This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Iphone All Colour

Words
182
Reading
1 min
8y
Listen to this post
~1 min

Apple အနေနဲ့ ဒီနှစ်ကုန်ပိုင်းလောက်မှာ အရွယ်အစားကြီးမားတဲ့ iPhone မော်ဒယ်တွေကို မိတ်ဆက်ပေးဖို့ ကြံရွယ်နေပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် iPhone မော်ဒယ်တွေကို အရောင်အသွေး စုံစုံလင်လင် နဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
IMG_20180707_055846.jpg
လက်ရှိအချိန်မှာ ထွက်ရှိလာမယ့် ကောလာဟလများ အရ အသစ်ထွက်ရှိလာမယ့် ၆.၅ လက်မ အရွယ်အစားရှိ OLED iPhone ကို အဖြူရောင်၊ အမဲရောင် တို့အပြင် ရွှေရောင် အနေနဲ့ပါ မိတ်ဆက်လာနိုင်ပါတယ်။ ဒါ့အပြင် ၆.၁ လက်မ အရွယ်အစားရှိ LED iPhone ကိုလည်း မီးခိုးရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင်၊ လိမေ္မာ်ရောင် စတဲ့ အရောင် ၅မျိုး အနေနဲ့ မိတ်ဆက်သွားနိုင်ပါတယ်။

ကောလာဟလများအရ Apple အနေနဲ့ အသစ်မိတ်ဆက် ပေးသွားမယ့် ၂၀၁၈ iPhone မော်ဒယ် အသစ်တွေကို အနည်းဆုံး အရောင် ၄ရောင် အနေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အနီရောင်မော်ဒယ် ကိုတော့ ထုံစံအတိုင်း iPhone အသစ် မိတ်ဆက်ပြီး လ အနည်းငယ် အကြာမှာ မိတ်ဆက်သွားဖို့ များပါတယ်။ (iPhone Red Edition ဆိုတာကတော့ အာဖရိက မှ HIV, AIDS ရောဂါဝေဒနာရှင်တွေကို ကုသပေးနေတဲ့ NGO အဖွဲ့အစည်း RED ကို လှူဖို့ အတွက် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။)
IMG_20180707_055856.jpg
လက်ရှိအချိန်မှာ ထွက်ရှိလာမယ့် ကောလာဟလများ အရ အသစ်ထွက်ရှိလာမယ့် ၆.၅ လက်မ အရွယ်အစားရှိ OLED iPhone ကို အဖြူရောင်၊ အမဲရောင် တို့အပြင် ရွှေရောင် အနေနဲ့ပါ မိတ်ဆက်လာနိုင်ပါတယ်။ ဒါ့အပြင် ၆.၁ လက်မ အရွယ်အစားရှိ LED iPhone ကိုလည်း မီးခိုးရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင်၊ လိမေ္မာ်ရောင် စတဲ့ အရောင် ၅မျိုး အနေနဲ့ မိတ်ဆက်သွားနိုင်ပါတယ်။

ဒါ့အပြင် Apple အနေနဲ့ ဒီနှစ် အစောပိုင်းတုန်းက မိတ်ဆက်သွားခဲ့တဲ့ iPhone X ကိုလည်း ရွှေရောင်နဲ့ ထပ်မံ မိတ်ဆက်ပေးဖို့ ကြံစည်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ၆.၅ လက်မ အရွယ်အစားရှိ OLED Display အသုံးပြုထားတဲ့ iPhone X Plus၊ ၆.၁ လက်မ အရွယ်အစားရှိ LCD iPhone၊ ၅.၈ လက်မ အရွယ်အစားရှိ New iPhone X စတဲ့ iPhone မော်ဒယ် အသစ် သုံးမျိုး ကို မကြာမီ အချိန်အတွင်းမှာ အရောင်အသွေး စုံလင်စွာနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။[source]
(https://m.facebook.com/story.php?story_fbid=2129768483967384&id=1546624012281837)
Photo - google

Iphone All Colour | Ecency