Buyer Guide

Words
1990
Reading
9 min
Listen
Play
8y

Buyer’s Guide (ကားဝယ်ရန် လမ်းညွှန်)
Compact SUV

Drive ရဲ့ကဏ္ဍသစ်ဖြစ်တဲ့ Buyer’s Guide ကနေကြိုဆိုလိုက် ပါတယ်။ဒီကဏ္ဍကတော့ ကားသစ်ဝယ်ဖို့စဉ်းစားနေတဲ့ ပရိသတ်တွေ အတွက် ပြည်တွင်းရောက်ကားသစ်တွေထဲက အမျိုးအစားတွေကို ဘယ်လိုရွေးချယ်ရမလဲ။နောက်ပြီး ဘယ်ကားတွေက ဘယ်လိုအနေ အထားမျိုးနဲ့ပိုပြီးလိုက်ဖက်တယ်။ ပေးရ တဲ့ဈေးနဲ့ ထိုက်တန်ရဲ့လား၊ ဝယ်သူအပေါ်ဘယ်လောက်တန်ဖိုးထားသလဲ၊ ဘာကြောင့်ရွေးချယ် သင့်သလဲဆို တာကို ဖော်ပြပေးသွားလိုပါတယ်။ဒီတစ်ခေါက်တော့ Compact SUV အမျိုးအစားတွေဖြစ်တဲ့ Mazda CX 5 (Next Generation) ,Mitsubishi ASX, Hyundai Tucson, KIA Sportage, Chevrolet Captiva, Ford Kuga, Jaguar F-Pace,Volvo XC 60 , GAC GS 5 super တွေအကြောင်းပြောလိုပါတယ်။ သူတို့ အကြောင်းမပြောခင် ပထမဆုံး SUV တစ်စီးရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကိုအရင်ဆုံးပြောပြပေး ချင်ပါတယ်။

SUV ဆိုတာ…
SUV ကို Sport-utility (vehicle) လို့အဓိပ္ပါယ်ရပါတယ်။ဆိုရရင် အားကစားဆန်တဲ့ဘက်စုံအသုံးဝင်တဲ့ယာဉ်လို့ ဆိုနိုင်ပါတယ်။ ဒီကားတွေက station wagon တွေနဲ့ပုံစံတူပြီး လမ်းကြမ်းမောင်း ကားတွေအဖြစ်ဖန်တီးထားပြီး မာကျော မှုရှိခြင်း၊လုံလောက် တဲ့မြေပြင်ကင်းလွတ်ပမာဏရှိခြင်းစတဲ့အရာတွေနဲ့ပြည့်စုံပါတယ်။ နောက်ပြီး လေး ဘီးယက်စနစ်တွေနဲ့လည်းရနိုင်ပါတယ်။ SUV တွေဟာ light-truck chassis ပုံစံအတိုင်းတည်ဆောက်ကြ ပေမယ့် ကြမ်းတမ်းတဲ့လမ်းတွေ၊မြို့တွင်းလမ်းတွေ၊လမ်းကောင်းတွေမှာ မောင်းနှင်ဖို့မိသားစုစီးကား အဖြစ်ဒီဇိုင်း ဖန်တီးထားကြပါတယ်။ SUV တွေကို တဖြောင့်တည်းအနေအထားကိုယ်ထည်နဲ့ ကုန်ပစ္စည်းထည့် တဲ့နေရာကို အတွင်းခန်းမှာပဲတစ်ပါတည်း ထည့်နိုင်တဲ့ပုံစံတွေပဲ တည်ဆောက်ကြပါတယ်။ဒါ့အပြင် မြင့်မားတဲ့ထိုင်ခုံ အနေအ ထား၊ pickup truck တွေလိုကျယ်ဝန်းတဲ့ပစ္စည်း ထည့်စရာနေရာ၊ မီနီဗင်နဲ့ အကြီးစားဆီဒင်တွေလို ကျယ်ဝန်းတဲ့ ခရီးသည်လိုက်ပါနိုင်တဲ့ နေရာတွေပါဝင်ပါတယ်။ နောက်ပိုင်းမှာ စွမ်းဆောင်ရည်၊သက်တောင့် သက်သာရှိမှု၊ နည်းပညာ၊လုံခြုံစိတ်ချရမှု အပြည့်အဝရှိလာတဲ့ Luxury SUV တွေပါ ဈေးကွက်အတွင်းရောက်လာတော့ SUV တွေရဲ့အရေးပါမှုက အရမ်းကိုမြင့်တက်လာပါတယ်။

SUV အမျိုးအစားများ…
SUV မှာအမျိုးအစား ၅ မျိုးခွဲခြားထားပါသေးတယ်။ အဲဒါတွေကတော့ 1- Mini sport utility vehicles (ဥပမာ- Ford EcoSport ၊ Nissan Juke ၊ Toyota Rush )၊ 2-Compact sport utility vehicles (ဥပမာ- Kia Sportage၊ Honda CR-V ၊ Mazda CX-5)၊ 3- Mid-size sport utility vehicles (ဥပမာ- Ford Everest ၊ Toyota Fortuner ၊ Range Rover Velar)၊ 4- Full-size sport utility vehicles (ဥပမာ- Toyota Land Cruiser ၊ BMW X7 ၊ Mercedes-Benz GL-Class) ၊ 5- Expanded length sport utility vehicles (ဥပမာ- Chevrolet Suburban၊ Lincoln Navigator ၊ Cadillac Escalade) တို့ဖြစ်ပါတယ်။

