Friends

Words
62
Reading
1 min
Listen
Play
8y

အပေါင်းအသင်းဆိုတာ....

အပေါင်းအသင်း ဆိုတာ
ဆင်းရဲချမ်းသာ ၊ ရုပ်ဆိုးရုပ်လှဖို့ မလိုပါဘူး
အဓိကလိုအပ်ချက်က ရိုးသားဖို့ လိုပါတယ်။

အပေါင်းအသင်း ဆိုတာ
ရာထူးဂုဏ်တွေ ၊ ပညာတတ်တာမတတ်တာ မလိုပါဘူး
အဓိကလိုအပ်ချက်က ကိုယ်ကျင့်တရား ကောင်းဖို့လိုပါတယ်။

အပေါင်းအသင်း ဆိုတာ
ကိုယ်လိုအပ်နေချိန်မှာ ကူညီချင်မှ ကူညီနိုင်ပါလိမ့်မယ်
ဒါပေမယ့် သစ္စာရှိဖို့တော့လိုတယ်။

အပေါင်းအသင်းဆိုတာ
လူမျိုး ၊ ဘာသာ သာသနာ တူဖို့မလိုပါဘူး
ဒါပေမယ့် စိတ်ချင်းတူဖို့တော့ လိုပါတယ်။

အပေါင်းအသင်း ဆိုတာ
ကိုယ်ဝမ်းနည်းနေချိန်မှာ မထွေးပွေ့နိုင်ရင်တောင်
မလှောင်ပြောင်ဖို့ လိုပါတယ်။

အပေါင်းအသင်းဆိုတာ
လိုရင်တစ်မျိုး မလိုရင်တစ်မျိုး မဖြစ်သင့်ဘဲ
မျက်ရည်သုတ်ပေးတဲ့ လက်တစ်ချောင်းမဖြစ်ခဲ့ရင်တောင်
မကြာမကြာ ပေါ်လာတတ်တဲ့ ကြယ်လေးတစ်ပွင့်တော့
ဖြစ်ဖို့လိုတယ်။

အပေါင်းအသင်းဆိုတာ
တကယ်ကို စိတ်ရင်းနဲ့ ပေါင်းသင်းရင်
ဘုရားကပေးတဲ့ ဆုလာဘ်တစ်ခုလို့ပြောလို့ရအောင်
တန်ဖိုးကြီးလွန်းလှပါတယ်။

Photo crd - Facebook image

Friends | Ecency