ဘယ်တော့မှချစ်မာလဲ

Words
305
Reading
2 min
Listen
Play
9y

"ဘယ်​​တော့များမှချစ်​မာလဲ(၁၁)"

"မိတူး"

"ရှင်​ မမ​လေး......ဘာခိုင်းမို့လဲ"

"ဘာမှမခိုင်းပါဘူး"
ပန်းချီ အသံတို့က နွမ်းရှ​နေသည်​။
"ပန်းချီး ဒီမှာအိပ်​မလို့"
"ဟင်​ မမ​လေးကလဲ မဖြစ်​နိုင်​တာ"
မိတူး အံသြသွားသည်​။

"ကို​လေးနဲ့ဘဲသွားအိပ်​ပါ​နော်​ မမ​လေး"
"ဟင့်​အင်း....ပန်းချီ........"

"မင်း ဒီမာ ဘာလုပ်​နာလဲ"
ပန်းချီ စကားတို့မဆုံးလိုက်​ ​ကျော်​​ဇေယျ တံခါး​ပေါက်​မှလှမ်း၍​ပြောလိုက်​သည်​။
"ကျွန်​မဘာ ကျွန်​မဘာလုပ်​လုပ်​​ပေါ့ ရှင့်​အပူပါလား ရှင်​ကျွန်​မကို
ချစ်​လို့ ယူထားတာလဲမဟုတ်​ဘူး လိုက်​စပ်​စုမ​နေနဲ့"
ပန်းချီ စိတ်​မရှည်​စွာ​ပြောလိုက်​သည်​။

"မင်း.....လာ"
ကျော်​​ဇေယျ ပန်းချီ လက်​​ကောက်​၀တ်​​လေးကို ဆွဲကိုင်​လိုက်​သည်​။
"ဖယ်​....လွှတ်​"
ပန်းချီ အတင်းရုန်းဖယ်​ပစ်​လိုက်​သည်​။
"ဟာကွာ မင်း.."
ကျော်​​ဇေယျ ပန်းချီကိုယ်​​လေးကို​စွေ့ကနဲ့ ​ပွေ့ချီလိုက်​သည်​။
"ဟင့်​အင်း...လူယုတ်​မာ ​အောက်​ချ​ပေး​နော်​"
ပန်းချီ ​ကျော်​​ဇေယျ ပခုံး​တေကို ထုရိုက်​ကာ​ပြော​နေမိသည်​။

မနက်​​နေ​ရောင်​ခြည်​က ​မှောင်​​နေ​သောအခန်း​လေးထဲသို
တိုးဝင်​ဖြာကျလာသည်​။
ပန်းချီ မျက်​၀န်းတို့က မျက်​နှာ​ပေါ်က​နေ​ပြောက်​ကြောင့်
တစ်​ဖြည်းဖြည်း ဖွင့်​ဟလာသည်​။

"း.၀ါး.."
ကျော်​​ဇေယျ နိုးနိုးချင်း ၀ါမ်းတစ်​ချက်​သပ်​လိုက်​သည်။
ပန်းချီ အတင်းမျက်​လုံးများကိုပြန်​မှိတ်​ကာ အိပ်​ချင်​​ယောင်
ဆောင်​​နေလိုက်​သည်​။

ကျော်​ဇေယျလဲ ​တစ်ခြား​​ဘက်​​ရောက်​​နေ​သော ပန်းချီကိုယ်​​လေးကို
ရင်​ခွင်​ထဲ ဆွဲဖက်​လိုက်​သည်​။
ပန်းချီ အလိုက်​သင့်​​လေး ​နေနေလိုက်​သည်​။
ကျော်​​ဇေယျ လက်​​တေက တစ်​ဖြည်းဖြည်းနဲ့ ပိုတင်းကျပ်​လာသည်​ဟု ပန်းချီထင်​သည်​။
မသိမသာ​လေးရုန်းလိုက်​​တော့ သန်​မာ​တောင့်​တင်း​သော
သူ့လက်​​တေက နဲနဲ​တော့​ပြေ​လျော့သွားသည်​ဟုပန်းချီ ထင်​သည်​။