SUV များရဲ့ကောင်းကွက်၊ဆိုးကွက်…
နောက်ဆက်ပြောချင်တာက SUV တွေရဲ့ကောင်းကွက်၊ဆိုးကွက်တွေပါ။ကောင်းကွက်ကတော့ SUV တွေက လမ်းကြမ်း၊ လမ်းကောင်းအကုန်သုံးနိုင်တယ်။ပြီးတော့ လူများများစီးနိုင်သလို ပစ္စည်းလည်းကောင်းကောင်း သယ်နိုင်ပါတယ်။ နောက်ပြီးတော့ မော်ဒယ်မြင့်SUVတွေကကိုယ်ထည်ကိုပေါ့ပါးအောင်ထုတ်ထားလို့ ဆီစားနှုန်း ပါသက်သာလာပါတယ်။ ပြီးတော့ မောင်းနှင်ရမှုအပိုင်း၊လုံခြုံရေးစနစ်၊ ယုံကြည်စိတ်ချရမှုအပိုင်းတွေမှာပါ SUV ကားတွေက ထိပ်တန်းအဆင့်ကပါဝင်နေပြန်ပါတယ်။ဒါကကောင်းကွက်တွေပါ။ဆိုးကွက်ကတော့ မြို့တွင်းလမ်း တွေအတွက် အထူးသဖြင့် ပါကင်ထိုးဖို့နဲ့ လမ်းသွယ်တွေထဲသွားလာဖို့ရာ အခက်အခဲရှိပါတယ်။နောက်ပြီး ကားကိုယ်ထည်ကြောင့်မြို့တွင်းလို ကားကျပ်တဲ့နေရာမျိုးမှာ သွားလာရတာမလွယ်ပါဘူး။အင်ဂျင်ပါဝါကြီးပြီး ကားအလေးချိန်ကမီနီဗင်တွေ၊Hatchbackတွေ၊ဆီဒင်တွေထက်ပိုလေးတော့တော့ဆီစားနှုန်းများပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ လမ်းကြမ်းနဲ့လူ၊ကုန်ဝိတ်တွေပါရုန်းနိုင်ဖို့အချို့ SUVတွေကဒီဇယ်အင်ဂျင်သုံး ထားလို့ ကာဗွန်ဒိုင်အောက်ဆိုက်ထွက်ရှိနှုန်းများပါတယ်။ ဒီမှာတစ်ခုကြားဖြတ်ပြောလိုတာက SUV အတွက် ဓါတ်ဆီနဲ့ဒီဇယ် ဘယ်အင်ဂျင်ကပိုကောင်းသလဲဆိုတဲ့အချက်ပါ။ သမားရိုးကျဆိုရရင် ကားကြီးတွေအတွက် ဒီဇယ်ကတော့ အကောင်းဆုံးပေါ့။ ဓါတ်ဆီက အထမြန်တယ်၊ဈေးသက်သာတယ်၊ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့အထွက်နည်းတယ်၊ပြုပြင်ရလွယ်တယ်။ ဒီဇယ်က ပူလေပေါက်ကွဲအားကောင်းလေဆိုတော့ ခရီးဝေး တွေအတွက်အသုံးဝင်တယ်။ပြီးတော့ ရုန်းအားကောင်းတော့ ပစ္စည်းများများသယ်နိုင်တယ်။ ဒါပေမဲ့ ကာဗွန် ဒိုင်အောက်ဆိုက်အထွက်များတယ်၊ ပြင်ဆင်စရိတ်ကြီးတယ်။ လက်ရှိကမ္ဘာမှာတော့ သဘာဝပတ်ဝန်းကျင် အတွက်အလေးထားလာလို့ Hybrid SUV တွေပါထုတ်လုပ်လာကြပြီး ဒီဇယ်ကားတွေကို Commercial ယာဉ်တွေမှာပဲအဓိကသုံးဖို့ကြံရွယ်လာကြသလို ဓါတ်ဆီစနစ်သုံး SUV ကိုနည်းပညာနဲ့ ရုန်းအား၊ဆွဲအားကောင်း အောင်တီထွင်လာလို့ စွမ်းဆောင်ရည်ကတော့လျော့နည်းမသွားပါဘူး။ ဒါကြောင့် SUV နောက်ပိုင်းထုတ် မော်ဒယ်တွေမှာ Gasoline ကိုပဲအဓိကထုတ်လာတာတွေ့ရပါတယ်။ SUV တွေက သာမန်ကားလေးတွေထက် မတော်တဆမှုဖြစ်ရင်သေဆုံးမှုနှုန်းပိုနည်းတယ်ဆိုပေမယ့် ကားမှောက်ရင်လိမ့်သွားတဲ့နှုန်းက ကားဖွဲ့စည်း ပုံကြောင့် SUV တွေမှာပိုအဖြစ်များပါတယ်။ နောက်ထပ်တစ်ခုက SUV ကားတွေက ကြီးမားတော့ နောက် ဘက်၊ဘေးဘက်ကို မြင်နိုင်စွမ်းနည်းပါးပြီး လမ်းအသုံးပြုသူတွေအတွက်အန္တရာယ်ပိုဖြစ် စေနိုင်တယ်လို့ နိုင်ငံတ ကာလမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ကဆိုထားပါတယ်။ ပြီးတော့ SUV တွေက ပျှမ်းမျှခြင်းအရဆို သာမန် ကားတွေထက်ဈေးပိုများလေ့ရှိပြီး ငွေကြေးအတိုင်းအတာတစ်ခုပဲသုံးချင်သူတွေအတွက်တော့ ရွေးချယ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကတော့ SUV တွေရဲ့ကောင်းကွက်၊ ဆိုးကွက်တွေဖြစ်ပါတယ်။ကဲဒီလောက်ဆို SUV ကား တွေအကြောင်းတော်တော်လေးသိလောက်ပါပြီနော်။ ဆက်ပြီးတော့ Compact SUV တွေအကြောင်းပြော ချင်ပါတယ်နော်။
Compact SUV..
Compact SUV တွေဟာ Mini SUV တွေထက်ပိုကြီးပြီး mid-size SUV တွေထက်တော့ သေးငယ်ပါတယ်။ အရွယ်အစားဆိုက်အရှည်အနေနဲ့တော့ 167 to 181 လက်မအတွင်းရှိကြပြီး အများစုကခုံ ၂ တန်းသာ ပါဝင်ကြပါတယ်။ (တစ်ချို့ကတော့ ခုံ ၃ တန်းနဲ့လာပါတယ်)သန်မာကျစ်လျစ်တဲ့ SUV လို့ခေါ်ဆိုနိုင်တဲ့ Compact တွေဟာ ကားကျပ်တဲ့မြို့တွင်းလမ်းတွေရော၊Off road တွေမှာပါမောင်းနှင်နိုင်စွမ်းရှိသလို အကြမ်း လည်းခံပါတယ်။ လူ ၅ ယောက်လိုက်ပါနိုင်ပြီး အင်ဂျင်ပါဝါကလည်း mid-size SUV တွေ၊ Full size SUV တွေလောက်မကြီးကြလို့ ဆီစားနှုန်းလည်းသက်သာချင်၊ မိသားစုလည်း ၅ ယောက်ထက်မပို၊ လမ်းအစုံ သုံးချင် သူတွေအတွက် Compact SUV တွေကအသင့်တော်ဆုံးလို့ဆိုနိုင်ပါ တယ်။ ကဲ ဒါကြောင့် Drive ရဲ့ Brand’s Guide ကဏ္ဍအတွက်ရွေးချယ်ပေးထားတဲ့ ပြည်တွင်းရောက် Compact SUV တွေအကြောင်း တတ် နိုင်သ လောက်စုစည်းဖော်ပြပေးပါရစေ။ အသစ်ဝင်ရောက်လာသလို မော်ဒယ်မြင့်တွေဖြစ်လို့ Push Start ၊ Day Light ၊ Fog Light တွေပါဝင်ကြသလို ရုပ်ထွက်ပိုင်းကလည်း သူ့ထက် ငါအပြိုင်အဆိုင်တီထွင်ဖန်တီးနေကြလို့ အားလုံးစွဲ မက်စရာကောင်းလှပါတယ်။

