Easy Life

khant(43)
Published in
#esteem
Words
128
Reading
1 min
Listen
Play
9y

နွေ ရဲ့ ခြေသံကို ကြားနေရပြီ ။

ခြေသံမှာ အလွန် ပိရိလှ၏ ။ မနက်ခင်း တုံးမောင်းအခေါက်၌ ရေနွေးအိုး တည်ထားသော မီးဖိုကလေးဆီသို့ မသွားဖြစ်တော့ ... ။ ဆွမ်းလောင်းအသင်းက အာရုဏ်ဆွမ်းလောင်းစဉ် ဖွင့်ထားသည့် ဓာတ်စက်မှ ရေခင်းသံနှင့်အပြိုင် ၊ လွမ်းတငွေ့ငွေ့ တွန်ကျူးနေသော ဥဩငှက်သံ သဲ့သဲ့ကို ကြားခဲ့ရ၏ ။ နေ့တာတို့ ရှည်ခဲ့ပြီ ။
အလွန်ကျွမ်းကျင်သော စဖိုမှူး၏ ကြက်ဥ တစ်ဝက်ကျော် ထဲမှ အနှစ်သား နီတျာတျာ ကဲ့သို့ ၊ နေလုံး၏ အရောင်မှာလည်း တိမ်တောင်တို့ ကင်းစင်ကာ ၊ အညာမြေအား ၊ နွေ အငွေ့အသက်ဖြင့် လှုပ်နိုးလာလေသည် ။
နေအပွင့်၌ ချိုးကူသံဖြင့် ကန့်လန့်ကာ ဖွင့်ခဲ့သော မနက်ဆည်းဆာတွင် ကြည်ပြာရောင် ကောင်းကင်ထဲ၌ ၊ ငှက်တစ်အုပ်က သိုးသိုးသုတ်သုတ် ပျံသန်းသွားကြလေ၏ ။
ထန်းပင် ၊ မန်ကျည်းပင် ၊ တမာပင် ၊ ဇီး(ဆီး)ပင်တို့ကို ဖြတ်သန်း တိုက်ခတ်လာသော လေညှင်းထဲ၌ ၊ အအေးဓာတ်လေး ခပ်ဆဆ ရောပြွန်းနေသည့် ၊ ဆောင်း ဟု မည်ကာမတ္တ ရာသီအဖွဲ့အနွဲ့မှာ ရွာကလေးအပေါ် ရစ်သိုင်း လွှမ်းခြုံဖို့ ကြိုးစားနေခဲ့ပြန်ပါ၏ ။
သို့သော် ... နွေ၏ ပေါက်ဓားတစ်လက်လို တဖျတ်ဖျတ်စူးရှနေရောင်၌ ၊ လက်ပံတို့လည်း ဖူးခဲ့ပြီ ။
ဟိုအပင်ကူး ၊ သည်အပင်ကူးဖြင့် ဥဩငှက်ကလေးခမျာ ၊ နှင်း တို့ရဲ့ဈာပနမှာ ၊ ဧယဉ်ကျူးရရှာချေဦးတော့မည် ။
...
နွေ ခြေသံကို ကြားရပြီ ။
...

ထိုနွေဦး၌ ...
ရဲရင့်သော လူငယ်တစ်စု ဦးဆောင်သည့် ခေတ် ပြောင်းချင်သူများက ၊ အာဏာရှင် ဖက်ဆစ်စနစ်ကို အမြစ် မကျန်အောင် တော်လှန်ခဲ့ဖူးလေသည် ။
image

Easy Life | Ecency