ကျော်​​ဇေယျ ​ရေချိုးခန်းထဲ ၀င်​သွားမှ ပန်းချီ အသက်​၀၀ရှူရဲ
တော့သည်​။

"မိတူး ဘာ​တေချက်​ထားတာလဲ"
ပန်းချီ ​လှေကားထစ်​များ​ပေါ် က​လေး​လေးတစ်​​ယောက်​လို ခုန်​ဆင်းကာ​မေးလိုက်​သည်​။
"ကို​လေးနဲ့မမ​လေး အကြိုက်​ချက်​ထားတာ"

"ဟာ ဟုတ်​လား"
ပန်းချီး ခုံအလွှတ်​​ပေါ် ထိုင်​ချလိုက်​သည်​။
ပြီး​တော့ ခူးခပ်​စားမယ်​အလုပ်
"ဟင်​ မမ​လေး ကို​လေးကိုမ​စောင့်​​တော့ဘူးလား"
"​စောင့်​ပါဘူး ဘာလို့​စောင့်​ရမာလဲ"
ပန်းချီ စူပုတ်​ကာ​ပြောလိုက်​သည်​။
"မမ​လေးကလဲ ကို​လေးက မမ​လေးကိုချစ်​ပါတယ်​ မမ​လေးက
မသိလို့"
"​​တော်​ပါ"

ကျော်​​ဇေယျ ​လှေကားထစ်​များအတိုင်း လျင်​မြန်​စွာ ဆင်းလာလိုက်​သည်​။

"ငါ အပြင်​မာဘဲ စားလိုက်​​တော့မယ် မိတူး"
ကျော်​​ဇေယျ ​ရေကြီးသုတ်​ပြာနဲ့ ​ပြောလိုက်​သည်​။
"ဟုတ်​ ဟုတ်​ကဲ့ ကို​လေး"

ပန်းချီ ရှုဲ့မဲ့ကာ
"ကြည့်​ပါ့လား ငါ့​တောင်​မနုတ်​ဆက်​သွားဘူး"

နေ့လည်​(1)နာရီခွဲ
အိမ်​​အောက်​ထပ်​မှထိုင်​ဖုန်း​လေးက အဆက်​မပြတ်​မြည်​​နေ​လေသည်​။

"ဒီမိတူး ကလဲ ဘယ်​​နေ​ရှောက်​သွားနာလဲ မသိဘူး"
ဟုဆိုက်​မြည်​​နေ​သောဖုန်း​လေးအား ပန်းချီ
ကောက်​ကိုင်​လိုက်​သည်​။

"ဟယ်​လို"
"ဟုတ်​ မ​နေပန်းချီ နဲ့​တွေ့ချင်​လို့ပါ"

"ရှင်​ ..ဟုတ်​ ခုပန်းချီ ​ပြော​နေတာပါ"

"​အော်​ တို့မင်းကို​ပြောစရာရှိလို့ပါ"
ပန်းချီ နဲနဲ​တွေ​ဝေသွားသည်​။
ဒီအသုံးအနှုန်း​​တေကို ပန်းချီ ရင်းနှီး​နေသလို။

"ခု ​ပြော​နေတာ ဘယ်​သူလဲမသိဘူး"

မင်းလာရင်​ သိမာ​ပေါ့

ပန်းချီလဲ သိချင်​တာနဲ့
"ဘယ်​​နေရာလဲ"
"......"
"Ok​လေ လာခဲ့မယ်​"

တစ်​ဖက်​မှဖုန်းချသွားသည်​။

ဆိုင်​ထဲမှ ခုံအလွှတ်​တွင်​ ပန်းချီ ၀င်​ထိုင်​လိုက်​သည်​။
ခနအကြာ ပန်းချီ ဆီတန်းတန်း​လျောက်​လာ​သော မိန်းမတစ်​ဦး

တစ်​ဖြည်းဖြည်းနီးသထက်​နီးလာမှ ပန်းချီ မျက်​ခုံး​လေးနှစ်​ဖက်
အ​ပေါ်သို့တွန့်​သွားသည်​။
"ရှင်​ ..မာယာ.မလား"
ပန်းချီ ​ မျက်​​တောက်​မခတ်​စိုက်​ကြည့်​ကာ ​မေးလိုက်​သည်​။
"ဟုတ်​ပါတယ်​ ဘာဖြစ်​လို့လဲ တို့က အဲ့​လောက်​​တောင်​​ကြောက်​စရာ​ကောင်း​နေတာလား ...ဟား..ဟား"