MAZDA CX-5 (The Next Generation)
ပူပူနွေးနွေး ၂၀၁၇ ရဲ့အရောင်းရဆုံးSUV စာရင်းထဲမှာပါဝင်လာတဲ့ MAZDA CX-5 က လူ ၅ ယောက် သက်တောင့်သက်သာစီးနိုင်မယ်။ ပြီးတော့ အတွင်းခန်းမှာပဲ လုံလောက်တဲ့ပစ္စည်းထည့်စရာနေရာ လည်းပါရှိ ပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်မှာရောက်နေတဲ့ Brand New Mazda CX 5 က ၂ မျိုးရှိပါတယ်။ ယခင်မော်ဒယ်ဟောင်းနဲ့ The Next Generation ဆိုပြီးတော့ပါ။ ဒီမှာပြောချင်တာက Compact SUV ဖြစ်တဲ့ The Next Generation အကြောင်းဖြစ်ပါတယ်။ သူက ရုပ်ထွက်ပိုင်း၊ အတွင်းပိုင်းပါဝင်မှု အချို့အရင် မော် ဒယ်နဲ့ ကွဲပြားသွားပါတယ်။ ရှေ့ရုပ်ထွက်မှာ ယခင် CX 5 က မိုက်ကန်းကန်းကောင်လေး တစ်ယောက် ပုံမျိုးဖြစ်ပေမယ့် The Next Generation က Adaptive LED Headlights System ပါတဲ့မီးလုံးပိုင်းကြောင့် Smooth ပိုဖြစ်သွားပါတယ်။ Skyactiv-G 2.0 DOHC Gasoline အင်ဂျင်ကိုသုံးထားတယ်။ AWD စနစ်ဖြစ်လို့ မောင်းနှင်မှုပုံစံကတော့ Safety ပိုဖြစ်ပါလိမ့်မယ်။ မော်တာစနစ်ပါတဲ့လည်သာထိုင်ခုံတွေ၊ Head up Display ၊ 7 inch Full Colour Touch Screem Display၊ Sunroof ၊ စပီကာ ၁၂ လုံး၊ Aircon (3) Zoneဖြန့် ကျက်နိုင်မှုစတဲ့အသုံးဝင်မှုတွေပါရှိပါတယ်။ MAZDA CX-5 (The Next Generation) ရဲ့အဓိကအား သာချက် ကိုပြောပါဆိုရင် မောင်းနှင်မှုပုံစံကောင်းမွန်ခြင်းလို့ညွှန်းဆိုပါရစေ။

Starting Price: 69,000
Available Total Seating - 5
Engine Type - Skyactiv-G 2.0 DOHC 16 Value 4 Cylinder
Fuel – Gasoline
Fuel consumption- 6.9L/100km (combined)
Drive - AWD
Horse Power - 155 hp(6000 rpm)
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- အတွင်းခန်းကျယ်တယ်၊မောင်းနှင်ရတာ သက်တောင့်သက်သာရှိတယ်၊Sky Activ နည်းပညာရဲ့ အရသာကိုအပြည့်အဝခံစားရမယ်။

