လေလွှင့်ငှက်ငယ်

khayae(51)
Published in
#esteem
Words
125
Reading
1 min
Listen
Play
8y

ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဦးစွာမေတ္တာများ ဖြန့်ဝေလိုက်ပါတယ် မိုးကလည်းအေးအေးနဲ့ဆိုတော့ အတွေးကောင်းလေးများ ပေါ်လာမလားလို့ ဟိုတို့ ဒီတို့နဲ့ လိုက်လုပ်ပါအုန်းမယ် ခဗျား ။ သည်းခံပြီး ဖတ်ပေးကြပါ ။ ဝါသနာက ဆွဲဆောင်ထားတော့ အားနေရင် ဖုန်းလေးဖွင့်ပြီး စာလုံးလေးတွေ တို့တို့ ချင်နေတယ် ဘာအကြောင်းတွေ ရေးလို့ ရေးရမှန်းလဲ မသိ သူများတွေလို နည်းပညာအကြောင်းတွေကလည်း မရေးတတ် စဉ်းစားရင်း စဉ်းစားရင်း စာလုံးလေးတွေ တို့ရင်း တို့ရင်း စာကြောင်းလေးတွေတော့ ပေါ်လာပါပြီ ။

image

ဆောင်းရာသီထဲ ဝင်လာတော့ ညတာလဲ အလိုက်အထိုက် အတော်ရှည်ခဲ့ပြီ သူများတွေ အိမ်မက်ရှည်နေကြတဲ့ အချိန် ကိုယ်က နှောက်ကျမှ အိပ်ယာဝင်ပြီး စောစောထခဲ့တော့ မက်ခဲ့တဲ့ အိမ်မက်က တိုလို့လား မသိ အိပ်ယာကနေ နိုးလာတော့ ဘာဆိုဘာမှ မမှတ်မိချင် စဉ်းစားလို့ ကလည်းမရ အိမ်မက်တော့ တော်တော်ဆိုးခဲ့ပုံ ရတယ် ။ အိမ်မက်ဆိုးခဲ့တာကိုတော့ သိတယ် ဒါပေမယ့် အကြောင်းအရာက ပြန်စဉ်းစားလို့ မရတာ ခက်နေတယ် မက်ခဲ့တဲ့ အိမ်မက်လည်း ပြီးပါစေတော့လေးးးးး။

image

မနက်မိုးလင်းတော့ ဘုရားမှာ ရှိနေကြတဲ့ ခိုလေးတွေကို အစာသွားကျွေးတော့ ထူးခြားတဲ့ ခိုလေးကို တွေ့ခဲ့ရတယ် အခြားသော ခိုတွေက အုပ်စုဖွဲ့ပြီး စာနေကြပေမယ့် တစ်ကောင်က တစ်ထီးလွှားလွှားထဲ အစာလာမစားဘဲ အပေါ်ယံကနေ စောင့်ကြည့်နေတယ် ရှိသမျှခိုတွေ စားသောက်ကြလို့ ပျံသွားမှ အာ့ဒီ တစ်ကောင်တည်းသော ခိုလေးက အစာလာဆင်းစားတယ် စဉ်းတော့ စဉ်းစားမိလိုက်တယ် အာ့ဒီခိုလေးဟာ အုပ်စုနဲ့ မတည့်လို့ လာမစားတာလား ? အေးအေး ဆေးဆေး တစ်ကောင်တည်း သူ့ဟာသူ စားချင်လို့လား ? ဒါမှမဟုတ် အုပ်စုကို စောင့်ရှောက်ပေးနေတာလား ပေါ့ဗျား အတွေးလေးတွေနဲ့ ဘုရားကနေ ပြန်လာခဲ့ပါတယ် ။

image

ကုသိုလ်ကောင်းမှု တွေလည်း ပြုခဲ့ပါတယ်
ရွှင်းလန်းချမ်းမြေ့ကြပါစေ

credit;google image
khayae@khayae

လေလွှင့်ငှက်ငယ် | Ecency