"ရှင်​ဘာ​ပြောစရာရှိလို့်​လဲ"
ပန်းချီ ထိုင်​ခုံ​ပေါ်ပြန်​ထိုင်​ကာ ​မေးလိုက်​သည်​။

"ဒီမာ တို့​ပြောစကား​တေကို မင်းမယုံမာစို့လို့ ဓာတ်​ပုံပါ ယူလာတာ"

ကျော်​​ဇေယျနဲ့တွဲရက်​ပုံ​တေကို ပန်းချီ​ရှေ့ကမ်း​ပေးလိုက်​သည်​။
"အာ့ ကျွန်​မက ဘာလုပ်​ရမာလဲ"

ပန်းချီဘာမှမဖြစ်​သလို ​ပြောလိုက်​သည်​။
ပန်းချီ နှလုံးသားက နာကျင်​မှု​တေကိုအဲ့မိန်းမ မြင်​လို့မဖြစ်​ဘူး။

"သူက တို့ကို ဟိုတုန်းက အရမ်းတန်း​ဖို့ထား ချစ်​ခဲ့တာ"
သူ့အသံ​တေက မာထန်​မှုမရှိ​တော့ ပန်းချီနားထဲ ပိုခါးတာ​ပေါ့

"ဒီမာ ရှင်​အဓိပ္ပါယ်​မရှိတာ​တေ ​ဆက်​​ပြော​နေမယ်​​ဆိုရင်​ ကျွန်​မ
ပြန်​​တော့မယ်​"

"ဘာအဓိပ္ပါယ်​မရှိတာလဲ"
သူ့မအသံကြီးက ရုတ်​တရုတ်​ ထွက်​​ပေါ်လာသည်​။

"အဲ့အ​ကြောင်းကို သူမိန်းမ​ခေါ်ပြီး ​ပြောစရာလား
အဲ့ကတည်းက အဓိပ္ပါယ်​မရှိ​တော့တာ"
"ပန်းချီ ဆိုတဲ့ မိန်းမက တစ်​ခါဘဲ ရမယ်​ နှစ်​ခါမရဘူး"

"​အေး​လေ နင့်​ဘက်​ကစကြမ်း​တော့ ငါလဲကြမ်းရတာ​ပေါ့"

"​အေးငါနဲ့သူနဲ့က ချစ်​သူ​တေ ငါ​ မောင့်​ကို ဆုံးရုံးမခံနိုင်​ဘူး
အာ့ နင်​သိ​အောင်​​ပြောတာ"

"ဒါဘဲမလား "
ပန်းချီ ထကာ ထွက်​လာလိုက်​သည်​။

"​တောက်​...."
လူပါးဝတဲ့မိန်းမ
ပန်းချီ သူ့လုပ်​ကြံမှုကို တစ်​ခါခံထားရ​တော့ ရင်​ထဲက ယူကျုံးမရ နာကျင်​သည်​။သတ်​ပစ်​ချင်​​လောက်​​အောင်​ မုန်းသည်​။

"မင်းဘယ်​​တေ​ရှောက်​သွား​နေတာလဲ"

ပန်းချီ သူနဲ့မျက်​နှာချင်းမဆိုင်​ချင်

"ဘယ်​မှမသွားဘူး"
တိုတိုတုတ်​တုတ်​​ဖြေကာ ပန်းချီ အိမ်​ထဲသာ ဦးတည်​၀င်​လိုက်​သည်​။

"မမ​လေး ထမင်း စား​တော့မာလား"

"​အေး မိတူး ငါည ဆာမှထ စားလိုက်​​တော့မယ်​"

"ဟုတ်​ကဲ့"

ပန်းချီ ပင်​ပန်းလာတာမို့ ​မွေ့ယာ​ပေါ် ပစ်​လှဲချလိုက်​သည်​။
လူပင်​ပန်းတာထက်​ စိတ်​ကပိုပင်းပန်း​နေသည်​ဟုထင်​သည်​။

"ရှင့်​ကို ကျွန်​မနှလုံးသားက အမှန်​အကန်းမုန်းပစ်​ချင်​တာ​တော့
အမှန်​ ..ဒါမဲ့.....ဒါမဲ့......ပန်းချီ ရှင့်​ကို မုန်းလို့မရဘူး"

ကောင်း​တော့မ​ကောင်းဘူး သည်းခံဖတ်​​ပေး😁တိုလဲတိုတယ်​😝😁😁

ဘယ်တော့မှချစ်မာလဲ | Ecency