Mitsubishi ASX
Mitsubishi ကသူ့မျိုးဆက်သစ်ကားတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ Dynamic Shield နည်းပညာကို ASX မှာထပ်မံပေါင်းစပ် အဆင့်မြှင့်တင်ထားပါတယ်။ Dynamic Shield ရဲ့သဘောတရားကတော့ ကားတစ်စီး စွမ်းဆောင်ရည်ပိုင်းကိုကောင်းမွန်စေရုံမျှမကလုံခြုံမူကိုသာလွန်ကောင်းမွန်အောင်လုပ်ဆောင်ပေးခြင်းမျိုးပါ။ အဲဒီအပြင် New ASX မှာ Mitsubishi ရဲ့ကြံ့ခိုင်မှုအရှိဆုံးအဖြစ်ကျော်ကြားလှတဲ့ Pajero ရဲ့ Bumper side protectionလုံခြုံရေးနည်းပညာပါဝင်လို့မာကျောမှုပိုင်းမှာတော့အလွန်ကောင်းမွန်ပါတယ်။ASX မှာတပ်ဆင်ထား တဲ့ synthetic leather ထိုင်ခုံတွေအပြင် USB port နဲ့ ဂီယာအုံဒီဇိုင်းပုံစံအသစ်တို့ပါဝင်လာပါတယ်။ကား အပြင်ပိုင်းပြောင်းလဲမူကတော့ ငါးမန်းတောင်ပုံစံ အင်တာနာ၊ ရေတိုင်ကီနဲ့ ကားအင်ဂျင်ပိုင်းတွေကို ကာ ကွယ်ပေးထားတဲ့ skid plate ပါဝင်လာပြီး ကားအတွင်းခန်း ပိုမိုကျယ်ဝန်းလာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် hands Free Bluetooth system ၊ Manual ပုံစံမောင်းနှင်နိုင်တဲ့ paddle shift ၊ Cruise control ၊ 2 din touch panel display audio system၊ back camera တို့လည်းထည့်သွင်းထားပါတယ်။

Price: USD 46,900
Available Total Seating - 5
Engine Type - 2.0 Litre 16 Valve Inline-4 DOHC MIVEC
Fuel – Gasoline
Fuel consumption- 7.6L/100km (combined)
Drive - 2WD
Max.output - 150 ps(6000 rpm)
Euro NCAP test results- 5 Stars
License- YGN Plate
သုံးသပ်ချက်- ကြံ့ခိုင်မှုနဲ့အင်ဂျင်ပိုင်းတာရှည်ခံမှုကအရမ်းကောင်းပါတယ်။

GAC GS5 super
GS5 Super ရဲ့ ဒီဇိုင်းက Aerodynamic အသွင်အပြင်နဲ့ အတူSport ဆန်တဲ့ကားအမျိုးအစား ဖြစ်ပါတယ်။ GS5 Superကို 1.8 L Turocharged အင်ဂျင်ထိုင်ထားပြီး မြင်းကောင်ရေ ၁၈၀ အားထုတ်လုပ်ပေးနိုင်ပါတယ်။ စွမ်းဆောင်ရည်ကိုဦးစားပေးထားမယ့် ဆီစားနှုန်းကတော့ သင့်ပါတယ်။ ဒါပေမဲ့ အံ့သြလောက်စရာ System တွေပြည့် သိပ်အောင်ထည့်ထားတာကတော့ GAC ကိုပြည်တွင်းဈေးကွက်မှာနေရာရအောင်လုပ်ပေး နေသလို ပါပဲ။ ၁၇လက်မ ဘီးတွေတပ်ဆင်ထားပြီး Intelligent 4-Wheel Driveနဲ့ 2- Wheel Drive တွေကိုခ လုတ်နှိပ်ပြီး ပြောင်းလဲမောင်းနှင်နိုင်ပါတယ်။ အတွင်းခန်းမှာဆိုလည်း soft Dashboard Material တွေအ သုံးပြုထားပြီး ထိုင်ခုံတွေကို သြစတြေးလျနွားသားရေတွေကို အသုံးပြုထားပါသေးတယ်။ လုံခြုံရေး စနစ်အ တွက်လည်း GS 5 SUPER မှာအသက်ကယ်လေအိတ် ၈လုံးပါဝင်ပြီး 4WD မောင်းနှင်မှုပုံစံမျိုးနဲ့ တည် ဆောက်ထားပါတယ်။ နောက်ပြီးအခြားပါဝင်မှု Srandard Option အနေနဲ့ Bosch ရဲ့ Electronic Stability Progarm ၊ Hill Decent Control ၊ Hill Hold Control ၊ Electronic Parking Brake ၊ Push-start lgnition ၊ Electronic Cruise Control ၊ ၃၆၀ ဒီဂရီ Parking Camera တို့ပါဝင်မှာဖြစ်ပါတယ်။Luxury အနေနဲ့ ထပ်မံပေါင်းထည့်ချင်ရင်တော့ Mottorized Sunroof ကိုတပ်ဆင်နိုင်ပါသေးတယ်။ ပါဝင် ပစ္စည်းတွေကြောင့် ပေးရတဲ့ငွေနဲ့ညီတဲ့အရာကို ပြန်ရပါလိမ့်မယ်။

Price: USD 39,888
Available Total Seating - 5
Engine Type - 1.8 Litre Turocharged
Fuel – Gasoline
Fuel consumption- 8.4L/100km (combined)
Drive - 2WD
Max.output – 180 hp (5250 rpm)
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- ပါဝင်ပစ္စည်းတွေကများပြားတဲ့အပြင် အရည်အသွေးပိုင်းလည်းကောင်းမွန်ပါတယ်။

