Life

Words
84
Reading
1 min
Listen
Play
8y

ဘဝ
တစ်ခါတစ်လေကိုယ်ဖြစ်ချင်တာဖြစ်ဖို့မသေချာဘူး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးတာက
တကယ့်ဘဝ ပီသပါတယ် ……

ဘဝ
တစ်ခါတစ်လေ ကံဆိုးလှတယ် ထင်ပြန်တယ်
ကံကို လူကလုပ်တာပါလားလို့သိထား နားလည်ထားရင်
တကယ့် ဘဝက နေလို့ကောင်းပါတယ် ……

ဘဝ
ရုပ်ရည် ချောမောလှပနေမှ ဘဝလှတယ်လို့ ထင်ကြတယ်
ရုပ်ချောဖို့ထက် အရည်အချင်းရှိနေရင်
ချောပေ့ လှပေ့ဆိုတဲ့ အမျိုးသား အမျိုးသမီးတွေကို
ကိုယ့်အလုပ်မှာ လက်ညှိုးထိုးခိုင်းစားလို့ ရတာကို နားလည်ဖို့လိုတယ် ……

ဘဝ
အရည်အချင်းရှိနေရင် ပြည့်စုံတယ်လို့ထင်ပြန်တယ်
အရည်အချင်းရှိနေပြီး အသုံးမချတတ်ရင်
ဘယ်နေရာရောက်ရောက် သူများခိုင်းဖက်အဆင့်ကနေ
တက်လာမှာ မဟုတ်ဘူး ……

ဘဝ
သူများအလုပ်မလုပ်ချင်ဘူး
ကိုယ့်အလုပ်ပဲကိုယ်လုပ်ချင်တယ်ဆိုတဲ့စိတ်ရှိတယ်
သူများခိုင်းတာလုပ်နေပြီး ကိုယ်မကြိုးစားရင်
ကိုယ်ပိုင်အလုပ်ဆိုတာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး ……

ဘဝ
ကိုယ့်စကားချည်းပဲ သူများကို နားထောင်ခိုင်းလို့မရဘူး
သူများစကားလည်း ကိုယ်က လေးလေးစားစားနားထောင်တတ်မှ
ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်အပေါ်ကိုချစ်ခင်မယ် ……

ဘဝ မှာ
ငိုချင်စရာတွေရှိတယ်
စိတ်ညစ်စရာတွေရှိတယ်
ပျော်ရွှင်စရာတွေရှိတယ်
စိတ်ချမ်းသာစရာ စိတ်မချမ်းသာစရာတွေရှိတယ် ……

အရာအရာမှန်သမျှ ကိုယ့်စိတ်တိုင်းကျဖြစ်နေတယ်ဆိုရင်
လောကဓံ ဆိုတဲ့စကား မြန်မာစာမှာ မရှိသင့်ဘူးလေ ………

ဒါတွေကို နားလည်ထားရင်
လောက လူ့ဘဝက နေပျော်စရာပါပဲ :) ……

image