ဇာတ်ကားနာမည်က ` အချစ်ရဲ့ကျိန်စာ ´ လို့ထင်တယ် ။ လွန်းထားထားဝတ္ထု ။ မစိုးကြီးကိုစပြီး သတိထားမိတာ ။ မင်းသားက ဒွေး ။ ဇာတ်ကားထဲမှာ ဒွေး နဲ့ မစိုးကြီးက ခြံခြင်းကပ်ရက် ။ ဒွေးက မစိုးကြီးကို အသေအလဲလိုက်ကြိုက် ။ မစိုးကြီးက ပြန်မကြိုက် ။ နောက်တော့ ဒွေးက မစိုးကြီးအခန်းထဲ ညဖက်ခိုးဝင်ပြီး လူမိခံလိုက်တယ် ။ လူမိတော့ ပေးစားရောဆိုပါတော့ ။ မချစ်ပဲယူလိုက်ရတော့ တကျက်ကျက်ရန်ဖြစ် ။ တနေ့တော့ ရန်ဖြစ်ရင်း မစိုးကြီးတွန်းလိုက်တာ ဒွေးကလှေကားပေါ်ကပြုတ်ကျ ။ ဒွေး ဇက်ကြိုး ၊ ဆေးရုံရောက် ၊ စစ်ချက်ယူတော့ ဒွေးက သူ့ဟာသူပြုတ်ကျတာပါလို့ ဖြောင့်ချက်ပေး ၊ ဒွေးသေခါနီး အသေဖြောင့်အောင် မစိုးကြီးကို မာနလေးလျော့ပြီး ဒွေးကိုချစ်ပါတယ်ဆိုတဲ့စကားလေးပြောဖို့ အားလုံးက ဝိုင်းတောင်းပန်ပေမယ့် မစိုးကြီးက လုံးဝမပြော ။ နောက်ဆုံး ဒွေးသေ ။
အဲ့ဇာတ်လမ်းမှာ မစိုးကြီးကို အကြိုက်ဆုံးအခန်းကတော့ ဒွေးသေခါနီး ဒွေးကုတင်ဘေးမှာ မစိုးကြီးထိုင်နေတဲ့အခန်းပဲ ။ အားလုံးက ဝိုင်းဖြောင်းဖျနေပေမယ့် မစိုးကြီးကတော့ မလှုပ်ရေးချမလှုပ်ပဲ ။ မျက်နှာမှာ ဒွေးနဲ့ပက်သက်တဲ့ဘာခံစားချက်မှမရှိပဲ ဒီတိုင်းမျက်ပေတုံးနဲ့ ပေကြောင်ကြောင်ထိုင်နေတဲ့အခန်းပဲ ။ မစိုးကြီးက ပေါ်ခါစဆိုတော့ အိုက်တင်လည်းထွေထွေထူးထူးမလုပ်တတ်သေးချိန် မျက်နှာမှာဘာခံစားချက်မှမရှိတဲ့ကာရိုက်တာဟာ မစိုးကြီးနဲ့ကွက်တိပဲ ။ ခံစားချက်တစ်ခုခုဆို သူ့အတွက်ခက်ချင်ခက်နေဦးမယ် ။ ခုတော့ မျက်ပေတုံးနဲ့ဒီတိုင်းထိုင်နေတာဟာ သူ့အတွက်ကွက်တိဖြစ်သွားတယ် :-D :-D
နောက်ပိုင်း သူ့ကားတွေဆက်ကြည့်ဖြစ်တယ် ။ ကြိုက်တဲ့ကားကြိုက်တယ် ။ မကြိုက်တဲ့ကားမကြိုက်ဘူး ။ အကယ်ဒမီရတဲ့ နော်ရင်မွှေးဆိုမကြိုက်ဘူး ။ အကြိုက်ဆုံးတစ်ကားရွေးပါဆို အရိပ်ပဲ ။ အမှတ်မမှားရင် မစိုးကြီးဟာ အပြင်အဆင် နဲ့ အိုက်တင်တွေကို အရိပ်မှာ စပြောင်းတယ်ထင်တာပဲ ။ မော်ဒယ်ခေတ်ဦးဆိုတော့ မစိုးကြီးရဲ့ဖက်ရှင်တွေလည်းပြောင်းလာတယ် ။ အရင်က ထူထူထဲထဲနဲ့အပြားလိုက်ကြီးဖြစ်နေတဲ့မစိုးကြီးရဲ့ မျက်ခုံးမွှေးက အရိပ်မှာ သေးသေးမျှင်မျှင်ဖြစ်လာတယ် ။ စကားပြောတဲ့အခန်းတွေဆို သိပ်သဘာဝကျလာတယ် ။ စကားနည်းနည်းပြောပြီး အပြတွေမှာပိုကောင်းလာတယ် ။ အရိပ်ဟာ တကယ်တော့ အဲ့ဒီခေတ်က ပေါ်လစီဖက်ယိမ်းပေမယ့် မစိုးကြီးကို အဲ့ကားနဲ့ အကယ်ဒမီရစေချင်ခဲ့တယ် ။ ဒါပေမယ့် အမျိုးသမီးရေးရာကလည်း လက်စောင်းထက်နေချိန် ၊ စောက်ပေါအိုက်ဒီယာတွေ အကယ်ဒမီမှာအားကောင်းနေချိန်ဆိုတော့ စီးကရက်လက်ဖျားကမချတဲ့မစိုးကြီး အကယ်ဒမီမရခဲ့ဘူး ။
ကိုယ်ဘာလို့ ဒီအကြောင်းတွေပြန်ပြောနေရလဲဆိုတော့ ကိုယ် ဒီလောက် ဒီလောက် ရုပ်ရှင်တွေကြည့်ခဲ့တယ် ။ ဒီလို ဒီလို မှတ်မိနေတယ် ။ အဲ့လောက်ဆို မြန်မာ့ရုပ်ရှင်ကို ဖောင်းထုလို့ရဘီလား :3 :3 ဘာသိလဲဆို ဘာမှမသိပါဘူး ။ ဘာတတ်လည်းဆို ဘာမှမတတ်ပါဘူး ။ ဒါပေမယ့် မျက်လုံးပါလို့ကြည့်တတ်သလို ပါးစပ်ပါလို့ပြောတတ်တယ် . . . ဒီလောက်ပါပဲ ။
ဆိုတော့ကာ စပြီ ။
ခု MRTV 4 က ပြနေတဲ့ အရိပ်ကိုပဲပြောမှာပဲ ။ ပထမဆုံးအနေနဲ့ ဝတ္ထုထဲမှာမပါတဲ့ဇာတ်ဝင်ခန်းတွေကို မဆန့်ရင်ကာတွေချဲ့ကားပြီးရိုက်ထားတာ တအားအီနေပါတယ် ။ ဇာတ်ကိုလည်း အထောက်အကူမပြုတဲ့အပြင် ဘယ်လိုမှစွဲဆောင်မှုလည်းမရှိပါဘူး ။ ပျင်းဖို့တောင်ကောင်းနေပါသေးတယ် ။
နောက် မစိုးကြီးအလှည့် ။ ဝါအရ သမ္ဘာအရ သရုပ်ဆောင်တာ သိပ်မဝေဖန်လိုပေမယ့် ညအိပ်တဲ့အချိန်အထိ မိတ်ကပ်အဖွေးသားနဲ့ဖြစ်နေတာမျိုးတော့ မဖြစ်စေချင်တော့ဘူး ။ ရိုက်ကူးရေးကင်မရာတွေကောင်းလာတာ ၊ ရုပ်သံလွှင့်နည်းပညာတွေ အဆင့်မြင့်လာတာတွေကြောင့် မစိုးကြီးအိပ်ချိန်အထိ အိုင်းလိုင်နာတွေမဖျက်ရသေးတာ အတိုင်းသားမြင်နေရပါတယ် ။ အဆိုးဆုံးကတော့ ခုချိန်ထိ မစိုးကြီးသရုပ်ဆောင်နေတာ ဇာတ်ကောင်နဲ့တသားတည်းမဖြစ်ဘူးလို့ ခံစားနေရတာပဲ ။ ပေါ့ရွှတ်ရွှတ်နဲ့ ဘာလိုနေမှန်းကိုမသိဘူး ။ အရင် taste ကို ပြန်မရတာတော့သေချာတယ် ။ မစိုးကြီးအနေနဲ့ အလုပ်တစ်ခုကိုလက်ခံလိုက်တယ် ၊ တာဝန်ကျေအောင်လုပ်ပေးလိုက်တယ်လို့ပဲ ခံစားမိတယ် ။ အလုပ်သဘောအရမ်းဆန်ပြီး အသက်မဝင်သလိုပဲ ။ ဟိုးအရင် မျက်ပေတုံးဘဝကတည်းက အားပေးလာတဲ့ပရိတ်သတ်တစ်ယောက်အနေနဲ့ပြောရရင် မစိုးကြီးကို အားမရပါဘူး ။
