"ရှင့်သားသမီးတွေကို ကြည့်ဖို့ရှုဖို့အိမ်ဘေးကလူနဲ့အပ်ထားခဲ့ရပီး လူဖြူကလေးလေးတွေကို ပြုစုပျိုးထောင်ပေးရတာ ရှင်ဘယ်လိုခံစားရသလဲ ?"
Skeeter ဟာ ခေတ်ပညာတတ်အမျိုးသမီးပျိုလေးပီပီ ကိုယ့်ခြေထောက်ပေါ်ကိုရပ်ပြီး စာရေးဆရာမဖြစ်ချင်သူပါ
ဒါပေမဲ့ ရှေးရိုးစွဲအမေကတော့ သူ့ကို အိမ်ထောင်ပြု ကလေးမွေးပီး အေးအေးဆေးဆေးနေစေချင်တယ်
Skeeter ရဲ့ သူငယ်ချင်းတွေကလဲ ဘဝမှာ အိမ်ထောင်ပြုပြီး ကျော့ကျော့မော့မော့နေရရင်ပီးရော ဆိုတဲ့သူတွေ
သူတို့က Skeeter ကိုလူချောလေးတယောက်နဲ့ ချိတ်ပေးချင်တာလေ
စာရေးဆရာမအလုပ်ဆိုတာ အပိုတွေ
ကလေးမွေးပြီး လူမည်းအိမ်အကူတွေနဲ့ပဲ ပစ်ထားတယ်
ကလေးတွေကလဲ လူမည်းအိမ်အကူတွေကိုသိပ်ချစ်ကြပါတယ်
ဒါပေမဲ့ သူတို့ကြီးလာတဲ့အခါ သူတို့မိဘတွေလိုပဲ လူမည်းအိမ်အကူတွေကို ခပ်တန်းတန်း ခပ်မာမာဆက်ဆံလာကြတယ်
တစ်ရက်မှာ Skeeter တယောက် Local Newspaper မှာ အလုပ်ရလာတယ်
သတင်းစာထဲမှာ အချက်အပြုတ် အိမ်မှုကိစ္စတွေနဲ့ ပက်သက်တဲ့ အမေးအဖြေကဏ္ဏမှာ အဖြေရေးပေးရမှာ
ခက်တာက အိမ်မှုကိစ္စကို နားမလည်
မေးဖို့မြန်းဖို့ အိမ်ကသူသိပ်ချစ်ရတဲ့ အိမ်အကူကြီးကလဲ သူ့သမီးဆီလိုက်သွားပီလေ
အဲ့ဒီတော့ သူ့သူငယ်ချင်းအိမ်က အိမ်အကူ Aibileen ကို အကူညီတောင်းရတော့တယ်
သူတို့နဲ့ နေတာနီးလေလေ သူတို့အပေါ်သူတို့အလုပ်ရှင်တွေက ဘယ်လိုဆက်ဆံတယ်ဆိုတာ သိလာလေလေပဲ
Skeeter တယောက် သူတိုအိမ်အကူတွေရဲ့ အကြောင်းကိုရေးဖို့ဖန်လာပါတော့တယ်
Mississippi လိုလူမျိုးရေးခွဲခြားမှုများတဲ့နေရာမှာ
ဒီလိုရေးလို့ကတော Skeeter ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုရင်ဆိုင်ရမှာ အသေချာပဲ
အဲ့ဒီတော့ သူ့အတွက် အာမခံချက်ရှိလာစေမဲ့ မြုပ်ကွက်တစ်ခုကို ထည့်ရေးပေးဖို့ Aibileen ရဲ့သူငယ်ချင်း Minny ကတိုက်တွန်းပါတော့တယ်
တော်တော်ကြည့်ကောင်းတဲ့ကားလေးပါ
Drama သိပ်မကြိုက်ပေမဲ့ ကြည့်တာ ၃ခါရှိသွားပီ
Minny ကကြက်ကို ဘယ်တော့မှအတူးမခံဘူးဆိုပြီး
နောက်ဆုံးပိုင်း ငါတို့ သူဌေးဖစ်ပြီအေ့ဆိုပြီး သူ့သူငယ်ချင်း Aibileen ဆီပြေးသွားတဲ့ အခန်းမှာကြက်ကြော်တွေတူးသွားတာ ကြည့်ရင်း မျက်ရည်ကျမိတယ် :'(
Photo from google