Kyar Zan Chat

Words
262
Reading
2 min
Listen
Play
8y

ကြာဇံချက်

ကြာဇံချက် ချက် တဲ့ ပုံစံတွေ အများကြီးရှိသည့်အနက်မှ ဒီနေ့ချက်ဖြစ်တဲ့ ချက်နည်းကို အကြိုက်ဆုံးပါ...ကိုယ်တိုင်ကို
က ကြာဇံချက်က ကိုယ့်ရဲ့ အကြိုက်ဆုံးအစားအစာ တွေထဲ
မှာ တစ်ခုလို့တောင် ပြောလို့ရပါတယ် ....ဒါကြောင့် ရောက်လေရာအရပ်တိုင်းမှာ ကြာဇံချက်နဲ့ ပက်သက်တဲ့ ချက်နည်းပေါင်းများစွာကို လေ့လာခဲ့တယ် သင်ယူခဲ့တယ်
ခုထိလည်းလေ့လာဆဲ သင်ယူဆဲပါ.... ..ကြာဇံချက်မှာ အဓိကက ကြက်သားဆီသတ်တာ အရေးကြီးပါတယ် ဆီသတ်တဲ့ အနံ့ ကောင်းဖို့ရယ် ကြက်ပြုတ်ရည် ငံပြာရည်
ကောင်းဖို့ရယ်က အဓိကကျပါတယ် ..ဆီသတ်တဲ့ အနံ့ ကောင်းကောင်းရဖို့ ကိုယ်တိုင် ပုံစံအမျိုးမျိုးနဲ့လက်တည့်စမ်း
ပြီးချက်ခဲ့ဖူးတယ် ကြက်သားကို ကြက်သွန်နီ/ဖြူ ထောင်းပီး
ဆီသတ်လိုက်လို့ထွက်လာတဲ့အနံ ..ကြက်နီ/ဖြူ /ဂျင်းသုံးမျိုး
ပေါင်းပီးဆီသတ်လို့ထွက်လာတဲ့ အနံ့ ကြက်နီ တမျိုးထဲထည့်
ပြီးထွက်လာတဲ့အနံ့. ဘာမှမထည့်ပဲ ဆီပူပူမှာ ဆနွင်းအရောင်တင်ပဲ ထည့်ပီး ထွက်လာတဲ့အနံ့  ကြက်သွန်ဖြူတစ်မျိုးထဲပဲထောင်းပီး ဆီသတ်လိုက်လို့ထွက်
လာတဲ့ အနံ့. မျိုးစုံပေါ့

နောက် ဘာမှဆီမသတ်ပဲ ကြက်ပြုတ်အိုးထဲ အကုန်ပစ်ထည့်ပီးတော့လည်း ချက်ဖူးတယ် ...အားလုံးထဲမှာ မှ ကိုယ်အကြိုက်ဆုံးနဲ့ ကြာဇံချက်ရဲ့ ဟင်းပွဲနဲ့အလိုက်ဖက်ဆုံးကတော့ အခု ချက်ပြမဲ့ ကြက်သွန်ဖြူ တစ်မျိုးထဲထောင်းပြီးဆီသတ်ပြီး ချက်တဲ့ ပုံစံကို အကြိုက်ဆုံးပါ အနံ့ရော အရသာပါ တကယ်ကောင်းပါတယ်......နောက်တချို့ က ကြက်သားကို အစိမ်းလိုက်သေးသေးလေးတွေတုံးပြီးချက်တယ် အခုချက်မဲ့ ပုံစံက ကြက်သားကို အရင်ပြုတ်ပီးမှ ချက်မှာဖြစ်ပါတယ်
ဘာပဲဖစ်ဖြစ် စိတ်ဝင်စားတဲ့ အိမ်ရှင်မတွေအတွက် နည်းပေါင်းစုံ ရှိတဲ့ ချက်နည်းထဲက ပုံစံတစ်မျိုးပေါ့နော်
ကိုယ့်အိမ်မှာ က အိမ်သားကနည်းတော အိုးအသေးလေး အချိုးပေါ့နော် ဒီအချိုးအတိုင်းပဲ ချက်နည်းကို ရေးပြီးတင်ပေးလိုက်ပါ့မယ်.....

ပါဝင်ပစ္စည်းများ

ယိုးဒယား ကြာဇံ တစ်ဆယ်သား (ဘာလို့ယိုးဒယားကြာဇံကို
ရွေးပီးချက်သလဲဆိုတော့ ဒီကြာဇံက ချက်လိုက်ရင် အချောင်းလေးတွေက ကြည်ကြည်လေးနဲ့ပွလာပြီး စားလိုက်ရင်လည်းထွေးထွေးလေးနဲ့ ပိုစားကောင်းလို့ပါ )
ကြက်သား ၁၅ကျပ်သား
ကြက်သွန်နီ ခြောက်လုံး
ကြက်သွန်ဖြူ ဥကြီး တစ်လုံး
ငံပြာရည် (ငံပြာရည်ကို သုံးရင် အရမ်းအနံ့မဆိုးတဲ့ ငါးငံပြာရည် အချိုရည်ကိုသုံးပါ)
ဆား ကြက်သားမူန့်. အချိုမူန့်.သကြားအနည်းငယ်
ဆနွင်း အရောင်တင်မူန့် ငရုတ်ကောင်းမူန့်. အနည်းငယ်
ကြက်ဥ နှစ်လုံး (ဘဲဥ/ငုံးဥ) ကိုယ်နှစ်သက်ရာ
မိုခြောက် ပန်းခြောက် ပဲပြားလိပ်.နှစ်ရာတန် တစ်ထုပ်ဆီ နံနံပင် ကြက်သွန်မိတ် သံပုရာသီး ငရုတ်သီးလှော်မူန့်
ဆီ အနည်းငယ်တို့ လိုအပ်ပါတယ်
ငါးဖယ်ကိုပြုတ်ပီးအတုံးသေးသေးလေးတွေတုံးပြီးထည့်ချင်လည်းရပါတယ်

ချက်နည်း.....

