Hyper Waterfall

Words
339
Reading
2 min
Listen
Play
8y

ဟိုက်ပါ ရေတံခွန်သို့ ....

လမ်းကြောင်း :::

ရန်ကုန် - တောင်ငူ - လိပ်သိုလ် - ဒီမောဆို့ - ဆီဆိုင် - ဟိုပုံး - မိုင်းပွန် - လွိုင်လင် - ပင်လုံ - လဲချား - မိုင်းနောင် - ဟိုက်ပါရွာ - နောက်ဆုံး ဟိုက်ပါရေတံခွန်

ရန်ကုန်ကနေ အမြန်လမ်း မှတ်တိုင် - ၁၄၆မိုင် ကနေ တောင်ငူမှာ ဆင်းရပါမယ် ( ကြာချိန်- ၃နာရီခွဲ )

တောင်ငူကနေ ကရင်ပြည်နယ် လိပ်သိုလ်တောင်ပေါ်မြို့လေးသို့ တောင်တက်လမ်း ( ကြာချိန် - ၂နာရီ )

လိပ်သိုလ်ကနေ ဖယ်ခုံနယ်အကျော် ကယားပြည်နယ် လွိုင်ကော်မြို့သို့ တောင်တက်လမ်းအကျဉ်း ( ကြာချိန် - ၄နာရီ )

လွိုင်ကော်ကနေ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့ ထဲသို့ လမ်းအပြန့် ( ကြာချိန် - ၄နာရီ )

ဟိုပုံးကနေ မိုင်းပွန်မြို့ထဲသို့ ( ကြာချိန် - ၂နာရီ )

မိုင်းပွန်ကနေ ပင်လုံမြို့သို့ ( ကြာချိန် - ၁နာရီ )

ပင်လုံကနေ လဲချားမြို့သို့ ( ကြာချိန် - မိနစ် ၃၀ )

လဲချားကနေ မိုင်းနောင် ( ကြာချိန် - ၂နာရီ )

မိုင်းနောင်ကနေ ဟိုက်ပါရေတံခွန်ရှိရာ ( ကြာချိန် - ၁နာရ်ီ )

စားသောက်ဆိုင်များ :::

ရန်ကုန်ကနေ မနက်-၅နာရီ ထွက်လာပီဆိုတာနဲ့ တောင်ငူလမ်းခွဲထဲ ဆင်းလာမယ်ဆိုရင် ကျွန်တော်တို့ မနက်ခင်း တောင်ငူအစားအစာဖြစ်သော တောင်ငူမုန့်ဟင်းခါး ဒေါ်ပို ( မုန့်ဟင်းခါး အကျဲရည် ) စားကြပါတယ် /
စားပီးတောနဲ့ လိပ်သိုလ်မြို့သို့ထွက်ခဲ့ကြပီး လိပ်သိုလ်ရောက်ချိန်တွင် မနက်-၁၀နာရီ ဝန်းကျင်မှာ လက်ဖက်ရည်သောက်ကြတယ် /
လိပ်သိုလ်မှာ ထမင်းမစားဖြစ်ပဲ ယာဒိုလမ်းဘေး ထမင်းဆိုင်မှာ နေ့လည်စာအဖြစ်စားကြပါတယ် /
လွိုင်ကော်မြို့သို့ရောက်ချိန်တွင် အတော်ကို ညနက်နေပါပီ ( တောင်ကွဲစေတီ ဘုရားရှေ့က ကွင်းပြင်မှာအိပ်ကြတယ် ) /
လွိုင်ကော်ရဲ့ စားစရာဖြစ်သော - လွိုင်ကော်ကယားဝက်အူချောင်း - မင်္ဂလာဟင်းထုပ် အတော်စားကောင်းပါတယ် /
လွိုင်ကော်ကနေ မနက်အစောထွက် ရှမ်းပြည်နယ်ဟိုပုံးမြို့ထဲအရောက်သွားခဲ့ကြပီး ဟိုပုံးရေထွက်က ဖွားကောင်းစံ --> ကြက်ပေါင်ကြော် ထမင်းဆီဆမ်း တို့ဖူးသုပ် စားပီး မိုင်းပွန်မြို့ထဲသို့ ထွက်ခဲ့ကြတယ် /
မိုင်းပွန် - ပင်လုံမြို့တို့မှာ မစားတော့ပဲ လဲချားဈေးထဲမှာ တို့ဖူးနွေး ဆန်တို့ဖူး အချဉ်သုပ်(ဆေးကလားမပေါင်း) ရှမ်းရေစိမ် ရှမ်းအကြော်စုံတို့ကို အဝစားပီး မိုင်းနောင်မြို့ကလေးသို့ မောင်းလာကြတယ် /
မိုင်းနောင်မှာ ညအိပ်ပီး မနက်အစောမှ ဟိုက်ပါရေတံခွန်ရှိရာ ဟိုက်ပါရွာသို့ ထွက်ခဲ့ကြတယ် /
ဟိုက်ပါရေတံခွန်အောက်ခြေမှာ စားသောက်စရာတွေအရမ်းပေါပါတယ် ( ဈေးတော့ကောင်းတယ် ) မိုင်းနောင်မြို့ထဲကလည်း အကင်မျိုးစုံ အရည်မျိုးစုံဝယ်သွားပီး အေးဆေးစားသာက်လို့ရပါတယ် ...!

