ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာမှ ဗုဒ္ဓဥယျာဉ်
⌚️ကျိုင်းတုံမြို့မှ တစ်နာရီခန့်သာ သွားရသည့်... 🚌ကျိုင်းတုံ - တာချီလိတ် လမ်းခရီးရဲ့ တစ်ထောက်နားရာ နေရာအနီးရှိ ⛰တောင်တန်းကုန်းမြင့်ပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့... 🙏🏻 "အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး" စံပါယ်ရာ အလွန်ကျယ်ပြန့်မြင့်မားလှတဲ့ တောင်ပေါ်ဧရိယာမှာ ⛩သာသနိကအဆောက်အဦးများ၊ 📖 ဆရာတော်ဘုရားကြီးများ၏ အဆိုအမိန့်ဆုံးမသြဝါသစာများကို ကျောက်စာမော်ကွန်းတင်ထားသောနေရာများ၊ ဗုဒ္ဓရုပ်ပွားတော်များတစ်ဆူစီ စံပါယ်ရာတန်ဆောင်းများ၊ နှင်းဆီပန်းခင်းများ စသည်တို့ဖြင့် တောင်ထိပ်ဖျားထိ နေရာလတ်မကျန် ဥယျာဉ်ကြီးသဖွယ်ဖန်တီးထားတဲ့ သာသနာ့နယ်မြေကို ဒေသခံများက... 🤷🏻♂️ "ဗုဒ္ဓဥယျာဉ်" လို့ ခေါ်ဝေါ်ကြပါတယ်...
👷🏻 "အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး" ကိုပြုလုပ်နေစဲဖြစ်ပေမယ့် တော်တော်လေး ရုပ်လုံးပေါ်လာနေပါပြီး... 🚶🏻ရုပ်ပွားတော်အတွင်းပိုင်းသို့ ဝင်ရောက်နိုင်တဲ့... 🚪အပေါက်နှစ်ပေါက်ကိုတော့ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဝဲ၊ ယာနှစ်ဖတ်မှာ ပြုလုပ်ပေးထားပါတယ်... ထိုဝင်ပေါက်နှစ်ပေါက်လုံးရဲ့ နံရံပေါ်မှာ ကမာခွံတွေနဲ့ သေသလှပစွာနဲ့ ပြုလုပ်ဖန်တီးကာ အလှဆင်ထားပါတယ်...
🖼 အတွင်းဘက် နံရံပတ်ပတ်လည်မှာတော့ အလွန်ကြီးမားသော စကျင်ကျောက်သားချက်ကြီးဖြင့် ဂေါတမ မြတ်စွာဘုရား သုမေဓာ ရသေ့ဘဝတွင် ဗျာဒိတ်တော်ခံယူပုံမှစတင်ကာ ပရိနိဗ္ဗာန်စံတော်မူပုံအထိ ဖြစ်စဉ်အကျဉ်းချုပ်များကို ထွင်းထုပုံဖော်ထားပါတယ်...
🚗 "အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး" စံမြန်းရာနေရာမှ ညာဘက်လမ်းမှ တောင်ပေါ်သို့ အနည်းငယ်ဆက်သွားပါက အုပ်တံတိုင်းခတ်ထားတဲ့ ဝင်ပေါက်တစ်ခုကိုတွေ့ရမှာဖြစ်ပြီး... ထိုမှတဆင့်တောင်ပေါ်သို့ အကွေ့အဝှိုက်လမ်းအတိုင်းတက်သွားပါက အလွန်လှပတဲ့ သုံထပ်သာသနိက အဆောက်အဦးတစ်လုံးကိုမြင်တွေ့ရမှာဖြစ်ပြီးတော့... ၎င်းမှ တောင်ပေါ်သို့ဆက်သွားပါက ဥယျာဉ်တစ်ခုလိုအလွန်လှပတဲ့ 🌹 နှင်းဆီခင်းနှင့် 🌼 အခြားပန်းမန်တွေနဲ့ အလှဆင်ထားတဲ့ နေရာကိုရောက်မှာဖြစ်ပါတယ်...