အရင်ဆုံး ကြက်သားကို ဆားကြက်သားမူန့်လေးအနည်းငယ်ထည့်ပီးပြုတ်ထားပါ
ကြက်သွန်ဖြူကို အခွံနွှာပြီး မညက်တညှက်ထောင်းထားပါ
ကြက်သွန်နီ ကို အလုံးလိုက်ခွှာထားပါ..မိုခြောက်ပန်းခြောက်ကို ရေစိမ်ထားပါ
ကြာဇံကို ရေစိမ်ထားပါ မိုခြောက်များကို ရေစိမ်လို့ပွလာပီဆိုလျှင်သဲများကို ပြောင်အောင်ဆေး၍ အနေတော် လေးညှပ်ထားပေးပါ ..ပန်းခြောက်များကို အလယ် ကအရိုးလေးတွေထုတ်ပီးထုံးထားပေးပါ
ကြက်ပြုတ်အိုးထဲကကြက်သားနူးပီဆိုလျှင်ဆယ်ယူ၍.အသားများကို အမျှင်ခပ်ကြီးကြီးလေးနွှာပေးထားပါ....အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဟင်းအိုးဆီသတ်လို့ရပါပီ....
ပထမဆုံး အိုးဆီပူလျှင် ပဲပြားလိပ်တွေကို အရင်ကြော်လိုက်ပါ နည်းနည်းလေးကြွပ်လာပြီဆိုလျှင် ပြန်ဆယ်ထားပါ ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြ
ူကို ဆီိသတ်ပါ မတူးပါစေနှင့် အနံမွှေးလာလျှင် ဆနွင်းအရောင်တင် အနည်းငယ်ထည့်ပါ ပြီးလျှင် ကြက်သား
များကို ထည့်ပါ.မွေပါ ရေအနည်းငယ်ထည့်ပါ ..ရေခမ်းလျှင်
မို ပန်းခြောက်. ကြက်သွန်နီ.ကြက်သားမူန့် ငရုတ်ကောင်းမူန့်
ထည့်ပါ ရေနည်းနည်းစီထည့်ပီး မိုအနည်းငယ်နူးလာသည်ထိ
စိတ်ရှည်ရှည်ဆိသတ်ပေးပါ ...

.အားလုံးအနံ့ပြည်စုံလျှင့်ကြက်သားဆီသတ်တာပြီးပါပြီ ..
အဲ့ချိန်မှာ တစ်ဖက်က ကြက်ပြုတ်ရည်အိုးကို ရေအနည်းငယ်ထပ်ထည့်ပြီးပွက်ပါစေ ပွက်လာလျှင် ကြက်သားဆီသတ်ထားတာတွေကို ကြက်ပြုတ်ရည်အိုးထဲသို့
ထည့်ပြီးထပ်ပြီးအပွက်ဆူအောင်တည်ထားပေးပါ...ဟင်းရည်အိုးပွက်ပွက်ဆူမှရေစိမ်ထားတဲ့ ကြာဇံကို အနေတော်လေးတွေဖြတ်၍ထည့်ပေးပါ ကြော်ထားသောပဲပြားလိပ်တွေကိုထည်ပါ.ပြုတ်ထားတဲ့ကြက်ဥကို ပါးပါးလှီးပီးထည့်ပေးပါ ...အရသာအတွက် ငံပြာရည်ကို ဟင်းရည်အိုးပွက်ပွက်ဆူမှထည့်ပါ အဲ့ဒါမှ ငံပြာရည်အနံ့မနံ
မှာပါ ဆားကြက်သားမူန့် အချိုမူန့် သကြား အားလုံးကို မိမိစိတ်ကြိုက် အရသာကို ထိန်းပြီးထည့်ပါ ....အရေးကြီးပါတယ် ..အရသာငန်လွန်းရင်လည်းမကောင်း
ပေါ့ရင်လည်းမကောင်း အချိုမူန့်တွေအရမ်းများရင်လည်း
မကောင်းပါဘူး....အားလုံးပြီးရင်ငရုတ်ကာင်းမုန့်အနည်းငယ်ထပ်ထည့်ပါ....ကြာဇံလည်းပွလာပြီ ဟင်းရည်လည်းအရည်ကျလာပြီဆိုလျှင် အရမ်းအရသာရှိတဲ့ ကြာဇံချက်တစ်ခွက်ရပါပီရှင် ....နံနံပင် ကြက်သွန်မိတ် ကြက်သွန်နီ ပါးပါးလှီးထားတာလေးကိုထည့်၍သုံးဆောင်ပါ
ငရုတ်သီးမူန့် သံပုရာသီး အရည်ညှစ်ပီးလည်းသုံးဆောင့်ကြည်ပါ ...အရမ်းကောင်းပြီး
အရသာရှိပါတယ်ရှင်.....

အားလုံးကို ကျေးဇူးတင်ပါတယ်.......

Photo crd - Facebook image

Kyar Zan Chat | Ecency