#Jim
စာအိတ်ပေါ်မှာကျွန်မနာမည်တွေ့တော့ အံ့ဩနေမလား၊ ရှင် ဒီစာကို ဖတ်နေရတဲ့အချိန် ကျွန်မ ဘတ်စ်ကားပေါ်မှာ ဖြစ်ချင်ဖြစ်မယ်၊ အမေရိက ကိုသွားတဲ့ သင်္ဘောပေါ်မှာ ဖြစ်ချင်ဖြစ်နေမယ်.. သေချာတာတော့
ကျွန်မ ချစ်ရတဲ့ ရှင်နဲ့ Ireland ကို ထာဝရ နှုတ်ဆက်ခဲ့ပြီ ဆိုတာပါဘဲ
Jim ရေ.. တချို့လူတွေမှာ ရွေးချယ်ခွင့် ဆိုတဲ့ အခွင့်အရေး များများစားစား မရှိခဲ့ဘူး၊ ဒါက အစစ်အမှန်ပါ ဆိုပြီး
ယတိပြတ် ရွေးချယ်ပြီးမှ နောက်ထပ် အစစ်အမှန်တစ်ခုထပ်ပေါ်လာတာမျိုးပေါ့
အဲ့တချို့လူတွေ ဆိုတဲ့အထဲ ရှင်ချစ်ရတဲ့ ကျွန်မလည်း ပါပါတယ်
Jimရေ.. ကျွန်မတောင်းပန်ပါတယ်
Ireland ကို မပြန်လာခင်မှာ ကျွန်မ
တိုနီ ဖီလ်ရဲလို ဆိုတဲ့ ကောင်လေးနဲ့
တိတ်တဆိတ် လက်ထပ်ခဲ့ပြီးပါပြီ
Ireland ကို ပြန်လာပြီး နောက်ပိုင်း Nancy ရှင်နဲ့ မမိတ်ဆက်ပေးခင်အထိ
ကျွန်မ နှလုံးသားက Brooklyn မှာ ချန်ထားခဲ့ပါသေးတယ်
Jim ရှင့်ကို ကျွန်မ ချစ်တယ်.
သိတဲ့အတိုင်းဘဲ..လူတစ်ယောက်ကို တကယ်ချစ်မိရင် လိမ်ညာဖို့ ဘယ်လိုမှ မတတ်စွမ်းနိုင်ဘူးလေ
ရှင့်ဘဝ အစစ်က Ireland ၊ မိသားစု အသိုင်းအဝိုင်းကြားမှာ ဆိုပေမယ့် ကျွန်မ ဘဝကတော့ တစိတ်တပိုင်းလောက်ဘဲ Ireland မှာ ရှင်သန်နေတာပါ
ရှင့် ရယ်သံ၊ ဘလေဇာကုတ်အင်္ကျီ အောက်က ရှင့်ရင်ခုန်သံ၊ ရှင့်ကိုယ်နံ့တွေကြား ကျွန်မဟာ တိုနီပိုင်တဲ့ ဇနီးမယားဆိုတာ မေ့သွားခဲ့တယ်၊ ကျွန်မ နှလုံးသားလည်း Brooklyn ကို အပြီးပြောင်းလာသလိုဘဲ
အဆိုးဆုံးက တိုနီ့ဆီက စာဖတ်ရမှာ ကျွန်မ မလုံမလဲ ဖြစ်လာတဲ့အထိပါဘဲ
ကျွန်မ Brooklyn ကိုမုန်းတယ်၊
ရွေးချယ်ခွင့် ကို ကျွန်မ အလျင်စလို ဆုံးဖြတ်မိတာကိုလည်း မုန်းတယ်
ဘယ်သူပြောနိုင်မှာလဲ?
ရို့စ်သာ Brooklyn ကို မပို့ခဲ့ရင်
ရို့စ် ရဲ့ နာကျင်မှုတွေ ကျွန်မ ဝေမျှကောင်း ဝေမျှနိုင်မယ်
ရှင်နဲ့အရင်ဆုံး ဆုံဖြစ်ကောင်းဆုံဖြစ်မယ်
ကပွဲတုန်းက ရှင့်စကားတွေ ကျွန်မ တကယ်ရင်ခုန်ခဲ့ပါတယ်၊ တိုနီ့အပေါ် မတရားသလိုဖြစ်သွားပေမယ့် တခါလောက်ဘဲ မိုက်ရုးရဲဆန်စွာ
ကျွန်မ နှလုံးသားကို ဦးစားပေးပလိုက်ချင်တယ်
ရှင်ပြောသလို Brooklyn ကို မပြန်ဖြစ်တော့ရင်......
Jim ကျွန်မပြောခဲ့သလိုဘဲ.. တချို့လူတွေမှာ ရွေးချယ်ခွင့်များများစားစားမရှိဘူးလေ၊ တစ်စုံတယောက် သတိပေးလိုက်မှ
ကျွန်မ ဘဝ ကျွန်မ မပိုင်တော့မှန်း သတိရလိုက်တယ်
တိုနီက လူကောင်းပါ၊ ကျွန်မကို အရမ်းချစ်သလို အလုပ်ကြိုးစားတဲ့သူပါ
Jim ကျွန်မ ကို နားလည်ပေးပါ
ကမ်းခြေက သဲသောင်တွေ အပေါ်. ကျွန်မတို့ လမ်းလျှောက်ထွက်တုန်းက အချိန်တွေ ဟန်ဆောင်မှု မပါခဲ့ပါဘူး
ကျွန်မ တကယ် Ireland ကို လွမ်းနေခဲ့တာပါ၊ အရင်က ဒီကမ်းခြေကို အကြိမ်ကြိမ် လာဖူးတယ်၊ ဒါပေမယ့်
ရှင်နဲ့ အတူ ယှဉ်လျှောက်တုန်းကလောက်
မလှခဲ့ဖူးဘူး၊ မသာယာခဲ့ဖူးဘူး
Jim လှည့်ဖျားသလို ဖြစ်သွားခဲ့ရင် ကျွန်မ ထပ်တောင်းပန်ပါတယ်.... ကျွန်မ ရှင့်အကြောင်း အတွေးထဲ ဝင်လာတဲ့အခါ
ကျွန်မဘဝက Brooklyn မှာဆိုတာ မေ့လိုက်တဲ့အထိပါဘဲ၊ ဒါပေမယ့် ကျွန်မမှာ ကျွန်မ အရင်ရွေးချယ်လိုက်တဲ့
ဘဝ ရှိနှင့်ပြီလေ၊ သူနဲ့ဘဲ ကျွန်မ ဘဝကို ကျေနပ်စွာ ဖြတ်သန်းပါ့မယ်၊
ကံကြမ္မာကြီးက "အဲလစ်(ရှ်)! နင့်ဘဝက ဒါဘဲ" ဆိုတာ ဆုံးဖြတ်ပေးမှတော့ ဘယ်တတ်နိုင်မလဲJim..တချို့လူတွေက ရွေးချယ်ခွင့် များများစားစား မရှိကြဘူးလေ
အဲလစ်ဖီလ်ရဲလို
Photo from facebook