Movie Review

Words
120
Reading
1 min
Listen
Play
8y

“Nightmare on Elm Street”

လူတိုင်းတော့ အိပ်မက်ဆိုးတွေမက်ဖူး ကြမှာပါပဲ။ ဒါပေမဲ့ အိပ်မက်ထဲမှာ Freddy Krueger တော့မပါစေပါနဲ့။ အိပ်မက်ထဲကနေ အကြောက်တရားကိုစားသုံးပြီး ရှင်သန်တဲ့ဘဲကြီး။ အဲ့ဘဲကြီး ကိုအနိုင်ယူဖို့မလွယ်ကူဘူး။ လူသတ်ဇာတ်ကောင်တွေထဲမှာ Powerful အဖြစ်ဆုံးလူသတ်ကောင်ကြီးလို့ပြောရမယ်။

သူ့ကို ဖန်တီးသရုပ်ဖော်ခဲ့တာက Wes Craven ဆိုတဲ့ ဒါရိုက်တာ။ သူက A Nightmare on Elm Street 1(1984) ကိုစရိုက်ခဲ့တယ်။ နောက်ပိုင်း A Nightmare on Elm Street ဇာတ်လမ်းတွေမှာတော့ သူက ဇာတ်ညွှန်းဖန်တီးသူ အနေနဲ့ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးပိတ် Freddy Krueger ကိုတော့ New Nightmare (1994) မှာ Wes Craven ကိုယ်တိုင်ရိုက်ကူးပုံဖော်အဆုံးသတ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ကို ၁၉၈၄ ကနေ ၁၉၉၄ အထိ စုစုပေါင်း ၇ ကားအထိတောင်ရိုက်ကူးခဲ့ပါတယ်။ ရိုက်ကူးခဲ့တဲ့ ၇ ကားလုံး ဝက်ဝက်ကွဲအောင်မြင်ခဲ့တာကိုတွေ့ရမှာပါ။ Freddy Krueger ရဲ့အောင်မြင်မှုပာာ ဒီအတိုင်းရပ်တန့်မသွားပါဘူး။ ၂၀၀၃ ခုနှစ်မှာ ဒါရိုက်တာ Ronny Yu က ခေတ်ပြိုင်လူသတ်ကောင် နှစ်ယောက်ကို ချခိုင်းခဲ့ပါတယ်။ ဘယ်သူနိုင်မလဲပေါ့။ အဲ့ကားကတော့ Freddy Vs Jason ပဲဖြစ်ပါတယ်။ လူသတ်ကားသမိုင်းတစ်လျှောက်မှာ ပထမဆုံး Crossover လည်းဖြစ်ပါတယ်။

Nightmare on Elm Street 1 ကို ၂၀၁၀ မှာပြန်လည်အသက်သွင်းပုံဖော်ခဲ့ပေမဲ့ ချာတူလန်နေတဲ့ Freddy ဇာတ်လမ်းတစ်ခုပဲဖြစ်လာပါတယ်။ ဒီနောက်ပိုင်းပြန်ရိုက်သမျှဇာတ်လမ်းတော်တော်များများပာာ အရင်ဇာတ်တွေကိုမမီတာတော့ အသေချာပါပဲ။ Freddy Kruger ဆိုတဲ့ဘဲကြီးအကြောင်းသေသေချာချာသိချင်တယ် ၊ ပြီးတော့လူသတ်ကားကောင်းကောင်းတွေကိုမှရင်ခုန်တဲ့ လူတွေအနေနဲ့ Freedy Vs Jason အပါအဝင် အားလုံး ၈ကားကြည့်ရမှာပါ။

photo from google image

Movie Review | Ecency