Gold

Words
316
Reading
2 min
Listen
Play
8y

💥 ဆီးရီးယားစစ်ပွဲ၊ Safe-haven asset၊ 1367 ဆိုတာဘာလဲ ?နှင့် ရွှေ အကြောင်းပြောရအောင် 💥

အားလုံးပဲ မင်္ဂလာပါ၊ ပျော်ရွှင်ဖွယ် သင်္ကြန်အခါသမယ ဖြစ်ကြပါစေ။

မြန်မာနိုင်ငံမှာ သင်္ကြန်တွင်းပေမယ့် Global Market ကြီးကတော့ တနင်္လာနေ့မှာပြန်လည်လှုပ်ရှားလာမှာ ဖြစ်တဲ့အတွက် ဒီနေ့ Trader မိတ်ဆွေတွေဆီကနေ စစ်ပွဲအကြောင်း၊ ရွှေဈေးကွက်အလားအလာ အတွက်မေးခွန်းတွေ အများကြီးလက်ခံရရှိပါတယ်။

အမေရိကန်၊ UK နဲ့ ပြင်သစ်တို့ရဲ့ ဆီးရီးယားအပေါ် အရေးယူတိုက်ခိုက်မှုကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို ကျွန်တော် အပိုင်းခွဲပြီး ဆွေးနွေးသွားပါ့မယ် !

🎯 Safe-Haven Asset စီးပွားရေးကပ်ကျော်ရင်းနှီးမှု

Trading လောကမှာ ရောင်းဝယ်၊ ရင်းနှီးမှု ပြုလုပ်နေတဲ့သူတိုင်းဟာ Safe-Haven Asset ဆိုတာကို သိရပါမယ်။

Financial Storms, Global Economy Crisis, Economy Slowdown ဘယ်လိုပဲခေါ်ခေါ် ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ စီးပွားပျက်ကပ် စတာတွေကြုံရပြီ ...

ကမ္ဘာ့ထိပ်သီးနိုင်ငံတွေ စစ်ရေးပူနွေးမှု၊ စစ်ရေးတင်းမာမှု၊ နောက်ဆုံး စစ်ပွဲတွေ ဖြစ်ပြီဆိုရင် ရင်းနှီးမြှုပ်နှံသူတွေဟာ ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ Stock နဲ့ အခြားသော investment တွေကို လျှော့ချပြီး " Safe-Haven Asset " လို့ ခေါ်တဲ့ စီးပွားရေးကပ် ကို ကျော်နိုင်တဲ့အရာတွေ ဝယ်ကိုင်ထားလိုက်ကြပါတယ်။

Trading လောကမှာတော့ Safe-Haven ဆိုတာ " ရွှေ " နဲ့ စီးပွားရေးတည်ငြိမ်မှု အရှိဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်ရဲ့ယန်းငွေ " JPY " ကိုခေါ်ပါတယ်။

အချို့လည်း " XAG Silver ငွေ " ဝယ်တတ်ကြသလို၊ နောက်ပိုင်း " NZD " newzeland dollar လည်း ဝယ်စုကြပါတယ်။ ( အရင်ကတော့ NZD မစုဘဲ CHF ဆွစ်ဖရန့်ငွေ ကို စုခဲ့ကြပါတယ်။ )

🎯🎯 ဆီးရီးယား စစ်ရေးကြောင့် ဘာတွေဖြစ်လာနိုင်သလဲ ?

Day Trader တွေ၊ Lower Timeframe Swing Trader တွေအတွက်ကတော့ အရမ်းအန္တရာယ်များတဲ့ အချိန်လို့ပဲဆိုချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ စစ်ပွဲတွေရှိရင် market speculator ( ဈေးကစားသူတွေ ) ဟာ Timeframe အသေးတွေမှာ ကောင်းကောင်းကစားလေ့ရှိလို့ပါပဲ။

Position Trader တွေအတွက်ကတော့ Market Action ဘယ်လိုရှိသလဲ? ဘယ် currency နောက်တိုး Safe-Haven ဖြစ်လာသလဲ? သေချာ စောင့်ကြည့်ရပါမယ်။

Syria War ရဲ့ အကျိုးသက်ရောက်မှုကို တစ်ကိုယ်စာ အတွေးနဲ့ ပြောရရင် impact သိပ်ကြီးမားမယ် မထင်မိပါဘူး။
ဘာကြောင့်လဲဆိုတော့ Syria ကို တိုက်ဖို့ဟာ ကာလရှည် တအုံ့နွေးနွေး ဖြစ်လာခဲ့တာ ဖြစ်သလို အတိုက်ခံရတဲ့ Syria ဟာ နိုင်ငံကြီးမဟုတ်တာ၊ နောက် Financial Market အပေါ် တိုက်ရိုက် သက်ရောက်မှု မရှိနိုင်ဘူးလို့ ယူဆမိတာကြောင့်ပါရ။

🎯🎯🎯 " 1367 " ဆိုတာဘာလဲ ?

ကျွန်တော်မြင်ဖူးသမျှ Financial Market မှာ ကြောက်စရာအကောင်းခဲ့ဆုံး တစ်ခုခုကို ပြောပါဆို " Brexit " လို့ ပြောရမှာပါပဲ။

ကမ္ဘာပေါ်မှာ Financial Market ရဲ့ ဗဟိုချက်တစ်ခုဖြစ်တဲ့ Britain က ဥရောပသမ္မဂ ကနေ Exit ထွက်မယ်ဆိုတာလောက် သက်ရောက်မှုကြီးတာ ဘာများရှိနိုင်ဦးမှာလဲ !

" 1367 " ကို ကျွန်တော် အမြဲတမ်း အခိုင်မာဆုံး " Resistance " လို့ ညွှန်းလေ့ရှိပါတယ်။ ဘာကြောင့်များပါလဲ ?

Brexit လို တစ်ကမ္ဘာလုံး ခြောက်ခြားခဲ့ရတဲ့ အချိန်ကာလမှာတောင် ရွှေ ဟာ " 1367 " ကို မကျော်နိုင်ခဲ့သလို အခုလည်း မကျော်သေးပါဘူး။ ကျော်ခဲ့ရင်လည်း Position Trader တစ်ယောက်အနေနဲ့ 1435 ကို လှမ်းနှုတ်ဆက်ရုံပါပဲ။

နိဂုံးချုပ်ပြောရရင်တော့ Syria War လို Fundamental ကြီးကြီးမားမား ရှိတဲ့အချိန်မှာ Lower Timeframe တွေမှာ trade တဲ့သူတွေအတွက် market မှာ impact ကြီးမကြီး သေသေချာချာ ကြည့်စေချင်ပါတယ်။

စစ်ပွဲ ဦးဆောင်တိုက်နေတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေဖြစ်တဲ့ USD, GBP, EUR တို့နဲ့ Safe-Haven တွေဖြစ်တဲ့ XAU, XAG, JPY, NZD တို့ကို အထူးသဖြင့် အထူးသတိထားလေ့လာသင့်ပါတယ်။

ရွှေ ဘာဖြစ်နိုင်လဲ လာမေးတဲ့မိတ်ဆွေတွေအတွက် အကောင်းဆုံးလက်ဆောင်ပေးချင်တာကတော့ " 1367 " ဘာဖြစ်မလဲ ဆိုတာဟာ ရွှေရဲ့ အဖြေဖြစ်တယ်ဆိုတာပါပဲ။

Credit- MEZ
Photo from facebook image