✏✏📄📄📗📗

kbkb(39)
Published in
#esteem
Words
1268
Reading
6 min
9y
Listen to this post
~8 min

How to live a worry-free life ..
သောကကင်းဝေး နေနိုင်ရေး

Don't let yourself become enslaved to the pleasures of short duration
"ခေတ္တယာယီသာခံတဲ့ သာယာဖွယ်တွေရဲ့ ကျွန်ပြုမှုကို လက်မခံပါနဲ့"

As soon as some problems arise some people immediately suspect that others might have done some charms and black magic to disturb their family. But they are not ready to admit their own weaknesses to think that they themselves have contributed something to become the cause of the problems.

လူအချို့ဟာ ပြဿနာတွေ ပေါ်ပေါက်လာသည်နှင့် သူတို့မိသားစုကို ဒုက္ခပေးရန် ဂါထာမန္တာန်တွေ၊ အောက်လမ်းအတတ်တွေနဲ့ အခြားသူတွေက ပြုစားထားတယ်လို့ ချက်ချင်း သံသယဝင်ကြတယ်။ သို့သော် ပြဿနာတွေဖြစ်စေမည့် အကြောင်း တစ်ခုခုကို ကိုယ်တိုင်လုပ်ထားမိသလားလို့ စဉ်းစားဖို့ ပျက်ကွက်တဲ့ သူတို့အားနည်းချက်ကိုတော့ ဝန်ခံလိုစိတ် မရှိကြပါဘူး။

People live in the darkness of ignorance by not knowing what is right and what is wrong and they are struggling in the mire of worldly evils. They think that the few fleeting moments of pleasure that they may enjoy in this world are permanent; though in reality, they are impermanent. By not understanding this glaring fact people become engrossed in pleasures of short duration and get themselves entangled in them more and more, becoming enslaved to them and thereby become totally blind to reality.

လူသားတွေဟာ အမှား၊ အမှန် ခွဲခြားမသိခြင်းဆိုတဲ့ မောဟအမှောင်ထဲမှာ ရှင်းသန်နေကြပြီး၊ မကောင်းမှု အကုသိုလ်နွံတွေထဲမှာ နစ်နေကြတာပါ။ ဒီဘဝမှာ သူတို့ ခံစားရတဲ့ တဒင်္ဂသာယာဖွယ် အချိန်ခဏလေးကို ထာဝရမြဲတယ်လို့ ထင်မှတ်နေကြတာဖြစ်ပါတယ်။ အမှန်တကယ်တော့ အဲဒီသာယာဖွယ်တွေဟာ မမြဲပါဘူး။
သိသာထင်ရှားတဲ့ ဒီအချက်ကို နားမလည်ခြင်းကြောင့် လူသားတွေဟာ တာရှည်မခံတဲ့ သာယာဖွယ်တွေကို စိတ်ဝင်စားနေကြတာပါ။ ဒါတင်မက ယင်းသာယာဖွယ်တွေရဲ့ ကျွန်ပြုမှုကိုခံယူရင်း ပိုပိုပြီး ငြိကပ်တွယ်တာနေကြပါတယ်။ ဒီနည်းနဲ့ အစစ်အမှန်သဘောတရားကို မမြင်တော့ဘဲ လုံးလုံး မျက်ကန်းတွေ ဖြစ်ကုန်ကြပါတယ်။

To be wise among the ignorant,
to be strong of heart among the weak-hearted, ယ
to be patient among the impatient,
to be sober among the passion-intoxicated,
to be kind among the haters, are
some of the difficult achievements in our lives.

လူမိုက်တွေအကြားမှာ လိမ္မာရေးခြားရှိဖို့၊
စိတ်ထားပျော့ညံ့သူတွေကြားမှာ စိတ်ဓာတ်ခိုင်မာဖို့၊
စိတ်မရှည်သူတွေကြားမှာ စိတ်ရှည်သည်းခံနိုင်ဖို့၊
မူးယစ်သောက်စားသူတွေကြားမှာ မသောက်မစားနေဖို့၊
အမုန်းပွားသူတွေကြားမှာ ကြင်နာတတ်ဖို့ဆိုတာဟာ
ကျွန်တော်တို့ဘဝမှာ အောင်မြင်မှုရဖို့ ခက်ခဲပါတယ်။

People have never experienced such phenomenal material progress as they are enjoying in this age. However, despite this wonderful progress, it is most unfortunate that mankind tends to neglect its spiritual well-being. Mankind appears to have been blinded by material achievements thinking that materialism is the end of all things. They have forgotten that materialism alone does not provide the true happiness.

လူတွေဟာ ဒီဘဝမှာ ပျော်မွေ့နေကြပေမယ့် အံ့သြလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုတော့ ဘယ်တော့မှ မတွေ့ကြုံရပါဘူး။ အံ့သြဖွယ်တိုးတက်မှု မဟုတ်တဲ့ကြားက စိတ်ထားကောင်းမြတ်မှုကို လူသားတွေ လျစ်လျူရှုတာဟာ အလွန်ကို ကံမကောင်းအကြောင်းမလှမှု ဖြစ်ပါတယ်။ လူသားတွေဟာ ရုပ်ဝါဒကို အရာအားလုံးရဲ့ နိဂုံးလို့ ထင်မှတ်နေပြီး ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေက အကန်းဘဝရောက်အောင်လုပ်တာကို ခံရတဲ့ပုံပေါ်ပါတယ်။ သူတို့ဟာ ရုပ်ဝါဒတစ်ခုတည်းကနေ အစစ်အမှန်ချမ်းသာမှုကို မပေးနိုင်ဘူးဆိုတာ မေ့လျော့နေကြပါတယ်။

They must seek true happiness​ and spiritual well-being through their respective religions to complete their search for happiness through materialism. Spiritual solace and materialism​ go hand in hand to provide true happiness for all. Moral degradation exists everywhere. With increased efficiency of modern mass communications, we have become much more aware of man's inhumanity to man on a scale unheard of hitherto.

