Ocean's 8 (2018)
Steven Soderberghရဲ့ Ocean Trilogyပြီး 11နှစ်အကြာမှာ Spin-offအဖြစ် ထွက်လာတဲ့ ဒီOcean's 8ဟာ အမျိုးသမီး
Characterတွေပဲ ဦးဆောင်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး
Danny Oceanရဲ့ ညီမဖြစ်တဲ့ Debbie Oceanနဲ့
အမျိုးသမီးအချို့ဟာ Met Galaပွဲက $150 millionကျော်
စိန်ဘယက်ကြီးကို ခိုးယူဖို့ အကွက်ချ စီစဉ်ကြတာကို မြင်ရမှာပါ..
Met Galaကို နှစ်တိုင်း New Yorkမှာ Vogueကနေကြီးမှုး
ကျင်းပပြီး A-Listသတ်မှတ်ထားတဲ့ Celeတွေ guestတွေဟာ
နှစ်တိုင်း သတ်မှတ်ထားတဲ့ Themeအလိုက် Fashionအလန်း
တွေဝတ်ပြီး တက်ရောက်ရတာပါ..
ပြီးခဲ့တဲ့ Mayမှာ ကျင်းပခဲ့တဲ့ Met Galaရဲ့ Themeဟာ
Heavenly Bodies: Fashion and the Catholic Imaginationဖြစ်တဲ့အတွက် ဒီThemeနဲ့ လိုက်ဖက်
ဆက်နွယ်နေတဲ့ Fashion Designတွေနဲ့ ပွဲတက်လာကြတဲ့ Celeတွေကို မြင်တွေ့ခဲ့ရမှာပါ..
ဒီရုပ်ရှင်မှာတော့ European Royalty နဲ့ဆက်နွယ်တဲ့
Fashionတွေကို ၀တ်ရမယ့် Themeအဖြစ်ဖန်တီးထား
ပြီး 2018မှာ အခြေတည်ထားပါတယ်..
ဒီပွဲမှာ Cartier စိန်တိုက်ကနေ ထုတ် လုပ်ထားပြီး $150 millonကျော် ''Toussaint''စိန်ဘယက်ကို Daphne Klugerဆိုတဲ့ Celebrityတစ်ယောက်က
ဝတ်ဆင်ပေးရမှာ ဖြစ်ပါတယ်..
(ထက်ထက်မိုးဦး ပြောခဲ့တဲ့ Cartierစိန်တိုက်ဆိုတာ
ဒါပါပဲ…
''ပိုက်ဆံများရှိလို့ကတော့လေ Cartierကစိန်တွေဝယ်ပြီး
တစ်ကိုယ်လုံး စိန်စီ ပြစ်လိုက်မှာ'')
ဒီစိန်ဘယက်ဟာ တကယ်ရှိခဲ့တဲ့ Toussaintကို အခြေခံ
ပြီ ရုပ်ရှင်အတွက် ပြန်လည်ဖန်တီးထားတာပါ.
မူရင်း စိန်ဘယက်ဟာ 1931လောက်မှာ Jacques Cartier
ကိုယ်တိုင် Nawanagarပြည်နယ်(India)ရဲ့ မဟာရာဂျာ
တစ်ပါးအတွက် ပြုလုပ်ပေးခဲ့တာဖြစ်ပြီး 136.25ကာရက်
ရှိပါတယ်..ဒါပေမဲ့ ယနေ့အချိန်မှာမရှိတော့ပေမဲ့
Cartierကနေ အတုပြုလုပ်ပေးခဲ့ပြီး Anneရဲ့ လည်ပင်းမှာ
fitဖြစ်အောင် 20%လောက် sizeလျှော့ချခဲ့ရပါတယ်..
ဒီ $150 millionကျော်တန်ဖိုးရှိတဲ့ စိန်ဘယက်ကို ခိုးယူဖို့
အတွက် Debbieဟာ ထောင်ကျနေစဉ်အတွင်းမှာ အသေ
အချာကြံစည်နေခဲ့တာပါ..
ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ ဒီအစီအစဉ်ကို
အကောင်အထည်ဖော်ဖို့ Debbieဟာ ကျွမ်းကျင်တဲ့
အမျိုးသမီးတွေကို ရှာဖွေစုဆောင်းပါတော့တယ်..
