မြန်မာနိုင်ငံတွင် ရှေးကာလ ကတည်းက စိုက်ပျိုးလာခဲ့ကြတဲ့ သရက်ခြံများ၊ သရက် စိုက်ခင်းများဟာ သဘာဝအလျှောက်အပင်များကို
ကြီးထွားခွင့် ပေးထားခဲ့ကြတာ ဖြစ်ပါတယ်။ သရက်ပင်များကို အထိန်းအကွပ်မရှိ သဘာဝအတိုင်း ကြီးထွားခွင့်ပေးပါက အပင်အရွယ်
အလွန်ကြီးမားလာမှာ ဖြစ်ပါတယ်။သို့အတွက် သဘာဝအတိုင်းစိုက်ပျိုးခဲ့ကြတဲ့ သရက်ခြံများမှာအပင်ကြားနဲ့ အတန်းခြားအကွာအဝေး
များဟာလည်း အများအားဖြင့် ပေ ၃၀ ပတ်လည် ထားစိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အပင် သက်တမ်းရင့် လာတာနဲ့အမျှ အပင်အရွယ်
အစား အလွန်ကြီးမားနေကြကာ၊ အသီးခူးဆွတ်ရန်ပင် ခက်ခဲမှုများ ရှိလာပါတယ်။ ယခင်က စိုက်ပျိုးခဲ့တဲ့ သရက်စိုက်ခင်း အများစုဟာ
သရက် မျိုးစေ့များကို ပျိုးထောင်ရယူထားတဲ့ အစေ့စိုက်အပင်များသာ အများစု ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ သရက်မျိုး ပေါင်းများစွာ
ရှိတဲ့ အနက်စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မြကျောက်၊ ပတ္တမြားငမောက် စတဲ့ လူကြိုက်များတဲ့ သရက်မျိုးများ ရှိလာကြကာ ပြည်တွင်း
စားသုံးမှု သာမက ပြည်ပနိုင်ငံ များသို့ပါ တင်ပို့ရောင်းချ လာနေကြပါပြီ။ သရက်စိုက်ပျိုးပြုစု နည်းစနစ်များလည်း တိုးတက်လာခဲ့ကာ၊
အစေ့စိုက်ပျိုးပင်များအစား၊ ကိုင်းကူး၊ ကိုင်းဆက် ပျိုးပင်များကို အသုံးပြု စိုက်ပျိုးလာကြပါပြီ။
မြေဩဇာ ကျွေးမွေးမှု၊ ပိုးများ၊ ရောဂါများကို ကာကွယ်နှိမ်နင်းမှု စတဲ့ လုပ်ငန်းများနဲ့ အတူ၊ အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို
လည်း သိပ္ပံနည်းကျ ဆောင်ရွက် လာနေကြတာကို တွေ့နေကြရပါတယ်။ သိပ္ပံနည်းကျ စိုက်ပျိုးပြုစုကြရာတွင် အပင်အကွာအဝေး၊
စိုက်တန်းများ အကွာအဝေးများ ကိုလည်း ယခင်ကနဲ့မတူ၊ စိတ်စိတ်စိုက်ပျိုးလာကြကာ အပင်ကိုင်းဖြတ် ပုံသွင်းခြင်း၊ အသီးများကို
အိတ်စွပ်ပေးခြင်း စတဲ့နည်း စနစ်များကိုလည်း အသုံးပြုလာနေတာကိုတွေ့ရပါတယ်။ သရက်ပင်ဟာ အမြဲစိမ်း အပင်မျိုးဖြစ်တဲ
