာ ကျွန်တော့်ကို မကူညီပေးခဲ့ရင်
ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ်
အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်
အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါ
ဘာမှ အားမနာကြပါနဲ့ ....

(စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး
အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း
ထားတတ်ရမယ်

ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့
သူတစ်ချို့သတိထားသင့်တယ်
သူတစ်ပါးကိုကူညီးလိုလျှင်
သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ်

ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး
စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေ
နစ်ပျောက်သွားတတ်လို့ပါ.....)

photo from facebook32762101_249685292263647_5302397041152884736_n.jpg

Really Kindness | Ecency