Pathology (2008)
"Forensics အသိပညာနဲ့ လူသတ်ကြည့်မလား"
တစ်ခါတလေ တွေးကြည့်ဖူးတယ် ။
" မှုခင်းဆေးပညာ တတ်မြောက်တဲ့သူတစ်ဦးသာ ပိပိရိရိ လူသတ်နိုင်ရင် အဲ့အမှုကာလကို
ဘယ်လောက်ထိစစ်ဆေးရမလဲ " ဆိုတာပဲ။
တကယ် ရူးလွင့်လွင့် အတွေးပါပဲ။
ဒီကားကတော့ ဟစ်ပိုကရေးတီး ကျမ်းကို
ဇာတ်ကားအစမှာ ညွှန်းဆိုပြပြီး မလုပ်သင့်တဲ့ ကျင့်ဝတ်များ ( တနည်းအားဖြင့် )
လူသေတွေနဲ့
ကစားပွဲတွေ ဖန်တီးကြတဲ့ ကားမျိုးဖြစ်တယ်။
အမျိုးအစားက #18+Rated ကားမျိုးဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သည်းထိတ်ရင်ဖို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ တကယ်မိုက်ပါတယ်။ Autopsy of Jane Doe ကားထက် ပို ကြောက်ဖို့ကောင်းပါတယ်။
ဒီဇာတ်ကားမှာတော့ ရင်ခွဲရုံတွေ /သေဆုံးမှုစစ်ဆေးတာတွေက အမှန်တကယ် တည်ဆောက်ခြင်းတွေနဲ့တူတယ်။ သွေးသံတရဲရဲနဲ့
အမှောင်ခန်းတွေက လည်း စိတ်ခြောက်ခြားဖို့ကောင်းပါတယ်။
အဲ့ဒီနောက် ဦးခေါင်းခွံခွာပြီး ဦးနှောက်လေးကို အတုံးအခဲလိုက် ကိုင်တွယ်ယူပုံက သာမန်လူအဖို့ကျောချမ်းစေမယ် လို့ ယူဆမိပါတယ်။ နံရိုးတွေ ကို ညှပ်ကိရိယာတွေနဲ့ ချိုးယူပုံတွေက လည်း ပီပြင်စေတယ်။
ဇာတ်လမ်းအကျဉ်းအရ မှုခင်းဆရာဝန် အုပ်စု တစ်စုဟာ ကစားပွဲတစ်ခုကို ပဟေဠိဆန်ဆန် တည်ဆောက်ခဲ့ကြတယ်။ တစ်ဦးတစ်ယောက် အလှည့်ကျ အမှုတစ်ခု ဖန်တီးပြီး ကျန်တဲ့သူတွေက သေဆုံးရသည့် အကြောင်းအရင်း ('Cause of Death )ကို ရှာဖွေကြရတယ်။ ပညာ တွေ ထုတ်သုံးရင်း လူသတ်မှုတွေ
ကျူးလွန်ကြ ခဲ့တယ်။ အဲ့ဒီနောက် စိတ္တဇဆန်ဆန် အမှုတွေနဲ့ ကျင့်ဝတ်တွေ တစ်စစ ပျက်ဆီးလာခဲ့ကြတဲ့ အခါမှာတော့ ………ဘယ်လို တွေ ဖြစ်လာခဲ့မလဲ……?
ဘယ်လို ပဟေဠိတွေ ဘယ်လို လူသတ်မှုတွေနဲ့ ဘယ်လောက်ပီပြင်အောင် ဒါရိုက်တာရိုက်ကူးပြထားနိုင်ခဲ့သလဲ ။ ဆေး ပညာလောက အနေနဲ့လည်း ဘယ်လို ဗဟုသုတတွေ ရယူနိုင်ခဲ့မလဲဆိုတာ ကြည့်ရှုချင်စရာကောင်းလှပါတယ်။
ဒီကားကို ညွှန်းဆိုရတယ်ဆိုပေမယ့် ယခုလို ဇာတ်ကားတွေဟာ ဖျော်ဖြေခြင်းသက်သက်ပါပဲ။ ကြောက် လန့် ဖို့ကောင်းတာလည်း သိပ်မဟုတ်ပါဘဲ ပီပြင်စွာ ရိုက်ကူးမှုကြောင့်ပဲ ဇာတ်ကားက ဇာတ်ရှိန်ကြွလာခဲ့တယ်။ သမရိုးကျ ကားမျိုး မကြည့်ချင်တဲ့ သူတွေအတွက် သင့်တော်လောက်ပါတယ်။
"တစ်ခါတရံ မှာ ကြောက်ဖို့ မကောင်းတာက ကြောက်ဖို့ကောင်းနေတတ်ပါတယ်။ "
"ဒီလိုပါပဲ။ မကြောက်တတ်ဘူး ဆိုတဲ့
ကျွန်တော်တို့ ရဲ့စိတ်ကိုရော အကြွင်းမဲ့ ယုံကြည်နိုင်ပါသလား "
photo from google