့အတွက် အပင်ပုံသွင်းပြုပြင်ခြင်းနဲ့ ကိုင်းဖြတ်၊ ကိုင်းရှင်းခြင်း လုပ်ငန်းများကို အနည်းငယ်သာ ပြုလုပ်ပေးခဲ့ကြပါတယ်။သရက်ကိုပူနွေး
တဲ့ ရာသီဥတုရှိတဲ့ ဒေသများမှာ စိုက်ပျိုးကြတဲ့အတွက် မကြာခဏ အညွန့်သစ်၊ အရွက်သစ်များ ထွက်ကာ အပင်ပိုင်း ကြီးထွားဖွံ့ဖြိုး
လာစေပါတယ်။ သဘာဝအရ သရက်ကိုင်းရဲ့ထိပ်ဖူးကို ဖယ်ရှားမှု၊ သို့မဟုတ် ထိခိုက်မှု၊ သို့မဟုတ် ပန်းခိုင်ထွက်ပန်းပွင့်လာမှု စသည်
တစ်ခုခု မဖြစ်ပေါ်ခဲ့ပါက သရက်ညွန့်ဟာ အကိုင်းဖြာထွက်မှု မရှိဘဲ ဆက်လက်ရှည်ထွက်နေမှာ ဖြစ်ပါတယ်။ သရက်ပန်းခိုင်များဟာ
အကိုင်းဖျားမှ ထွက်လာတာဖြစ်တဲ့ အတွက်ဘေးကိုင်းများပြားစွာ ထွက်နိုင်သည်နဲ့အမျှ၊ အသီးထွက် ပိုမိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။
သရက်ပန်းခိုင်(သီးခိုင်) ညှာကို ဖယ်ရှားပေးပါက၊ သို့မဟုတ် ခြောက်ပြီး ကြွေကျသွားပါက အောက်ဘက် ကပ်လျက်ရှိနေတဲ့ ဘေးဖူး
မှ အကိုင်း သစ်ထွက်လာကာ ကိုင်းဖြာ လာစေပါတယ်။ သရက်သီးရဲ့ အလေးချိန်ကြောင့် အသီးခိုင် ညွတ်ကွေးကျနေပါကလည်း
အသီးခိုင်အောက် ကပ်လျက်ရှိ ဘေးဖူးမှ အညွန့်သစ် ထွက်လာတတ်ပါတယ်။ အပူပိုင်းဒေသများမှာ နောက်ဆုံးထွက်ခဲ့တဲ့ အကိုင်းနဲ့
အရွက်များရဲ့ အရွယ်ရင့်မှု သက်တမ်းဟာ ပန်းခိုင်ထွက် ပန်းပွင့်စေရေး အတွက် များစွာ လွှမ်းမိုးမှု ရှိစေပါတယ်။ အကယ်၍ အအေး
ဓာတ်လုံလောက်စွာ မရခဲ့ပါက ပန်းခိုင်ထွက် ပန်းပွင့်လာစေရန် နောက်ဆုံးထွက်ခဲ့တဲ့ အကိုင်းနဲ့အရွက်များရဲ့ သက်တမ်းဟာ လေး
လမှ ငါးလရှိနေရန် လိုပါတယ်။ လိုအပ်တဲ့ အကိုင်းနဲ့ အရွက်များရဲ့ သက်တမ်းရှိနေတဲ့ အပြင်၊ အအေးဓာတ်ပါ ရရှိခဲ့ပါက ပန်းပွင့်အား
ပိုမိုကောင်းမွန် လာစေနိုင်ပါတယ်။ များသောအားဖြင့် သရက်ပင်များဟာ စိုက်ခင်းမှာ စိုက်ပျိုးထားပြီးသုံးနှစ်သား၊ လေးနှစ်သားရလာ
သော်ပွင့်၊ သီးလာလေ့ရှိ ကြပါတယ်။ ထို့နောက် နှစ်စဉ် သီးထွက်ပိုလာစေကာ အပင်သက်တမ်းရလာတာနဲ့အတူ အပင်များတစ်ပင်နဲ့
