ပျားရည်မြစ်ကော

khant10(36)
Published in
#esteem
Words
29
Reading
1 min
Listen
Play
9y

ပျားရည်မြစ်ကော

  • အသိမ်းလွန်ရင်လည်း
    ပျောက်တတ်တာပဲ
    မေ့တတ်သူလို့ မစွပ်စွဲနဲ့ကွယ်။

  • ခရီးကောက်ချင်ကောက်
    မပြီးမြောက်ချင်ရင်လည်း နောက်မှပေါ့
    စည်းမဖောက်တတ်သူအတွက်
    ခြေရာတွေဟာ
    တစ်ရွက်ကျရာ တစ်ပင်ပေါက်တယ် ချစ်သူ။

  • မပြည့်မယ့်ဆုတောင်းတစ်ခုကို
    အတူတူ တောင်းခဲ့ဖူးသူချင်းပဲ
    လွဲတာလည်း မထူး
    ကွဲကွာလည်း မထူးပါဘူးလေ။

  • ပန်းချီကားတွေကို
    ဘောင်နဲ့ တန်ကြေးသတ်မှတ်တဲ့ခေတ်မှာ
    ဗိသုကာဖြစ်ခဲ့သလိုမျိုး
    ဗီးနပ်စ်အော်မီလိုရဲ့ လက်တစ်ဖက်လို
    ပန်းတိုင်တွေ ကွယ်လွင့်ခဲ့ဖူးပြီလေ။ ။
    image

ပျားရည်မြစ်ကော | Ecency