History

Words
89
Reading
1 min
Listen
Play
8y

သူ့ကျွန်ဘဝရောက်ခဲ့ရသော သမိုင်းသင်ခန်းစာ


ကင်းဝန်က ဗျာများနေတယ်။
သူဟာ နိုင်ငံတကာအတွေ့ကြုံရှိတယ်။
ဒါပေမဲ့ …
လက်ရှိဘုရင်စနစ်ကို မကြိုက်ဘူး

ပြင်သစ်ပဲ အားကိုးမလိုလို
အင်္ဂလိပ်ကိုပဲ ဖျောင်းဖြမလိုလို
ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
ပညာရှိပေမယ့်
သူ့ပညာဟာ တကယ်တမ်းမှာ
အင်တာနေရှင်နယ် မတိုးနိုင်ဘူး။

အင်္ဂလိပ်ကလဲ မင်းသားတပါးပါးကိုပဲ
နန်းတင်ပေးတော့မလို
လိမ်ကွက်ဆင်ထားတာကိုလဲ
ယုံချင်ချင်ဖြစ်နေတယ်။

တိုင်းတားက တပ်ကို ကိုင်ထားတယ်။
ဒါပေမဲ့ တဇွတ်ထိုး တဇောက်ကန်း
အမျှော်အမြင်က နည်းသေးတယ်။

ထိပ်ဆုံးမှာ သီပေါ။
ဝိုင်းတွန်းတင်လို့ ဘုရင်ဖြစ်ရတာ။
ဒါပေမဲ့ သူဟာဘုရင်မလုပ်သင့်
အေးအေးဆေးဆေးနေသင့်တာ။

စုဘုရားလတ်က ထက်မြက်ပါတယ်။
ဒါပေမဲ့ သူ့မှာ အချုပ်အနှောင်များစွာနဲ့
မိန်းကလေးဖြစ်နေတာက တစ်ချက်။

အမတ်တွေ အချင်းချင်း မတည့်ဘူး
မင်းသားတွေ အချင်းချင်း မတည့်ဘူး
ထက်မြက်တဲ့ အင်အားရှိတဲ့
မင်းသားတွေအကုန် အသတ်ခံထားရပြီးပြီ။
ရင်နာစရာက ကိုယ့်အချင်းချင်းသတ်တာ။

ဒီလိုနဲ့ ကျနော်တို့ အနစ်နာခဲ့ဆုံးက
အူကြောင်ကြောင်နဲ့ ကျွန်ဖြစ်ခဲ့ရတာပဲ။

မီးကုန်ယမ်းကုန် တိုက်ပြီးမှ
ကျွန်ဖြစ်ရရင်လဲ ဖြေသာသေးတယ်။
မတိုက်ဘူးလဲ မဟုတ်ဘူး။
တိုက်တဲ့နေရာတိုက် မတိုက်တဲ့နေရာမတိုက်
ဗြုတ်စဗြင်းတောင်းကို ဖြစ်လို့ …

ဒါမှမဟုတ် သံရေးတမန်ရေးအရ
အလျှော့ပေးပြီး သြဇာခံနိုင်ငံဘဝ
နေရရင်လည်း လွတ်လပ်ရေးမဆုံးရှုံးဘူး။

ခုကျ အူကြောင်ကြောင်နဲ့ကို
ကျွန်ဖြစ်ခဲ့ရတာ

photo from google18765977_428748800834601_3932217682886515448_n.jpg

History | Ecency