Mom

khant(43)
Published in
#mother
Words
24
Reading
1 min
Listen
Play
9y

အမေရယ် ကျွန်တော်ရယ် ကမ္ဘာကြီးရယ်
အမေ
ခြေသလုံးအိမ်တိုင်နဲ့ဘဝမဟုတ်ပေမယ့်
သူငယ်တန်းဖတ်စာအုပ်တွေနဲ့ ပတ်သတ်ပြီး
အမေ့ခြေသလုံးတွေ ယိုင်ခဲ့တယ်ဆိုတာ
အမေသာအသိဆုံးဖြစ်မှာပါ

အဖြူအစိမ်းကိုဆင်ပြီး
ကျွန်တော်မျက်လှည့်စပြတဲ့နေ့
စာသင်ကျောင်းနဲ့ရွာကြားလမ်းလေး
အမေ့ပျော်ရွှင်ခြင်းတွေ ဖွေးနေခဲ့တယ်

ထမင်းမဝအောင် ဆင်းရဲတာမဟုတ်
ထမင်းဝိုင်းမလှရုံလောက်ပဲ ဆင်းရဲခဲ့တာ
စားဖူးတဲ့ အတိတ်ညစာတွေမှာ
မေတ္တာတရားကလွဲရင်
အမေထည့်ပေးတတ်စရာ ဟင်းမရှိခဲ့ဘူး။poem-2-510x340.jpg

Mom | Ecency