ငယ်ငယ်တုန်းက အရမ်းရင်နာခဲ့ရတာရှိခဲ့တယ်
မိသားစုထဲမှာ ကျနော်ရုပ်အဆိုးဆုံး
ပြီးရင်ကန့်လန့်အတိုက်ဆုံး ဘယ်သူ့စကားမှနားမထောင်ဆုံး
"အသက်ကြီးလာတဲ့အချိန်ထိ အဖေ့ကိုပြောဖူးတယ်
အဖေရယ် ကျန်တဲ့ညီအစ်ကိုမောင်နှမ အားလုံးချောအောင်မွေးပြီး ကျနော့်ကျမှ ဘာလို့ရုပ်ဆိုးအောင်မွေးခဲ့တာတုန်း"
အဖေကပြုံးတယ်ဗျ ဒါပေမဲ့သူ့မှာ အဖြေရှိပုံမပေါ်ဘူး
ငယ်ငယ်ထဲကရုပ်ဆိုးတော့ အမြဲလဲအနှိမ်ခံရတယ်ဗျ
အိမ်ကပစ္စဉ်းအတူခိုးရင်တောင် အားလုံးက ကျနော့်ကိုထင်တာ
ပြီးရင်ကျနော်ကဥာဏ်လဲမကောင်းဘူး ကျနော့်ဦးဏှောက်က သင်္ချာကိုမမှတ်နိုင်ဘူး
ခုချိန်ထိ ကျနော် သင်္ချာကိုနားလည်လို့မရပါဘူး
အမှန်အတိုင်းပြောရင် ကျနော် အိမ်မှာနေလို့မရတဲ့အခါ ညံ့အားကြီးတဲ့အခါ အိမ်ကထွက်ပြေးပါတယ်
အဲ့ဒီအချိနက ကျနော့်အသက် ၁၃ ညနှစ်ပဲရှိပါသေးတယ်
လောကကြီးဟာအဲ့ဒီထက်ပိုဆိုးတယ်ဆိုတာ ကျနော်
အဲ့ဒီအရွယ်မှာသိခဲ့ပါတယ် ကျနော့်မိဘဆွေမျိုးများက ကျနော်ရုပ်ဆိုးလို့ အကျင့်မကောင်းလို့ ရိုက်နှက်ရင်တောင် လောကကြီးကရိုက်နှက်တာနဲ့စာရင် လည်တိုင်ကိုဖော့ရိုးနဲ့ရိုက်သလောက်ပဲရှိပါတယ်
ကျနော်အတန်းပညာမတတ်ခဲ့ပါဘူး ဒါပေမဲ့ကျနော် လောကပညာသင်ယူခွင့်ရပါတယ်
ကျနော်စာရေးမယ်ဆိုတဲ့အခါ လူတိုင်းအတွက်ရယ်စရာပါပဲ ၈ တန်းတောင်မအောင်တဲ့ကောင်ဘာစာရေးမလဲ"
ငယ်စဉ်က ကျနော်မလိုချင်တဲ့ ကျနော့်ကိုမလိုချင်တဲ့
ကျနော်တစ်သက်လုံးဖြစ်ချင်တဲ့ မိသားစုအကြောင်းပဲ
ကျနော်ပြန်ရေးပါတယ်
ဆိုပါတော့ အင်မတန်နာမည်ကြီးတဲ့မင်းသားတစ်ယောက်ရဲ့အဖေ အမေ သူတို့ညီအစ်ကိုမောင်နှမ ဘယ်သူတွေလဲမသိနိုင်ပါဘူး
ကျနော်ရေးတဲ့ "ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်"
က လူတွေအားလုံးသိကြပါတယ်
ကျနော်အတန်အသင့်လူသိများပါတယ်
ဆိုပါတော့
ရုပ်ဆိုးတာဂုဏ်ငယ်စရာမဟုတ်ပါဘူး
ပညာမတတ်တာလဲ ဂုဏ်ငယ်စရာမဟုတ်ပါဘူး
ကိုယ့်မှာလုပ်နိုင်တဲ့အင်အားရှိပါလျက်နဲ့သူများကိုအားကျပြီး ငါဘာမှမလုပ်နိုင်ဘူးတွေးမိတယ ဂုဏ်ငယ်စရာပါပဲ ဘာအလုပ်မှမလုပ်ပဲ သူများကိုကြည့်ပြီးသိမ်ငယ်နေတာ ဂုဏ်ငယ်စရာပါပဲ ကိုယ်လဲဘာမှမလုပ်နိုင်ပဲနဲ့ လုပ်နေတဲ့သူတွေကြည့်ပြီး အပစ်ထိုင်ပြောနေတာလဲ ဂုဏ်တက်လာစရာတစ်ခုမှမရှိပါဘူး
ရုပ်ဆိုးတာ အပစ်မဟုတ်ပါဘူး သူများထက်ရုပ်ဆိုးတယ်ထင်ရင် သူများထက်ပိုကြိုးစားပြပါ
သူများထက်ညံ့တယ် ထင်ထားရင်တော့ခင်ဗျားအတွေးမှားနေပြီ ကမ္ဘာကျေါ်အတော်များများအပြင်
ဒီစာကိုရေးတဲ့
အကြည်တော် ၈ တန်းမအောင်ခဲ့ပါဘူး