Hyundai Tucson
Hyundai Tucson က ၂၀၁၇ ခုနှစ်အတွက်အရောင်းရဆုံး SUV စာရင်းထဲမှာပါဝင်ပါတယ်။ ဒီကားဟာ 2.0 CRDi Engine Diesel စနစ်သုံးဖြစ်လို့ ဟိုင်းဝေးခရီးတွေအတွက်တော့ အရမ်းကောင်းပါလိမ့်မယ်။ 2WD/4WD ၂ မျိုးရနိုင်ပြီး အခုပြောနေတဲ့ဈေးက 2WD ဖြစ်ပါတယ်။ 4WD ကတော့ $47,000 ရှိပါတယ်။ မောင်းနှင်မှုပုံစံ ၂ မျိုးလုံးကိုထည့်သွင်းထားမယ်ဆိုရင် Tuson ကလုံးဝ ကိုပြိုင်ဘက်ကင်းဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့စွမ်းဆောင် ရည်ကောင်းတယ်။ပြီးတော့ဒီကားကအတွင်းခန်းကျယ်တယ်။ ပါဝင်ပစ္စည်းတွေကလည်းအရည်အသွေးမီတယ်။ နည်းပညာကောင်းတယ်။ အဓိကညွှန်းချင်တာကတော့ သူ့ရဲ့လုံခြုံရေးစနစ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံမှချီးမြှင့်တဲ့ လုံခြုံစိတ်ချမှု အကောင်းဆုံးဆု ( IIHS) ကိုပါရရှိထားတဲ့ ကားဖြစ်နေတာပါ။။ လေအိတ် ၆ လုံးစနစ်၊ ရုတ်တရက်ဘရိတ်ဖမ်းပြီးကွေ့ရတဲ့အခါမှာ လမ်းမချော်စေဖို့ ထိန်းညှိ ပေးနိုင်တဲ့ Electronic Stability Control (ESC)၊ ယာဉ်အ နောက်ဖက်ပါကင်အထောက်အကူပြုစနစ်၊ နောက်ကင်မရာ၊ ဆင်ဆာများ၊ အရေးပေါ်အော်တိုဘရိတ် System များပါရှိလို့ပဲဖြစ်ပါတယ်။ နောက်ပြီး အပူအအေး အလိုအ လျောက် အပူချိန်ထိန်းစနစ်၊ အလိုအလျောက်မြူရှင်းစနစ်၊ Cruise Control စနစ်တို့လို နည်းပညာ တွေပါပါဝင်လာလို့ လက်ခံနိုင်လောက်တဲ့ SUV ကားကောင်း တစ်စီးလို့ဆိုချင်ပါတယ်။

Price: USD 43,800
Available Total Seating - 5
Engine Type - 2.0 CRDi Engine
Fuel – Diesel
Fuel consumption- 8.0 L/100km (combined)
Drive - 2WD
Max.output - 185 ps/4,000 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- စွမ်းဆောင်ရည်ပိုင်းနဲ့ လုံခြုံရေးစနစ်ပိုင်းကို အကြိုက်တွေ့မိပါတယ်။

KIA Sportage (GT Line)
ပြည်တွင်းကိုအသစ်ဝင်ရောက်လာတဲ့ KIA Sportage (GT Line) က ရှေ့မီးကြီးစနစ်ပုံစံပိုင်းက အဓိက ပြောင်းလဲသွားတဲ့ထဲမှာပါဝင်ပါတယ်။ HID Head Lamps တွေနဲ့အတူ KIA ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ ကျား နှာခေါင်းပုံစံရှေ့ဇကာကွပ်တွေ၊ GT Alloy တွေကြောင့် ယခင်မော်ဒယ်ဟောင်းထက်ပိုပြီးလှပသွားသလို လုံးဝ ကို Sporty ပုံစံပေါက်သွားပါတယ်။ဒါ့အပြင် Wireless Charger ၊ Smart Power Tailgate၊ Seat Ventilation ၊ Steering Heat ၊ ABS စနစ်တို့လိုပြောင်းလဲသွားတဲ့စနစ်တွေကြောင့်လည်း GT Line ကပိုပြီး အာရုံစိုက် ချင်စရာဖြစ်လာပါတယ်။ ပြီးတော့နောက်ပိုင်းနှစ်တွေမှာ KIA ကားတွေက အတွင်းခန်းပစ္စည်း စုံလင်မှု ပိုင်းမှာ တော်တော်လေးချီးကျူးချင်စရာဖြစ်လာပါတယ်။ KIA Sportage (GT Line) မှာလည်း စတီယာရင်ကို အပူ/အအေးပေးတဲ့စနစ်၊ ရှေ့ Driver ခုံနဲ့ Passanger ထိုင်ခုံကို အပူအအေးပေးတဲ့စနစ်၊ဇုန် အလိုက်ဖြန့် ကျက်ပြီး အပူအအေးပေးနိုင်တဲ့ Dual-zone climate control air-conditioning စနစ်၊ Power Sunshade ပါတဲ့ Panoramic Sunroof ၊ Audio၊ ဖုန်း၊ Bluetooth ၊ အခြား Mode တွေကိုပြောင်းလဲနိုင်တဲ့ ခလုတ်တွေ တပ်ဆင်ထားတဲ့ စတီယာရင်လို Luxury Grade အစုံထည့်သွင်းပေးထားပါတယ်။ လုံခြုံရေးစနစ်အတွက်လည်း ABS (Anti-lock Braking System)၊ ESC (Electronic Stability Control) ၊ DBC (Downhill Brake Control) ၊ HAC (Hill-start Assist Control) လိုစနစ်တွေပါသလိုAll Wheel Drive ဖြစ်လို့ နေရာစုံသုံးဖို့အဆင်ပြေ စေမှာပါ။ နောက်ပြီးလည်း သူက ၂၀၁၇ အရောင်းရဆုံး SUV စာရင်းထဲမှာလည်းပါဝင်နိုင်ခဲ့ပါတယ်။