တစ်ပင် အရွက်များထိယှက်လာပြီး အပင်အမြင့်ဟာလည်း ခူးဆွတ်ရန် ခက်ခဲလာစေပါတယ်။
သရက်ပင်ဟာ အကိုင်းဖျားများမှာသာ ပွင့်သီးကြပါတယ်။အပင်သက်တမ်းရင့်လာကာ၊ အပင်အရွယ်ကြီးထွားလာသည်နဲ့အမျှအလင်း
ရောင်ကို အကိုင်းများမှ လုယူနေကြတဲ့ အတွက် ပွင့်၊ သီးမှုဟာလည်း အပင်အပေါ်ရှိ ထိပ်ပိုင်းကိုင်းမျာမှာသာ ရှိလာစေပါတယ်။အပင်
ရဲ့အောက်ဘက်ပိုင်းရှိ အကိုင်းများဟာ ခြောက်သေသွားကြလေ့ ရှိပါတယ်။ အသီးများဟာ အပင်ရဲ့ထိပ်ပိုင်းများမှာသာ ရှိနေကြတဲ့အ
တွက်လည်း အသီးများကိုခူးဆွတ်ရန် ခက်ခဲလာပါတယ်။ ဒီအခြေအနေမျိုးကို သရက်စိုက်ခင်း သက်တမ်း နှစ် ၂၀ အရွယ်မှာ တွေ့
လာရလေ့ ရှိပါတယ်။ အပင်အိုစိုက်ခင်းများ ဖြစ်လာပါက၊ အပင်ပျိုများဖြစ်လာစေရန် အကြီးစားကိုင်းဖြတ်ပေးခြင်း သရက်မျိုးဟောင်း
များ အစားမျိုးသစ်များနှင့် အစားထိုး စိုက်ပျိုးခြင်း၊ သို့မဟုတ် အပင်အိုများကို အကြီးစား ကိုင်းဖြတ်ပေးပြီး ထွက်လာတဲ့ အညွန့်အကိုင်း
သစ်များပေါ်တွင် အခြားသရက်မျိုးမှ ကိုင်းများနဲ့ ကိုင်းဆက်မျိုးလည်း စိုက်ပျိုးခြင်းစတဲ့ နည်းများကိုလည်း အသုံးပြုကြလေ့ရှိပါတယ်။
သရက်ပင်များ ကိုင်းရှင်း၊ ကိုင်းဖြတ်ခြင်း ပြုလုပ်ပေးကြရာတွင် ရည်ရွယ်ချက် ပေါ်မူတည်ပြီး အစီအစဉ် သုံးမျိုး ချမှတ်ဆောင်ရွက်ကြ
ပါတယ်။
(၁) သရက်ပင် အရွယ်အစား ကြီးမားမသွားစေရန် နှစ်စဉ် အကိုင်းဖြတ်ပေးခြင်း၊ (သရက်ပင် ပန်းပွင့်လာစေနိုင်ရန် အတွက်လည်း
တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်)၊
(၂) စိုက်ပျိုးပြုစုမှု လွယ်ကူစေရန်အတွက် အလယ်အလတ်ရှိ အပင်အရွယ်များမှ ပိုပြီးအရွယ်ငယ်တဲ့ အပင်များဖြစ်လာစေရန်၊
(၃) အပင် သက်တမ်းရင့်လာသော အပင်အို၊ အပင်ကြီးများကို ပြန်လည်၍ အပင်အရွယ် ပျိုလာစေရန်တို့ဖြစ်ပါတယ်။ အကိုင်းဖြတ်
တဲ့ ရည်ရွယ်ချက်အလိုက် အကိုင်းဖြတ်နည်း စနစ်များ မှန်ကန်စေရန်အတွက်၊ သရက်ပင်ရဲ့ အပင်ကြီးထွားမှု အလေ့အထ၊ သရက်
ပင် စတင်စိုက်ပျိုးသည်မှ အပင်အရွယ် အိုမင်းလာသည်ထိရေနဲ့ နိုက်တြိုဂျင်ဓာတ်တို့ရဲ့ အပြန်အလှန် အကျိုးပြုနေမှုများကို အခြေခံ