💁🏻♂️ ထိုနေရာမှာတော့ ခြံဝင်းခက်ထားတဲ့ သာသနိကအဆောက်အဦးနှစ်ခုရှိပြီး အရွယ်အစားပိုကြီးတဲ့ အဆောက်အဦးအတွင်းပိုင်းမှာတော့ ဗုဒ္ဓရုပ်ပွားတော် ၅ ဆူပူဇော်ထားရှိပါတယ်... အမြဲတမ်းတံခါးပိတ်ထားတတ်ပေမယ့် ဘုရားဖူးဧည့်သည်မည်သူမဆို ရောက်လာပါက လုံခြုံရေးဦးလေးမှ ဖွင့်ပေးလေ့ရှိပါတယ်... ခြံဝင်းအတွင်းနံရံပတ်ပတ်လည်မှာလည်း ကျောက်စာချပ်များကို ကပ်ထားပါတယ်... ထို့ပြင် ခြံဝင်းအပြင်ဘက်နှင်းဆီပန်းပျိုးခင်းမှာလည်း ကျောက်စာတွေကို အုပ်တိုင်များနဲ့ ထားရှိထားပါတယ်...
၎င်းနေရာရဲ့ အထက်ဧရိယာမှာတော့ ဗုဒ္ဓရုပ်ပွားတော်များကိုတန်ဆောင်းများနှင့် များစွာတည်ထားပါတယ်...
🙋🏻♂️ မကြာမီတွင်လည်း တောင်ထိပ်တွင် စေတီတစ်ဆူ တည်ထားကိုးကွယ်နိုင်အောင် စတင်တော့မှာဖြစ်ပါတယ်...
ဘယ်နေရာကြည့်ကြည့် အလွန်သာယာလှပသော မြင်ကွင်းများ သာသနိကအဆောက်အဦးများကို ဆက်လက်တည်ဆောက်လျက်ရှိပြီး ၅ နှစ်စီမံကိန်းဖြင့် ပြုလုပ်နေတာဖြစ်တဲ့အတွက် များမကြာမီမှာ ယခုထက်ပိုမိုသာယာလှပသော ဗုဒ္ဓဥယျာဉ်ကြီးတစ်ခုအဖြစ် ထင်ရှားလာမည့်နေရာတစ်ခု ဖြစ်လာတော့မှာဖြစ်လို့ ပီတိခရီသွားမှတ်တမ်းမှတဆင့် ရေးသားပေးလိုက်ပါတယ်...
ကျိုင်းတုံမြို့သို့ရောက်ဖြစ်ခဲ့လျှင် မဖြစ်မနေ သွားရောက်လည်ပတ် ဘုရားဖူးသွားသင့်တဲ့ နေရာလေးတစ်ခုပါ... ယခုအချိန်မှာလည်း ဘုရားဖူး အလည်အပတ် လာရောက်သူများဖြင့် ညနေပိုင်းမှ ညမိုးချုပ်ထိ စည်ကားလျက်ရှိပါတယ်...
တောင်ခြေနေရာမှာလည်း ကျိုင်းတုံ - တာချီလိတ်ခရီးလမ်း၏ တစ်ထောက်နားရာနေရာဖြစ်လို့ မုန့်ဆိုင်များ၊ စသောက်ဆိုင်တန်းများဖြင့် စည်းကားတေပါတယ်...
မကြာမီ ထွန်းလင်းတောက်ပလာမည့် ဗုဒ္ဓဥယျာဉ်တော်ကြီးတွင် ကုသိုလ်တော် ပါဝင်နိုင်စေရန်အတွက် သဒ္ဒါန်ကြည်ဖြူ အလှူရှင်များအနေဖြင့်လည်း လှူဒါန်းနိုင်အောင် နိဗ္ဗာန်အကျိုးမျှော်ပြီး နိုးဆော်လိုက်ပါတယ်...
=================================
၂၆.၄.၂၀၁၈ ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ရောက် အမှတ်တရ...
Photo from facebook