သတိပေးချက်များ :::

SUV type ကားများနဲ့သာ အဆင်ပြေပါတယ်

ရန်ကုန်ကနေ တောင်ငူ လိပ်သိုလ် လွိုင်ကော်အထိ နယ်မြေ အနေအထားကတော့ ငြိမ်းချမ်းပါတယ်

လွိုင်ကော်ကနေ ဟိုပုံး မိုင်းပွန် လဲချား နယ်မြေအနေထားမှာတော့ ညဖက် မဖြတ်တာအကောင်းဆုံးပဲလို့ပြောချင်ပါတယ်

လဲချားနောက်ပိုင်း ဟိုက်ပါရေတံခွန်အထိကတော့ အညိုရောင်နယ်မြေပါ
ငြိမ်းချမ်းပါတယ် သို့သော် အပြည့်အဝတော့မဟုတ် လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ် စီးပွားရေးကျပ်တည်းတယ် နောက် ယောက်ျားမျအဖို့ ပျက်စီးစေနိုင်သော ပစ္စည်းများစွာရှိတာကြောင့် လက်တွေ့မဆန်းသပ်ပဲ ဖင်မယားကြရန် သတိပေးလိုပါတယ်

မိုင်းနောင်မှာ ညဘက် ၆နာရီအပြင်မထွက်ရ ၁၄၄ ထုတ်ထားပါတယ်

ဆက်သွယ်ရေး :::

အများအားဖြင့် MPT လိုင်းသာအမိများ လိုပါတယ် / မိုင်းနောင်မှာတော့ ညဖက် အင်တာနက်လိုင်းမမိပါ ( ဟိုက်ပါ လုံးဝ ဖုန်းလိုင်းမရပါ

စုစုပေါင်းကီလို :::

ရန်ကုန် <--> ဟိုက်ပါရေတံခွန် ၂၅၀၀ ကီလို

လည်စရာပတ်စရာများ :::

တောင်ငူ လိပ်သိုလ်လမ်းမှာ - ပသိဆည်ရေလှောင်တမံ / လိပ်သိုလ်မြို့ ရိုမန်ကက်သလစ်ဘုရားကျောင်း
လွိုင်ကော်မြို့အဓိကထင်ရှားသော - ငွေတောင်ဆည် / တောင်ကွဲစေတီ / ထီးခါးစဲရေတံခွန် / ကြက်ဂူ
ဟိုပုံး - ထမ်ဆမ်းရွှေတိဂုံဘုရား / ထမ်ဆမ်းဂူ
ပင်လုံ - ပင်လုံစာချုပ်ကျောက်တိုင်

အချိန်နေ့ရက် :::

ရက်အားဖြင့်တော့ (၇ရက်) လောက်အချိန်ကြာပါမယ်
လမ်းခရီးမောင်းချိန်ကတော့ အသွားအပြန် (၄ရက်)လောက်အချိန်ပေးရပါမယ်
အေးဆေးမောင်းပါ အေးဆေးအနာယူပါ
ကားမောင်းသူများ ကားသမားချင်းကိုယ်ချင်းစာနိုင်ကြပါစေ

အကြုံပြုချက် :::

ဟိုက်ပါရေတံခွန်သို့ အခုလို တိုင်းရေးပြည်ရေး ငြိမ်းချမ်းနေတုန်း သွားကြပါ - ပျော်ကြပါ - စွန့်စားကြပါ - သွားရတာ ပေးဆပ်ရတာ တန်ပါတယ် /

ကိုယ်ပိုင်ကားဖြင့်သွားမယ်ဆိုရင် တောင်တက်လမ်းမောင်းကျွမ်းကျင်သောသူသာပိုအဆင်ပြေလိမ့်မယ် အချို့သောနေရာတွေမှာ တောင်တက်လမ်းအရမ်းကျဉ်းပီး လှိုင်းများ ချိုင့်ကွက်များ ကားကြီးများ အရမ်းသတိထားရပါတယ် /

လမ်းခရီးတစ်ချောက် ဂိတ်ပေါင်းများစွာရှိသဖြင့် စခြင်းနောက်ခြင်းများ ပါးစပ်ဆင်ခြင်စေလိုပါတယ် /

လဲချားနောက်ပိုင်း ဗမာစကားအနည်းငယ်သာ နားလည်သောကြောင့် ရှမ်းစကားအနည်းငယ်တတ်လျှင် အတော်အဆင်ပြေပါမည် ...!

ငြိမ်းချမ်းစွာသွားလာနိုင်ကြပါစေ 😎😎

Photo credit image