အစ်မဖြစ်သူနဲ့အတူ သုံးနှစ်ကျော်လောက်ခင်မင်ခဲ့ကြတဲ့
စီနီယာ(စစ်)ကျောင်းသားတစ်ယောက်လည်းဖြစ်
မတော်ရသေးတဲ့ ယောက်ဖဆိုလည်းမမှားတဲ့
Captain Stanhope လို့ဆိုသူရဲ့မျက်နာတစ်ခုထဲနဲ့
(ယောက်ဖကိုလေးစားတဲ့စိတ်နဲ့ဆိုလည်းမမှားပါဘူး)
ငရဲတွင်းအလားအခြေအနေဆိုးဝါးလှသော
တာဝန်ကျရာတပ်ရင်းကို အမိန့် မကျ ကျအောင်
ရာထူးကြီးတဲ့ ဗိုလ်ဦးလေးတစ်ယောက်အကူအညီနဲ့
ဒုဗိုလ်မှူး Raleigh ဆိုတဲ့လူငယ်လေး
စစ်မြေပြင်ပေါ်က ကတုတ်ကျင်းတွေကြားထဲ
ရောက်ရှိလာချိန်မှာ ခင်ရတဲ့ Stanhope ဟာ
သူတို့မောင်နှမနဲ့အတူရှိစဉ်တုန်းနဲ့မတူတော့ပဲ
လက်အောက်ငယ် စစ်သားတွေအပေါ်
ဒေါသတကြီး နဲ့ အမြဲတမ်းဆူပူကြိမ်းမောင်းပြီး
အရက်စွဲနေတဲ့ ဗိုလ်ကြီးStanhope အဖြစ်နဲ့
သူစိမ်းဆန်စွာပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်
သိုပေမယ့် တပ်ရင်းထဲ အသက်ကြီးရင့်သူအချို့နဲ့
ရင်းနှိးစွာခင်မင်ခွင့်ကို ခဏလေးအတွင်းရရှိခဲ့တယ်
ဒီနောက်ပိုင်းမှာတော့ စစ်မြင်ကွင်းဆိုတာထက်
Stanhope နဲ့ Raleigh ကြားဆက်ဆံရေးကို
ဆယ်မိနစ်တောင်မကြာတဲ့တိုက်ပွဲတစ်ခုကို
စိတ်မကောင်းခြင်းများစွာနဲ့ စောင့်ကြည့်ခဲ့ရတယ်
်စစ်ကားဆို (လုံးဝ)လက်ရှောင်တတ်တဲ့သူကို
စစ်ကားမဟုတ်တဲ့စစ်ကားဆိုပြီးညွှန်းလာတာရယ်
Asa Butterfield ဆိုတဲ့ငတိကို ကလေးထဲက
စောင့်ကြည့်ခဲ့တာရယ် သူ့ကားဆိုရင်တစ်ခုခုတော့
ကြည့်ရကျိုးနပ်မှာပါလေဆိုတဲ့အကြောင်းပြချက်တွေနဲ့
မရည်ရွယ်ပဲ ကြည့်ဖြစ်သွားရာကနေ
စိတ်ခံစားမှုတွေ ကောင်းကောင်းပေးနိုင်ခဲ့တဲ့
နောက်ထပ်စစ်ကားတစ်ကားလို့ပဲဆိုရမှာပါ