Price: USD USD 55000 (Include income Tax)
Available Total Seating - 5
Engine Type - 2.0 liter (CRDi), Turbocharged Diesel
Fuel – Diesel
Fuel consumption- 6.8L/100km (combined)
Drive - AWD
Max.output - 240 hp @ 6,000 rpm
Euro NCAP test results- 5 Stars
License- YGN Plate
သုံးသပ်ချက်- လုံးဝSporty ဆန်တဲ့ပုံစံနဲ့အတူအတွင်းခန်းမှာပါဝင်တဲ့ပစ္စည်းပိုင်းကအရမ်းကိုစုံလင်ကောင်း မွန်ပါတယ်။ ပြီးတော့ အထူးခြားဆုံးက ၇နှစ်အာမခံပေးထားတာပဲဖြစ်ပါတယ်။

Ford Kuga
ပထမဆုံးဆိုရရင် Kuga ရဲ့အင်ဂျင်ပိုင်းက 1.5 L ဆိုတော့ မြို့တွင်းစီးကားတစ်စီးလောက်ပဲစွမ်းဆောင်ရည်ရှိ လောက်တယ်လို့ သံသယဖြစ်မိပါတယ်။ဒါပေမဲ့လည်း Ford က SUV Lin up တွေမှာဆရာတစ်ဆူဆိုတော့ ဆီစားနှုန်းသက်သာအောင်ပါဝါချိုထားတာမျိုးပါ။ ဘာကပြနေသလဲဆိုတော့ မြင်းကောင်ရေ ၁၈၀ နီးပါး ထွက်ရှိမှုက Kuga က တန်းဝင် Compact SUV ဆိုတောပြသလိုက်သလိုပါပဲ။ နောက်ပြီး သူ့ရဲ့နောင်တော်ကြီး Explorer လိုပဲနည်းပညာအစုံသုံးထားတဲ့ Touch Screen ၊ CD/Aux/USB တို့ပါတဲ့ Audio စနစ်၊ ၁၈ လက်မ Alloy Wheel ၊Power Opening Tailgate ၊ Cruise Control ၊ ကောင်းမွန်တဲ့ Handling စနစ်တွေသာမကဘဲ ABS,Hill Launch Assist, Rear View Sensors, Back Camera , BLIS နဲ့အတူ Cross-traffic alert တို့လို Safety တွေပါဝင်ပါတယ်။ပြီးတော့ ကြံ့ခိုင်တဲ့တည်ဆောက်ပုံနဲ့ မြန်နှုန်းမြင့်မောင်းနှင်မှုပုံစံကောင်းတွေကို ရရှိနိုင်ပါလိမ့်မယ်။

Price: USD 52,000
Available Total Seating - 5
Engine Type - 1.5 Liter Sigma GTDI
Fuel – Petrol
Fuel consumption- 8.8L/100km (combined)
Drive - FWD
Max.Power – (180 PS,132KW)
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- အမြန်နှုန်းနဲ့မောင်းနှင်နိုင်မှုတွေမှာ အရမ်းကောင်းသလိုကြံ့ခိုင်သန်မာမှုကလည်း အမေရိကန် ကားပီသမှာပါ။ ဆီစားနှုန်းလည်း သက်သာပါတယ်။

Chevrolet Captiva
သူက Compact SUV ဆိုပေမယ့် ခုံ ၃တန်းနဲ့လာတယ်။ Mid size SUVလောက်မရှိပေမယ့် ခုံ ၃ တန်းနဲ့ ဆိုတော့ တန်ကြေးသင့်သင့်နဲ့ခုံ ၃တန်း SUV လိုချင်ရင် Captiva ကရွေးချယ်ချင်စရာပါ။ 2.0L Turbo Diesel သုံးထားလို့ High way တွေမှာလည်း စိတ်ချရတဲ့အနေအထားမျိုးရှိပါတယ်။ မောင်းနှင်မှုပုံစံကလည်း AWD ဆိုတော့ တောင်ဆင်းတောင်တက်တွေအတွက်လည်း စိတ်ချရတယ်။ Cruise Control ၊ Dual-Zone Electronic Climate Control (left/right) ၊ MyLink 7” Touch Screen Display မှာ သတင်း အချက်အစုံအလင်ကိုဖော်ပြပေးထားတယ်။ပြီးတော့ Bluetooth Hands free ပါမယ်၊ AUX and USB Inputs နဲ့အတူ Bluetooth Wireless Connection လည်းပါသေးတယ်။ Entertainment အတွက်လည်း Speaker 6 လုံးထည့်သွင်းပေးထားပါတယ်။ Immobilizer Key နဲ့ Anti-Theft Alarm တွေ၊ အာရုံခံစနစ်နဲ့ အလိုအ လျောက် မီးလင်းပေးတယ်။ လေအိတ် ၂ လုံး၊ Electronic Parking Brake ၊ Anti-lock Brake System (ABS) and Electronic Brake Force Distribution (EBD) ၊ Traction Control System (TCS), Electronic Stability Control (ESC) ၊ Hydraulic Brake Assist (HBA) ၊ Hill Descent Control (HDC) & Hill Start Assist (HSA) နဲ့နောက်ကြည့်ကင်မရာလို လုံခြုံရေးစနစ်တွေပါလို့ Chevrolet Captiva က ဈေး ကွက်မှာအခြားပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့အသင့်ရှိနေပါတယ်။

Price: USD 52000
Available Total Seating - 5
Engine Type - 2.0L, VCDi (DOHC), 16 valves
Fuel – Diesel
Fuel Consumption (Combined)- 8.7L/100 km
Drive - AWD
Maximum Power – 163 hp / 3,800 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- ခုံ ၃ တန်းပါလို့ Mid size SUV အတွက်ငွေမသုံးချင်သူတွေအတွက် အထူးသင့်လျော်တယ်။ Safety ကောင်းတယ်။