အားဖြင့် သိရှိထားရန် လိုအပ်မှာဖြစ်ပါတယ်။
သရက်ပင်ရဲ့ ကြီးထွားဖွံ့ဖြိုးတဲ့ အချိန်တိုင်းမှာ၊ အကိုင်းထိပ်မှာရှိတဲ့ အနားယူ ငြိမ်သက်နေတဲ့ ထိပ်ဖူး သို့မဟုတ် ဘေးဖူးများမှ ပုံမှန်
ကဲ့သို့ပင် အချိန်တို ကာလအတွင်း၊ အပင်ပိုင်း သို့မဟုတ် မျိုးပွားပိုင်း အင်္ဂါများအဖြစ် ထွက်ပေါ်ကြီးထွားလာကြတာ ဖြစ်ပါတယ်။
တစ်ကြိမ်ကြီးထွားပြီး နောက်အကိုင်းထိပ်ဖူးဟာ အနားယူသွားပါတယ်။ ထို့နောက် ထပ်မံနိုးထလာကာ ပြန်လည် ဆက်လက်ကြီး
ထွားပြန်ပါတယ်။ ဤကဲ့သို့ နှစ်စဉ်အကိုင်းများ ဆက်လက်ရှည် ထွက်ကြီးထွားခြင်း၊ ဘေးကိုင်းများဖြာ ထွက်ကြခြင်းတို့ ဖြစ်ပေါ်နေ
တာဖြစ်ပါတယ်။ အသစ်ကြီးထွားထွက်လာတဲ့ အကိုင်းဟာ အပင်ပိုင်းကြီးထွားမှုဆိုပါက အဆစ်၁၂ ဆစ်ခန့်နဲ့ အရွက်များထွက်လေ့
ရှိပါတယ်။ မျိုးပွားပိုင်းဆိုရင် ဘေးဖူးကနေ ပန်းခိုင်ထွက်လာပါတယ်။ အကယ်၍ ထွက်လာတဲ့ အညွန့်သစ်ဟာ နှစ်မျိုးရောနေမယ်
ဆိုပါက အရွက်များရော ပန်းခိုင်များပါ ရောပါနေတတ်ပါတယ်။ သရက်ကိုင်းထိပ်မှ အဖူးများ စတင်နိုးကြားလာတာဟာ အကိုင်းများ
မှ အညွန့်သစ်ထွက်လာရန် အစပျိုးတာ ဖြစ်ပါတယ်။ သရက်ပင်ကို ရေငတ်ခံနိုင်တဲ့ အပင်ဆိုပြီး စဉ်းစားထားကြသော်လည်း အပင်
ကောင်းစွာ ကြီးထွားစေရန်အတွက် ရေလုံလောက်စွာ ရရန်လိုပါတယ်။
သရက်ပင်များ ရေငတ်ပါက အညွန့်သစ် မထွက်လာ နိုင်တော့ပါ။ ရေငတ်မှုကြောင့် အကိုင်းများနားနေခြင်းဖြင့် ပန်းခိုင်ထွက်လာ
စေရန် အားပေးမှုကို ဖြစ်စေနိုင်ပါတယ်။ မြေမှာ အစိုဓာတ် (ရေ) လုံလောက်စွာရှိနေပါက အရွက်တွင်းရှိ နိုက်တြိုဂျင်ဓာတ်ပမာဏ
က အညွှန့်သစ်ထွက်လာမှုကြိမ်နှုန်းကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အတွေ့အကြုံများ အရ၊ အရွက်တွင်းနိုက်တြိုဂျင်
ပမာဏ ၁ ဒသမ ၄ ရာခိုင်နှုန်း ကျော်ရှိနေပါက ပူနွေးတဲ့ရာသီမှာအပင်ပိုင်းအညွန့်ထွက်တဲ့ကြိမ်နှုန်းများလာစေပါတယ်။ထို့ကြောင့်
အညွန့်ထွက်ချိန် တစ်ခုနဲ့ တစ်ခုကြား အနားယူချိန်ကာလ မလုံလောက်တဲ့ အတွက် ပန်းပွင့်လာစေမှုကို ဟန့်တားနေ စေပါတယ်။