နောက် ဦးဇော်လင်းနေရာ သရုပ်ဆောင်တဲ့ ကိုရန်အောင် ။ ရှင်းရှင်းပြောရရင် တော်တော်သဘောမတွေ့ဘူး ။ နှုတ်ခမ်းပါးကိုတင်းတင်းစေ့ပြီး ခပ်ပြတ်ပြတ်သရုပ်ဆောင်တတ်တဲ့ ဦးဇော်လင်းနေရာမှာ ကိုရန်အောင် သရုပ်ဆောင်တာ ပြီတီတီနဲ့ ။ တော်တော်အဆင်မပြေဘူး ။ အတုလား အစစ်လားမသိတဲ့ နှုတ်ခမ်းမွှေးကလည်း ဘယ်ညာမညီပြန်ဘူး ။
နောက် လူငယ်သရုပ်ဆောင်တွေ အကုန်ညံ့တယ် ။ မိန်းကလေးကျောင်းမှာ ဆံပင်ဖားလျားချပြီး ကျောင်းတက်တယ် ။ ကျပ်ပြည့်တဲ့ဘယ်သူမဆို ခြေတော့ကောင်းကောင်းထိုးတတ်တယ် ။ ခုက ကဗျာလွတ်မကတတ်တာကို သရုပ်ဆောင်တာ အိုဗာဖြစ်ပြီး ကမ္ဘာပျက်တော့မတတ်ပဲ ။ လွန်လွန်းတယ်. . . စုလှိုင်ကလည်း ဇာတ်ကားတောင် ကောင်းကောင်းမစသေးဘူး ။ မာလိုက်တဲ့မျက်နှာကြော ။ နောက်ပိုင်း ဇာတ်ရှိန်မြင့်လာရင် မျက်နှာမမာနိုင်တော့လို့ မျက်နှာကို အင်္ဂတေကိုင်ပြီး သရုပ်ဆောင်နေရမယ် ။ သတိလည်းထားဦး . .
ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိလဲ ။
နိုင်ငံပိုင်ရုပ်သံမီဒီယာတစ်ခုရဲ့ ဥာဏ်စမ်းတဲ့အစီအစဉ်တစ်ခုမှာ ရုပ်သံလိုင်းဘက်က ဆိုးဆိုးဝါးဝါးအမှားတစ်ခုကျူးလွန်ခဲ့တယ် ။ ဒီအခါမှာ ဝေဖန်သူတွေက တခြားဘယ်သူ့ကိုမှအပြစ်မတင်ပဲ ရုပ်သံလိုင်းတာဝန်ရှိသူတွေကိုပဲ ဝေဖန်ခဲ့တယ် ။ တန်ရာတန်ကြေး မသုံးပဲ အောက်ကြေးနဲ့ရသမျှနှိုက်ခဲ့တဲ့အတွက် ငှက်ပျောသီးကျွေးလို့ မျောက်တွေလာတာမဆန်းဘူးဆိုတဲ့စကားနဲ့ ထိုးနှက်ခဲ့တယ် ။ တကယ့်ကွာလတီကိုလိုချင်ရင် ကွာလတီနဲ့တန်တဲ့အပြုအမူမျိုးလိုအပ်တယ် ။
ရုပ်သံကင်မရာတွေ ကောင်းကောင်းသုံးနိုင်တယ် ။
ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့အတွက် အချိန်ကောင်းကောင်းရတယ် ။
ရုပ်သံဇာတ်လမ်းတွဲဆိုတာ သရုပ်ဆောင်သစ်တွေအတွက် အကောင်းဆုံးလေ့ကျင့်ရေးကွင်းပဲ ။ အချိန်မပေးနိုင်ရင် ခေါ်ကိုမရိုက်နဲ့ ။
ရုပ်ရှင်ကားကြီးတွေလောက် ဈေးကွက်ကိုပြိုင်စရာမလိုတဲ့အတွက် ရောင်းတန်းဝင်သရုပ်ဆောင်တွေမပါလည်း ဘာအရေးလဲ ။ အချိန်ပေးနိုင်တဲ့သူနဲ့အလုပ်လုပ်ပေါ့. . .
မြန်မာ့ဖျော်ဖြေရေးလောက တကယ်တန်းဝင်ချင်တယ်ဆိုရင်တော့ တန်းဝင်လောက်တဲ့စီမံခန့်ခွဲနိုင်သူကို တန်ရာတန်ကြေးပေးပြီးငှါးဖို့တော့လိုတာပေါ့ . . .
ငှက်ပျောသီးကျွေးလို့ မျောက်တွေလာတာမဆန်းပေမယ့် ငါတို့က မျောက်ဖင်နီတွေထိုင်ကြည့်နေရတာ စိတ်ကုန်လှပြီ ။
photo from facebook