image
ယောင်္ကျားလေးဘဲဖြစ်ဖြစ် ...
မိန်းကလေးဘဲဖြစ်ဖြစ် ...
လူတိုင်းမှာ အလှတစ်မျိုးစီရှိကြတယ်.
တစ်ချို့ ပြုံးလိုက်ရင်လှတယ် ...
တစ်ချို့က စကားပြောလိုက်ရင် ချစ်ဖို့ကောင်းတယ် ...
တစ်ချို့က တည်တည်လေးနေမှ ကြည့်ကောင်းတယ် ...
တစ်ချို့က ဟက်ဟက်ပက်ပက်ရယ်လိုက်ရင် ဆွဲဆောင်မှုရှိတယ် ...
တစ်ချို့က ဘယ်လိုနေနေ ကြည့်ချင်နေအောင်ဖြစ်နေတာ စသည်ဖြင့် ...
ရုပ်အလှတွေကတော့ ...
အသက်ကြီးလာသော်လည်းကောင်း ...
ကျန်းမာရေးအရသော်လည်း ...
ထိခိုက်ဒဏ်ရာရလို့သော်လည်းကောင်း ...
ပျက်စီးယိုယွင်းတတ်တာပေါ့.
ဒါပေမယ့် ...
ခုခေတ်ကြီးမှာ ... ဆံပင်ဖြူကနေ ဆံပင်အရောင်မျိုးစုံပြောင်းမလား ...
Botox ထိုးမလား ...
ခွဲစိတ်ပြုပြင်မလား ...
မျက်နှာတင်ပြုပြင်လို့ရတာမဟုတ် ခန္ဓာကိုယ်ပါ ဆီလီကွန်တွေ ထည့်ကြတယ်မလား ...
Botox လည်းထိုးမရ ...
ခွဲစိတ်ပြုပြင်လို့လည်းမရတာက ...
' နှလုံးသား ' အလှတရားပေါ့ .
အရေပြားတစ်ထောက်စာ အလှတရားက မြင်လွယ် သိလွယ် ... လှပါတယ်ဆိုကြပေမယ့် ...
နှလုံးသား အလှတရားက ...
မြင်ခဲ သိခဲ ပြောစမှတ်ပြုခဲကြတယ်.
အပေါ်ယံတွေကိုသာ ခဏကြည့်ကြတာ ဒီလောကမလား.
လှပတဲ့ရုပ်ရည် အိုမင်းလာမယ် ...
ပြေပြစ်တဲ့ ခန္ဓာ ယိုယွင်းလာမယ် ...
အချိန်တွေ ... အခြေအနေတွေ ... ပတ်ဝန်းကျင်ဆိုတာက အရောင်ဆိုးခံရသည့်တိုင် မွေးရာပါနှလုံးသားကပြောင်းလဲမသွားဘူး.
တကယ်လေးစားအထင်ကြီးစရာဆိုတာ ဘာပေတံနဲ့တိုင်းတာလဲ?
ငွေကြေးချမ်းသာကြွယ်ဝမှုလား ?
ဂုဏ်ပကာသနလား ?
ရာထူးအာဏာလား ?
ရုပ်ရည်ချောမောမှုလား ?
တကယ်တော့ ...
မွေးရာပါ ' ကိုယ်ချင်းစာတရား ' ' အကြင်နာတရား ' ' မေတ္တာကရုဏာတရား ' ကြီးမားသူတွေသာ လေးစားအထင်ကြီးစရာ တကယ့်အလှစစ်ပိုင်ဆိုင်ကြသူတွေမလား.
တစ်ချို့အလှတွေက လှတယ်.
ဒါပေမယ့် ...
ကိုယ်တိုင်လည်း ပူလောင် ...
အနားရှိသူ ကြည့်သူတွေကိုလည်း ပူလောင်စေတယ်.
တကယ့် အလှစစ် (စိတ်နှလုံးသားလှ) က ...
ကိုယ်တိုင်လည်းအေးချမ်း ...
ထိတွေ့ ကြည့်မြင်သူတွေကိုလည်း အေးချမ်းစေတယ်.
တကယ့်အလှတရားက ဖျတ်ကနဲ မြင်ခဲလှပေမယ့် ... ရာသက်ပန်အေးချမ်းစေတယ်.
' အလှစစ် ' (စိတ်နှလုံးသားလှ) တွေအောက်မှာ ငြိမ်းချမ်းကြပါစေ.
အလှစစ် ကိုအမြဲထာဝရပိုင်ဆိုင်ကြပါစေ.
အလှစစ် ပိုင်ဆိုင်ကြသူတွေနဲ့ဆုံစည်း ဘဝတစ်သက်တာလုံး အလှစစ်တွေနဲ့ အေးချမ်းကြပါစေ 🙏🏻🙏🏻🙏🏻