အရွက်တွင်း နိုက်တြိုဂျင် ပမာဏဟာ ၁ ဒသမ သုည ရာခိုင်နှုန်းအောက်မှာ ရှိနေပါက အညွှန့်သစ်ထွက်လာစေမှုကိုဟန့် တားစေ
ပါတယ်။ သို့အတွက် အပူပိုင်းဒေသမှာ စိုက်ပျိုးတဲ့ သရက်ပင်များရဲ့ အကိုင်းဖြတ်ပေးမှုအပေါ် တုံ့ပြန်နိုင်မှုကို သဘောပေါက်နား
လည်းနိုင်ရန်အတွက် မြေတွင်းအစိုဓာတ်နဲ့ အရွက်တွင်းရှိ နိုက်တြိုဂျင်ဓာတ် ပမာဏကို ဆင်ခြင်သုံးသပ်ရန်လိုအပ်မှာဖြစ်ပါတယ်။
အကိုင်းဖြတ်ပေးခြင်းဖြင့် သရက်ပင်မှ အရွက်သစ်များ၊ အညွန့်သစ်များထွက်လာစေပါတယ်။ သရက်ပင်မှထွက်လာတဲ့ အရွက်
သစ်များဟာ အစာချက် လုပ်ပေးပြီး ကာဘိုဟိုက်ဒရိတ် ထုတ်လုပ်ပေးကြတာဖြစ်တဲ့ အတွက် သရက်ပင်မှ အညွန့်သစ်နဲ့ အရွက်
သစ်များ ထွက်လာရေးဟာ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။သရက်ပင်ဟာ အမြဲစိမ်း အပင်မျိုး ဖြစ်သော်လည်း အပင်အတွက်
လိုအပ်တဲ့ အစာအာဟာရများ ရရှိစေရေးအတွက် အရွက်အို၊ အရွက်ဟောင်းများထက် အရွက်သစ်၊ အညွှန့်သစ်များဟာ သရက်
ပင်ရဲ့ ကာဘိုဟိုက်ဒရိတ် စုဆောင်း ရရှိစေရေးမှာ အထူးအရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ စုဆောင်းရရှိထားတဲ့
ကာဘိုဟိုက်ဒရိတ် များကို ကစီဓာတ်အဖြစ် သိုလှောင်ထားနိုင် သကဲ့သို့၊ အညွန့်၊ အကိုင်း၊ အမြစ်များ စတဲ့ အပင်ပိုင်းအစိတ်အ
ပိုင်းများ ရှည်ထွက် ကြီးထွားလာစေရန်နဲ့ ပန်းပွင့်၊ အသီးစတဲ့ မျိုးပွားပိုင်း အင်္ဂါ အစိတ်အပိုင်းများ ဖြစ်လာစေရန် အတွက်လည်း
တိုက်ရိုက် အသုံးချတာကို တွေ့ရပါတယ်။
သရက်သီး ကြီးထွားဖွံ့ဖြိုးလာရေး အတွက် စုဆောင်းထားတဲ့အစာကို အသုံးပြုရတာ ဖြစ်ပါတယ်။ သရက်ပင်မှ ချက်လုပ်ပေးနိုင်
မယ့် အစာပမာဏဟာ သရက်ပင်ပေါ်မှာရှိနေတဲ့ အရွက်အရေအတွက်နဲ့ တိုက်ရိုက် ဆက်စပ်ပတ်သက်နေပါတယ်။ သို့အတွက်
သရက်ပင်ရဲ့အကိုင်းများကို ဖြတ်ပေးခြင်းဟာ အပင်မှ ကာဘိုဟိုက်ဒရိတ် ထုတ်လုပ်နိုင်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။