Jaguar F-Pace
နာမည်ကျော် Jaguar F-Pace က ၂၀၁၇ အတွက်ကမ္ဘာ့အကောင်းဆုံးကားဆုကိုရရှိထားတဲ့အပြင် Luxury ပုံစံထုတ်ထားလို့ အဆင့်မြင့်ပါဝင်မှုတွေသာမက လုံခြုံရေးစနစ်တွေကောင်းတွေပါပါဝင်မှာဖြစ်ပါတယ်။ Sport ဆန်တယ်၊ Mode တွေပြောင်းလဲနိုင်တဲ့ JAGUAR DRIVE CONTROL ၊ ELECTRIC POWER ASSISTED STEERING တွေပါလို့အရမ်းကို အဆင့်မြင့်လှပါတယ်။သူ့မှာ 2.0L In-line 4 Cylinder Turbocharged Diesel engine ကိုသုံးထားပြီး အမြင့်ဆုံးပါဝါထွက်ရှိမှုက 180 PS @ 4,000 rpm ဆိုတော့သင့် တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် 0 – 100 km ကို 8.7 secsထဲနဲ့ရောက်အောင်မောင်းနိုင်တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ကလက်ခံနိုင်လောက်ပါတယ်။ ဆီစားနှုန်းကလည်းသင့်တယ်။ All Wheel Drive ဖြစ်တယ်၊ အချိုးအကွေ့တွေမှာ သက်တောင့်သက်သာရှိတဲ့ပုံစံမျိုးဖြစ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ ADAPTIVE DYNAMICS နည်းပညာကိုထည့်သွင်းထားတယ်၊ အဆင့်မြင့်လည် သာတွေသုံးထားတဲ့ထိုင်ခုံတွေ၊ အကောင်း စားပစ္စည်းတွေ အပြင် INFOTAINMENT အတွက် 8-inch Full Colour HD Touchscreen ၊ Media Hub with Bluetooth® Audio Streaming စနစ်တွေသုံးထားပါတယ်။ Safety အတွက်လည်း Hill Launch Assist ၊ Emergency Brake Assist (EBA) ၊ Torque Vectoring ၊ Dynamic Stability Control (DSC) with Trac DSC Mode၊ Trailer Stability Assist ၊ All Surface Progress Control (မျက်နှာပြင်အားလုံး ကိုမောင်း နှင်တဲ့အခါမှာ လမ်းချော်တာတွေမဖြစ်အောင်၊ စတီယာရင်ပိုင်းကိုင်တွယ်လို့ ကောင်းအောင်ထိန်းညှိပေး တဲ့စနစ်) တွေကိုသုံးထားပါတယ်။

Price: USD 145,500
Available Total Seating - 5
Engine Type - 2.0L Si4
Fuel – Diesel
Fuel Consumption (Combined)- 5.3 L/100 km
Drive - AWD
Max.output - 180 PS @ 4,000 rpm
Euro NCAP test results- 5 Stars
License- YGN Plate
သုံးသပ်ချက်- နည်းပညာကောင်းတယ်။နေရာစုံအတွက်အဆင်ပြေတယ်။ စတီယာရင်စနစ်က အရမ်းကိုကောင်း မွန်ပါတယ်။

Volvo XC60
အသစ်ထွက်ရှိလာတဲ့ The All New XC60 က ယခင်မော်ဒယ်ဟောင်းတွေထက် ပိုပြီးကောင်းမွန်သွားသလို နာမည်ကြီး XC 90 ထက်ပိုပြီးSport ဆန်သွားတယ်။ Volvo ရဲ့နည်းပညာသစ်ဖြစ်တဲ့ birds-eye view စနစ်လို့ခေါ်တဲ့ ကားပါကင်ထိုးတာကိုလုံးဝ အထောက်အပံ့ပေးနိုင်တဲ့ 360 ဒီဂရီကင်မရာ၊ဇုန် ၄ ဇုန်ကိုဖြန့် ကျက်ပေးနိုင်တဲ့ air-condition စနစ်၊ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေ ကားထဲမဝင်နိုင်အောင် လေကိုသန့် စင်ပေးနိုင်တဲ့ CleanZone၊ Entertainment အတွက် dashboard ပေါ်က Sub-wofer အပါအဝင် 1100W Class-D amplifier and Bowers & Wilkins speakers 15 လုံး၊ ipad တစ်လုံးလိုသုံးနိုင်တဲ့ 9 လက်မ Touch Screen တွေသာမကဘဲ Volvo ရဲ့ နာမည်ကျော် Safety Features တွေဖြစ်တဲ့ Driver ရဲ့မောင်းနှင်မှုကို အာရုံခံပြီး ငိုက်မျဉ်းမှု၊လမ်းကြောင်းမှားတာတွေရှိပါက အချက်ပြပေးတဲ့စနစ်ပါ၊ နောက်ပြီး Air bags ၁၃ လုံး၊ ယာဉ်တိုက်မှုဖြစ်ပွားရင် ဦးခေါင်းကိုကာကွယ်ပေးမယ့် Inflatable Curtain ၊ ဒါ့အပြင် ယာဉ်တိုက်မှုဖြစ်ရင် ထိခိုက်မှုလျော့နည်းအောင်ပြုလုပ်ပေးတဲ့ Automatic Braking စနစ်၊ အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်တဲ့ City Safety Collision Avoidance Technology၊ တောင်ဆင်းတောင်တက်ရာမှာ အကူအညီပေးမယ့် Hill Descent Control နဲ့ Hill Start Assist ၊ လမ်းကြောင်းသွေဖယ်သွားရင် စတီယာရင်တုန်ခါခြင်း၊Seat belt တုန်ခါခြင်းတို့အပြင်အသံနဲ့သတိပေးနိုင်တဲ့ Lane Keeping Aid စနစ်၊ ဒါမှမဟုတ်လမ်းကြောင်း သွေဖယ်သွားရင် အလိုအ လျောက်ပြန်တည့်ပေးနိုင်တဲ့ Oncoming Lane Mitigation စနစ်၊ Cruise Control ကိုသုံးပြီး အလိုအလျောက်မောင်းနှင်ပေးနိုင်တဲ့ Pilot Assist ၊ နောက်ဘက်မှယာဉ်တိုက်မှုတွေကို သတိ ပေးနိုင်တဲ့ Rear Collision Warning system ၊ လမ်း ပျောက်ပြီးယာဉ်တိုက်မှုဖြစ်ပါက ထိခိုက်မှု လျော့ပါးစေသော Run Off Road Mitigation စနစ်တွေပါပါတယ်။ The All New XC60 က 2.0L Petrol engine ကိုသုံးထားပြီး 316 hp ထွက်ရှိမှာပါ။ သုံးရတဲ့ငွေနဲ့ ထိုက်တန်တာကို ပြန်ရပါလိမ့်မယ်။

