Beauty

khant(43)
Published in
#esteem
Words
107
Reading
1 min
Listen
Play
9y

ငယ်ငယ်က သရဲကြောက်တယ် ...
အသက်ကလေးရလာတော့ လူကြောက်တတ်လာတယ် ...
သရဲက အဆင်မပြေတဲ့ ပုံစံနဲ့ ခြောက်ရုံဘဲခြောက်တာလေ ...
မာယာမများဘူး ...
မယုတ်မာဘူး ...
မကောက်ကျစ်ဘူး ...
နောက်ကျောဓါးနဲ့မထိုးဘူး ...
မလှည့်စားဘူး ...
ရှေ့တစ်မျိုး နောက်တစ်မျိုး ...
ခုတစ်မျိုး တော်ကြာတစ်မျိုး ...
လိုတစ်မျိုး မလိုတစ်မျိုးတွေမလုပ်ဘူး.

သရဲဟာ ကောင်းမွန်ရာဘဝမသွားနိုင်လို့ သရဲဖြစ်တယ် ...
ဒါဆို ... သရဲထက် ပိုမာယာများ ...
ယုတ်မာ ကောက်ကျစ် လှည့်ဖျား လိုတစ်မျိုး မလိုတစ်မျိုးတွေလုပ်နေရင် ... ကိုယ်သေရင် ဘယ်ဘဝသွားမလဲ ?
အဲ့လိုပြန်မေးကြည့်တဲ့အခါ ...
ရလာတဲ့အဖြေ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်.

ရှင်သန်နေစဉ်တစ်ခဏမှာ ...
ကိုယ့်ထက်သာမနာလို ...
ကိုယ့်ထက်နိမ့်ကျ ဖိနှိပ် ...
ဒါတွေခဏဖယ်ထား ...
ဘယ်သူ ဘယ်သူ့နဲ့မှ မယှဉ် ...
လူတွေကြောက်လှပါချည်ရဲ့ဆိုတဲ့ သရဲနဲ့ ယှဉ် ...
ဘယ်လိုမြင်သလဲဟင် ?

မက်ခဲ့ရတဲ့ဂုဏ် ...
မောက်မာခဲ့ရတဲ့မာန ...
တွယ်တာခဲ့ရတဲ့ပစ္စည်းဥစ္စာ
သေရင် အကုန်ထား ...
ရှင်သန်နေစဉ် ဆင်ခဲ့ရတဲ့ ခန္ဓာ ...
သခဲ့ရတဲ့ မျက်နှာ ...
ချမ်းသာသူလည်း ၃ပေ ၆ပေ
မချမ်းသာသူလည်း ၃ပေ ၆ပေ
မြေကြီးအောင်မရောက်ရင် ...
မီးသဂြိုလ်လို့ ပြာဖြစ်ရမှာဘဲ.

နောင်သံသရာပါမှာက နေစဉ်မှာ နေ့စဉ်ပြုနေတဲ့ကံတွေ ...
သရဲမဖြစ်ချင်ရင် ရှင်သန်နေစဉ်မှာ ...
ကိုယ်ဟာ သရဲလောက် ဖြူစင်ပါရဲ့လား ?
(ကိုယ့်ဘာသာပြန်မေးကြည့်နေတာပါ.)
image

Beauty | Ecency