သို့သော် နေရောင်နဲ့ ကောင်းစွာထိတွေ့နေတဲ့အရွက်များကသာ အစာကောင်းစွာချက် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်သက်
တမ်းနဲ့ အရွယ်အစား ကြီးထွားလာတာနဲ့ အမျှ၊ တစ်ပင်နဲ့ တစ်ပင်ရဲ့အကိုင်းများနဲ့ အရွက်များဟာ ထပ်နေ၊ ရောယှက်နေကြပြီး
အသီးထွက်ကိုလည်း ကျဆင်းလာစေပါတယ်။ ပွင့်သီးမှုနည်းလာပြီး ရောဂါနဲ့ပိုးများ ကျရောက်မှုလည်း များလာစေနိုင်ပါတယ်။
ဒါ့ကြောင့် အပင်မှာရှိတဲ့ အစာချက် လုပ်ပေးနိုင်မယ့် အရွက်အများစုကို နေရောင်ကောင်းစွာ ရရှိစေနိုင်ရေးအတွက်အကိုင်းဖြတ်၊
အကိုင်းရှင်းခြင်းများကို ပြုလုပ်ပေးကာ၊ အပင်ပုံသွင်း ပြုပြင်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။
သရက်ပင်ကို အကိုင်းရှင်း၊ အကိုင်း ဖြတ်ပေးကြရာမှာ အကိုင်းဖြတ်တဲ့ နေရာ၊ ဖြတ်ပေးလိုက်တဲ့ ပမာဏ၊ အကိုင်းဖြတ်ခြင်းရဲ့
ရည်ရွယ်ချက် စတဲ့အချက်များပေါ်မူတည်ပြီး အကိုင်းဖြတ်ပေးနည်းများ မတူကွဲ ပြားကြပါတယ်။ အဓိကအားဖြင့် သရက်ပင်
အကိုင်းများကို ဖြတ်ရာတွင် နည်းလေးနည်းကို အသုံးပြုကြလေ့ ရှိပါတယ်။ (၁) အကိုင်းရဲ့ တချို့အစိတ်အပိုင်းကို သာဖြတ်ခြင်း၊
ဒီနည်းမှာတော့ အကိုင်းများ၊ ပင်စည်များမှ အကိုင်းနဲ့ အရွက် အစိတ် အပိုင်းတချို့ကိုသာ ဖြတ်ပေးတာဖြစ်ပြီး၊ အကိုင်းနဲ့ အရွက်
တချို့ဟာ အပင်ပေါ်မှာကျန်ရှိနေရစ်ပါတယ်။ (၂) အကိုင်းထိပ်ပိုင်းကိုသာ ဖြတ်ပေးခြင်း၊ ဒီနည်းမှာ အညွန့်များအကိုင်းများရဲ့
ထိပ်ပိုင်းမှာရှိတဲ့ အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖြတ်ပေးတာဖြစ်ပါတယ်။ (၃) အကိုင်း၊ အညွန့်များရဲ့ ထိပ်ဖူးကိုသာ ဖြတ်ပေး
ခြင်း၊ ဒီနည်းမှာတော့ အကိုင်းများ၊ အညွန့်များရဲ့ ထိပ်ဖူးကိုသာ ဖြတ်ပေးလိုက်တာ ဖြစ်ပါတယ်။ (၄) အကိုင်း၊ အညွန့်တစ်ခုလုံး
ကို ဖြတ်ခြင်း၊ ကိုင်းရှင်းခြင်း၊ ဒီနည်းမှာ အကိုင်းများ၊ အညွန့်များကို အရင်းမှ ဖြတ်ပေးတာ ဖြစ်ပါတယ်။ Tip-pruning နဲ့
Tipping နည်းများဟာHeading အကိုင်း ဖြတ်နည်းထဲမှာ ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။
