Facebook ရဲ့ ရာသက်ပန် Disabled
ကျနော့် မယ် ၂၀၁၀ ခုနှစ်လောက်ထဲက
သုံးတဲ့ အကောင့် ၂ ခု ရှိတယ်
တစ်ခုကတော့ 2016 လောက်မှာ
ဝင်လို့ ကြည့်လို့ပဲ ရပြီး ဘာမှ လုပ်ခွင့်မရတဲ့
Lock ကျသွားခဲ့တယ် သက်တမ်းပြည့်မယ့်ရက်က
၄၅ နှစ်ပါတဲ့....
၄၅ နှစ် စောင့်မယ် ဆိုပါသော်လဲ အဲ့ဒီအကောင့်ဟာ
တစ်နှစ်ပြည့်တော့ ရာသက်ပန် Disabled ဖြစ်ပြီး
Facebook ကနေ ပျောက်ကွယ်သွားပါတော့တယ်...
ဒီလိုနဲ့ နောက် တစ်ခုကိုတော့ 2017 မှာ စွန့်လွှတ်လိုက်ရပါတယ်
အာ့တာတွေက ဘာဖြစ်လို့လဲ ဆိုတော့
MTV နဲ့ Youtube က Video အတိုအစလေးတွေကို
မြန်မာဘာသာပြန်ပြီး တင်မိလို့ပါပဲ...
သူတို့မှာ Copy Right Law ရှိပါတယ်...
ဘယ်သူမှ Report တင်စရာမလိုပဲ Auto မိပြီးကို
ကျပါတယ် အချိန် နှေးတာနဲ့ မြန်တာပဲ ရှိပါမယ်
စတင်ပြီဆိုကတည်းက သတိပေးပါတယ်
သင့် Video ကို တင်ခွင့်မပေးပါဘူး လို့
ဆိုပြီး Noti မှာ ပေါ်လာပါတယ်
ဒါကိုမှ ဆက်လုပ်ချင်တယ်ဆိုလဲ
နာမည် ဖုန်းနံပါတ် နဲ့ ရေးပြီး Approve လုပ်ပေးပါတယ်
Facebook က ဆက်လက်ပြီး စစ်ဆေးတဲ့ အခါ
သင်ယူထားတဲ့ Video က အသံပိုင်းဆိုင်ရာ တူညီတာပဲ
ဖြစ်ပြီး Cover Song ဘာညာဆိုရင် ခွင့်ပြုမှာဖြစ်ပြီး
လုံးဝ တိုက်ရိုက်ကူးယူ တင်ချထားတာဆိုရင်တော့
အရေးယူမှာဖြစ်ပါတယ်...
ဒါကို Facebook က ခွင့်ပြုတယ်ဟ အရေးမယူဘူးဟ ဆိုပြီး
ကျနော် ဆက်တင်ပါတယ်
3 ရက် အကောင့်ပိတ်ပါတယ်
နောက်လတွေမှာလဲ ၇ ရက်တွေ ဘာတွေ အသုံးပြုခွင့်ပိတ်ပါတယ်
နောက်ဆုံးမှာတော့ ကျနော့် Account တွေကို အပြီးအသက်
Facebook က ဖယ်ရှားသွားပါပြီ
ဘယ်လိုမှ အသနား ခံလို့မရပါ ဘယ် ID မှလဲ လက်မခံပါ
ကျနော်တို့ အဲ့ဒီ မြန်မာစာတန်းထိုး ရုပ်ရှင်တွေ MTV တွေ
တင်လို့ ဘာတွေ ပေးဆပ်လိုက်ရလဲ ဆိုတော့ ကျနော်တို့
သူငယ်ချင်းတွေ ရှိနေတဲ့ Facebook နဲ့
ကျနော်တို့ အမှတ်တရ တွေ အများကြီးရှိနေတဲ့ ၈ နှစ်တာလောက်
သုံးလာတဲ့ Account က ဘယ်တော့မှ ပြန်မရနိုင်အောင်
ရာသက်ပန် Disabled ကျသွားပါပြီ...
ခု Channel Myanmar လို မြန်မာစာတန်းထိုး ရုပ်ရှင်တွေ
Facebook မှာ ပြန်တင်နေကြတာတွေ့ပါတယ်
Auto Report က အနှေးနဲ့ အမြန်ရောက်လာမှာပါ
Facebook က ကိုယ်ပိုင်ဖန်တီးတဲ့ Video တွေကလွဲရင်
နိုင်ငံတကာ ရုပ်ရှင်တွေ ဇတ်လမ်းတွဲတွေ အစီအစဉ်တွေ
Talk Show တွေ နဲ့ The Voice လို သီချင်းဆိုပြိုင်ပွဲက
Video တွေ ယူတင်ဖို့ဆို မလုပ်ခင် ကြိုစဉ်းစားပါ
တင်မိလို့ သူတို့ ဖျက်လိုက်ပြီ သတိပေးလာရင်လဲ
Noti ကနေ တဆင့်ဝင်ပြီး သေချာ Remove လုပ်ပါ
၃ ခါထက် မနည်း သတိပေးပြီးရင် သင်မလိုက်နာတာ
သေချာပြီ လို့ Facebook က မှတ်ယူပြီး ပယ်ဖျက်သွားပါလိမ့်မယ်
နောက်ပိုင်း အဲ့ဒီနာမည်နဲ့ Facebook သုံးလို့မရအောင်ထိ
Facebook ကနေ ပယ်ဖျက်သွားပါမယ် ၁ နာရီကနေ
တစ်ရက်အတွင်း ကို ထပ်ခါ ထပ်ခါ Disabled တွေ ကျပါမယ်
ဒါကြောင့် ဒီပိုစ် ဖတ်မိတယ်ဆိုရင် မိမိ နဲ့ သက်ဆိုင်တဲ့
Video တွေကို ပဲ ထားပါ Facebook ထဲက Photo ကို ၀င်ပါ
Album ကိုသွားပါ Video Album ထဲ ၀င်ပြီး မဆိုင်တာတွေကို
ဖျက်ပစ်လိုက်ပါ ဒါဆိုရင် မှီပါသေးတယ်
Facebook ကနေ ဖျက်ပစ်ဖို့ အချိန်အလုံအလောက်ပေးထားပြီးသားပါ
လိုက်နာရမှာ သင့်တာဝန်ပဲဖြစ်ပါတယ်....
နောက်ပိုင်း မြန်မာသီချင်းတွေကိုပါ Copy Right ထားလာပါပြီ
ဒါကြောင့် သီချင်းတင်တဲ့ ကိစ္စတွေ မြန်မာစာတန်းထိုးရုပ်ရှင်တွေ
တင်တဲ့ ကိစ္စတွေကို အတက်နိုင်ဆုံး ရှောင်ပြီး
ကိုယ့် Facebook Account ကို သံယောဇဉ်ရှိတယ်ဆိုရင်
Facebook က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ
လိုက်နာနိုင်ပါစေ...
photo from facebook