ရုတ်တရက် အသက်ရှူလမ်းကြောင်း
ပိတ်ဆို့သွားခြင်း ( CHOKING )
********
မိတ်ဆွေတစ်ယောက် ရုတ်တရက်
ကွယ်လွန်သွားပြီဆိုတာ
ကြားလိုက်ရတော့ မယုံနိုင်အောင်ဖြစ်
ဖြစ်သွားမိတယ် ။
သူတို့မိသားစုတွေ ညှပ်ခေါက်ဆွဲနဲ့
မုန့်ဟင်းခါးစားနေကြတာ ။
စားပြီးခဏကြာတော့
သူက အသက်ရှူ ခက်လာတယ်
စကားမပြောနိုင်တော့ဘူး ။
ဆေးခန်းသွားကြတယ် ။
ဆရာဝန်က ဆေးရုံကြီးပဲ သွားဖို့
တိုက်တွန်းလို့ ဆေးရုံရောက်ခါနီးမှာ
ဆုံးသွားတယ် ။
ဆေးရုံမှာ အလောင်းကို ရင်ခွဲစစ်ဆေး
ကြည့်လိုက်တော့
အသက်ရှူ လမ်းကြောင်းရဲ့လေပြွန်
( Trachea ) မှာညှပ်ခေါက်ဆွဲဖတ်လေး
ပိတ်ဆို့နေတာကို တွေ့ကြရတယ် ။
လူတစ်ယောက်ရဲ့
ပါးစပ်ထဲ လည်မြိုမှာ လမ်းကြောင်း ၂ ခု
ရှိပါတယ် ။
အသက်ရှူ လမ်းကြောင်း Air passage နဲ့
အစာလမ်းကြောင်း Food passage ပါ ။
အစာမြိုချတယ်lရေသောက်လို့ ရေမြိုချ
လိုက်ရင် အစာရေတွေအစာလမ်းကြောင်း
ထဲရောက်သွားနိုင်ဖို့ အသက်ရှူ
လမ်းကြောင်းကို ခဏ ပိတ်ပေးလိုက်
ပါတယ် ။ အခန့်မသင့်ရင်တော့
အစာတချို့ က အသက်ရှူလမ်းကြောင်းထဲ
ရောက်သွားတတ်ပါတယ် ။
အသက်ရှူ လမ်းကြောင်းမှာ
တခုခု ပိတ်ဆို့သွားတာကို Choking လို့
ခေါ်ပါတယ် ။
ပိတ်ဆို့နိုင်တဲ့အရာတွေကတော့
အစားအစာl ကွမ်းဖတ်l အရာဝတ္ထုတခုခု
စသည့်တို့ဖြစ်တတ်ပါတယ် ။
အစာစားရင်းနင်တာlသီးတာတို့ဖြစ်ရင်
အစာဖတ်တချို့ အသက်ရှူ လမ်းကြောင်း
ထဲကိုရောက်သွားတတ်ပါတယ် ။
အသက်ရှူ လမ်းကြောင်းပိတ်ဆို့သွားရင်
လေမရှူ နိုင်လို့ အောက်ဆီဂျင်မရင်
သွေးထဲမှာ အောက်ဆီဂျင်လျော့နည်းလို့
ဦးနှောက်ကို အောက်ဆီဂျင်မရောက်
တော့ရင် ၁၀ မိနစ်ခန့်အတွင်း သေသွား
နိုင်ပါတယ် ။
Choking ဖြစ်ရင်
တွေ့ရမယ့် လက္ခဏာတွေနဲ့
အသက်ကယ်နည်းတွေကို
ပုံတွေနဲ့ ပြထားပါတယ် ။
Photo crd - FB