Thinning နည်းကို အကိုင်းသေ၊ အကိုင်းခြောက်များ၊ အကိုင်းထွက်နေမှု ပုံမမှန်သည့် အကိုင်းများ၊ အပင်အောက်ခြေနှင့် နည်း
ကပ်စွာ ထွက်နေတဲ့ကိုင်းများကို ဖြတ်ရာတွင် အသုံးပြုကြပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနဲ့ အခြားသော ဓာတုဆေး
များ ပက်ဖျန်းရာတွင် အပင်အတွင်း ဆေးများဝင်ရောက်မှု ကောင်းစွာ ပျံ့နှံ့စေရန် အတွက်လည်း Thinning နည်းကို သုံးကြပါ
တယ်။ ဒီနည်းမှာ အပင်အတွက် အသုံးဝင်နိုင်တဲ့ အကိုင်းများကိုပါ ဖြတ်ပစ်ရတာ ဖြစ်တဲ့အတွက် အမှန်တကယ် လိုအပ်မှသာ
အသုံးပြုသင့်ပါတယ်။ သရက်ပင်များကို အကိုင်းဖြတ်ပေးကြရာတွင် အကိုင်းရဲ့ အစိတ်အပိုင်း တချို့ကိုသာ ဖြတ်ပေးတဲ့
Heading နည်းကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ သရက်ပင်မှာ အကိုင်းထိပ်ပိုင်း ဖြတ်ပေးရာတွင် အကိုင်းများရဲ့ထိပ်မှ
အောက်ဘက် အကိုင်းအချင်း တစ်စင်တီမီတာ အရွယ်အထိ နေရာကိုဖြတ်ပေးတာ ဖြစ်ပါတယ်။ အကိုင်းရဲ့ အစိမ်းရောင်ရှိနေ
တဲ့ နေရာမှာ ဖြစ်ပါတယ်။ အညွှန့်သစ်ထွက်လာရာမှာ အပင်ပိုင်းကြီးထွားမှုရဲ့ ထူးခြားချက်ကတော့ ထွက်လာတဲ့အညွှန့်
(အကိုင်းသစ်) ရဲ့ အရင်းဘက်မှာ အဆစ်ကျဲ (ဆစ်ကြားရှည်) နေလေ့ရှိကာ၊ အကိုင်းဖျားရောက်လာသော် အဆစ်စိတ်နေပြီး
အရွက်များ၊ အဖူးများ စုနေတဲ့ အခြေအနေဖြစ်ပါတယ်။
အရွက်များ၊ အဖူးများ စုနေတဲ့ အတွက် အကိုင်းဖြတ်ပေးရာတွင် အကိုင်းထိပ်မှ ဘယ်နှစ်ရွက်မြောက်တွင် ဖြတ်မှာလည်းဆိုတဲ့
အပေါ် မူတည်ကာ အသစ်ထွက်လာမယ့် အညွန့်သစ် (အကိုင်းသစ်) အရေအတွက် ကွာခြားသွားစေမှာဖြစ်ပါတယ်။ သရက်ပင်
မှာ ရေ(အစိုဓာတ်)နဲ့ အာဟာရဓာတ်များ ကောင်းစွာရရှိနေပါက အကိုင်းထိပ်ဖြတ်ပေးပြီး နောက်မကြာမီအညွန့်သစ် (အကိုင်း
သစ်)များ လျင်မြန်စွာထွက်လာမှာ ဖြစ်ပါတယ်။ ထွက်လာတဲ့အညွှန့်အရေအတွက်ဟာ အကိုင်းထိပ်မှစတင်ရေတွက်ပြီး ဖြတ်
ပေးလိုက်တဲ့အဆစ်ပေါ် မူတည်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။