Price: USD 115,000
Available Total Seating - 5
Engine Type - 2.0 L 4Cylinder
Fuel – Petrol
Fuel Consumption (Combined)- 6.6 L/100 km
Drive - AWD
Max.output - 316 hp @ 5,000 rpm
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- လုံခြုံစိတ်ချရမှုမှာ ထိပ်တန်းအဆင့်ကရှိတယ်။ ဒီဇိုင်းပုံစံလန်းတယ်။ အမြန်နှုန်းမြှင့်တင်နိုင်မှုက လက်ရှိ Compact တွေထဲမှာအကောင်းဆုံးလို့ဆိုနိုင်ပါတယ်။

Mercedes-Benz GLA 180
ဒီဇိုင်းပိုင်းက BMW X1,Audi Q3 တို့လိုဖြစ်ပြီး Sport style ချိုးဆစ်ထားတဲ့ ကားပုံစံ၊များပြားတဲ့ Safety feature တွေအပြင် ဇိမ်ခံပစ္စည်းတွေပါဝင်တဲ့ တန်ကြေးသင့် မော်ဒယ်တစ်မျိုးဖြစ်ပါတယ်။ အင်ဂျင်ပါဝါက 1595 CC ကိုသုံးထားပြီး မြင်းကောင်ရေ 122 hp ထွက်ရှိပါတယ်။ အင်ဂျင်ပိုင်းက သိပ်မကြီးလို့ ဆီစားနှုန်းနည်းပြီး စွမ်းအင်ထွက်ရှိနှုန်းလည်းသာမန်အဆင့်ပဲရှိပါလိမ့်မယ်။ပြီးတော့ Transmission က 7G-DCT dual clutch automatic ဖြစ်ပြီး ဓါတ်ဆီသုံးကားတစ်စီးဖြစ်ပါတယ်။ အတွင်းခန်းမှာတော့ Drive နဲ့Passenger ထိုင်ခုံတွေက electrically နဲ့လိုသလို ချိန်ညှိနိုင်တဲ့အပြင် memory နဲ့လည်းမှတ်သားထားနိုင်ပါတယ်။ နောက်ပြီးတော့ လုံလောက်တဲ့ပစ္စည်းထည့်စရာနေရာများ၊ Function မျိုးစုံပါဝင်တဲ့ Sport စတိုင် လည်သာ စတီယာရင်၊ ကား အတွင်းအပူချိန်ကို အလိုအလျောက်ချိန်ညှိပေးနိုင်တဲ့ စနစ်၊ Harman Kardon Logic 7 ပတ်လည် အသံ စနစ်၊ Keyless စနစ်၊ နည်းလမ်း ၄ မျိုးနဲ့ခါးကို အထောက်အပံ့ ပေးတဲ့ထိုင်ခုံစနစ်၊ အလွန်ကောင်းတဲ့ ဖုန်းပြော နိုင်တဲ့စနစ်၊ Eco start/stop function ၊ ရှေ့/နောက်ထိုင်ခုံ လက်တင်ခုံများအပြင် လုံခြုံရေးအဖြစ် ဘက်ကင်မရာ၊Active parking assist ၊ လေအိတ်ပါဝင်မှုအနေနဲ့window airbags၊ knee airbags များ၊တာ ယာလေပေါင်အခြေအနေကို ဖော်ပြပေးတဲ့စနစ်၊ Attention assist၊Adaptive beam assist၊ အလိုအ လျောက်မီးအလင်းပေးစနစ်၊ Cruise control ၊ အာရုံခံစနစ်ပါဝင်ပြီး နေရောင်ကို ကာကွယ်ပေးနိုင်သော ဝင့်ထည်တဲ့မှန်များပါဝင်ပါတယ်။ ဒါကြောင့် GLA 180 က Luxury ဆန်တဲ့ Sport SUV တစ်စီးဖြစ်ပါတယ်။

Price: USD 95,000
Available Total Seating - 5
Engine Type - 1595 CC 4 in-line
Fuel – Petrol
Fuel Consumption (Combined)- 6.0 L/100 km
Drive - FWD
Max.output - 122 hp
Euro NCAP test results- 5 Stars
License- No YGN Plate Automatically
သုံးသပ်ချက်- တန်ကြေးသင့်တယ်၊ မောင်းနှင်ရတာကောင်းတယ်၊

Photo crd - facebook image