ဒီအမျိုးသမီးတွေကတော့
Lou - Debbieရဲ့ အတော်ကြာလက်တွဲခဲ့တဲ့(Partner-in-crime)
Amita - လက်ဝတ်ရတာ ပြုလုပ်တာ ကျွမ်းကျင်သူ
Constance - ခါးပိုက်နှိက် သူခိုး
Nine Ball - hacker
Rose Well - Fashion Designer
Tammy - Debbieရဲ့ partnerဟောင်း(Vogue assistant)
Daphne Kluger - စိန်ဘယက်ဝတ်ဆင်ရမယ့် Celebrity။
ဒီစိန်ဘယက်ဟာ ပွဲချိန်အတွင်းမှာပဲ ၀တ်ဆင်ရမှာ ဖြစ်ပြီး
စိန်ဘယက်ကို စောင့်ရှောက်မယ့် body guardနှစ်ယောက်
နဲ့အတူ CCTVတွေ နေရာမလပ်ရှိနေ၊ လုံခြုံရေးတွေ
ပြည့်နေတဲ့ ဒီMet Galaပွဲထဲ ခိုးဝင်ပြီ်း Daphneရဲ့ လည်ပင်း
ကနေ ဖြုတ်ယူပြီး ဘယ်သူမှ သံသယမ၀င်အောင် အတုနဲ့
လဲထားခဲ့ကြမှာပါ။
Sandraတို့ Cate,Anne တို့လို ဒိတ်ဒိတ်ကြဲအမျိုးသမီး
တွေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ Fashionကိုပါ ဦးစား
ပေးထားပြီး Ocean Filmတွေရဲ့ ထုံးစံအတိုင်း twistတွေ
ဉာဏ်သုံးသွားပုံတွေ လှည့်ပတ်သွားပုံတွေဟာ အတော်
သဘောကျစရာကောင်းပါတယ်..
Debbieတစ်ယောက် အလှကုန်ဆိုင်ထဲ ၀င်ပြီး cosmeticတွေ
ပေါ်တင်လိမ်ယူသွားတာကို ကြည့်ပြီး Wow ဖြစ်ရတဲ့အထိ
ပါပဲ.
ဒီရုပ်ရှင်မှာတော့ Danny Oceanဟာ Debbie ထောင်ထဲမှာ
ရှိနေစဉ်အတွင်း2018မှာပဲ သေသွားပြီဖြစ်တဲ့အတွက်
Cameoအဖြစ် မပါဝင်ခဲ့ပါဘူး..
အခြား Celebrityအကျော်အမော်တွေကိုလည်း Met Galaကို
တက်လာတဲ့ ပုံစံအဖြစ် ဖန်တီးထားတဲ့အတွက် Cameoတွေ
အများအပြားကို မြင်တွေ့ရမှာဖြစ်ပါတယ်..
Dakota Fanning,Kim Kardashian, Kendall Jenner, Zayn Malik, Katie Holmes, Hailey Baldwin နဲ့ Olivia Munnတို့လို Celeတွေအပြင် US Vogueရဲ့ Editor-in-chiefဖြစ်တဲ့ Anna Wintour
ကိုယ်တိုင် ပါဝင်ထားပါသေးတယ်..
ဒီရုပ်ရှင်မှာ အရင် Ocean Trilogyက Matt Damonကို
Cameoအဖြစ်ပါလာမယ်လို့ အသံထွက်ခဲ့ပေမဲ့ ပါမလာ
ခဲ့ပါဘူး
ဒီရုပ်ရှင်မှာ Valentino, Givenchy, Zac Posen, Dolce
& Gabbana, Naeem Khan, Prada, Jonathan Simkhai, Alberta Ferrettiစတဲ့ Fashion Designer/Brandတွေကို ၀တ်ဆင်ခဲ့ပြီး ပုံမှန် တစ်နှစ်လောက် အချိန်ယူ
ပြင်ဆင် ချုပ်လုပ်ပေးရတဲ့ ၀တ်စုံတွေကို လအနည်းငယ်အတွင်း
ပြီးအောင် ပြင်ဆင်ခိုင်းခဲ့ရပါတယ်..
ဒီနှစ်ရဲ့ Met Galaမှာ Rihannaကိုယ်တိုင် Cartierစိန်တွေကို
ဝတ်ဆင်လာခဲ့ပါသေးတယ်။
ဒီရုပ်ရှင်ဟာ Sandra Bullock၊Anne Hathaway, Cate
Blanchettဖန်တွေ၊ Ocean Fanတွေအတွက်စိတ်ကျေနပ်မှုရစေမှာပါ
Photo from google