ရုပ်ဝါဒကနေ ပျော်ရွှင်မှုရှာဖွေခြင်းကို ပြည့်စုံစေရန် သက်ဆိုင်ရာ ဘာသာတရားအသီးသီးရဲ့ လမ်းညွှန်မှုဖြင့် အစစ်အမှန်ချမ်းသာနှင့် စိတ်ထားကောင်းမြတ်မှုကို ရှာဖွေရပါမယ်။ စိတ်ပိုင်းစရာ နှစ်သက်စရာတွေနှင့် ရုပ်ဝတ္ထုပစ္စည်းတွေဟာ လူသားအားလုံး အစစ်အမှန် ချမ်းသာသုခ ခံစားနိုင်ရေးမှာ အတူဒွန်တွဲနေပါတယ်။
ကိုယ်ကျင့်တရား ဆင်းရဲမွဲတေခြင်းကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ခေတ်သစ် လူထုဆက်သွယ်ရေး တိုးတက်လာပြီး အချိန်တိုတွင်း ခရီးရောက်မှုကြောင့် အရင်က မကြားဘူးသေးတဲ့ အတိုင်းအတာထိ လူသားအချင်းချင်း ရက်စက်မှုကို ကျွန်တော်တို့ ပိုပြီး သတိထားမိလာတယ်။

Individuals tend to forget or completely ignore their obligations and duties to the society in which they live. Business organisations, in their ruthless scramble for profits and material gain, are pursuing their efforts without any sense of decency. They have forgotten that there is such a thing as human dignity. In the light of such a catastrophic situation, many people concerned with the upholding of human dignity and ethical practices, are tempted to throw up their hands in sheer despair of ever finding a solution to curb inordinate human greed and to steer them along the path of human decency coupled with spiritual solace.

လူသားတွေဟာ သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းတွင်းမှာ ပြုသင့်တဲ့ တာဝန်တွေ၊ ဝတ္တရားတွေကို မေ့လျော့ပစ်ကြတယ် ဒါမှမဟုတ် လုံးဝ မသိကျိုးကျွံပြုကြတယ်။ စီးပွားရေးအဖွဲ့အစည်းတွေဟာလည်း သင့်တင်လျောက်ပတ်တဲ့ လူမှုရေးကျင့်ဝတ်မရှိတော့ဘဲ အကျိုးအမြတ်နှင့် ရုပ်ဝတ္ထုပစ္စည်းရရှိရေးအတွက် အကြင်နာမဲ့ အလုအယက် တိုးဝှေ့ပြီး ရှာဖွေကြတယ်။ သူတို့ဟာ လူ့ဂုဏ်သိက္ခာ ရှိသေးတယ်ဆိုတာကို မေ့ထားကြတယ်။ ကြီးမားလှတဲ့ အဲဒီအခြေအနေအရ လူ့ဂုဏ်သိက္ခာနှင့် ကိုယ့်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ပတ်သက်တဲ့ လူများစွာဟာ လွန်ကဲ့သည့် လူ့လောဘကို ထိန်းချုပ်ရန် အဖြေရှာရာမှာ လုံးလုံး စိတ်ပျက်လက်လျှော့ချင်လာတယ်။ သက်ဝင်ယုံကြည်မှုဆိုင်ရာ ဖြေသိမ့်စရာနှင့် ဆက်စပ်တဲ့ သင့်တင်သော လူ့ယဉ်ကျေးမှု လမ်းကြောင်းဆီ ဦးတည်လိုစိတ် ပေါက်သွားကြတယ်။

Human beings have conquered space; they are even trying to elevate themselves to the level of super beings, but they have not been capable of conducting themselves as decent human beings with spiritual love and compassion for others. This sad state of affairs prevails today because people have chosen to take the wrong path in developing modern civilization. They have taken materialism in the mistaken belief that materialism alone can bring happiness. This is a fallacy.

လူသားတွေဟာ အာကာသကို သိမ်းပိုက်စိုးမိုးပြီး ထိပ်တန်းသက်ရှိတွေ အဆင့်ထိ တိုးမြှင့်ရန် ကြိုးစားနေကြတယ် ဒါပေမယ့် အခြားသူတွေအပေါ် မေတ္တာ၊ ကရုဏာရှိတဲ့ လူကောင်းသူကောင်းတွေ ဖြစ်အောင် မစွမ်းနိုင်ဘူးဖြစ်နေတယ်။ လူသားတွေဟာ မျက်မှောက်ကမ္ဘာရဲ့ ခေတ်မီလူမှုအဖွဲ့အစည်းတိုး တက်ရေးလမ်းကြောင်းကို ရွေးချယ်ထားတာကြောင့် ဒီဝမ်းနည်းဖွယ်ရာ အရေးအခင်း အခြေနေတွေ ယနေ့ ဖြစ်ပေါ်နေတာပါ။ သူတို့ဟာ ရုပ်ဝတ္ထုပစ္စည်းကသာ စိတ်ချမ်းသာမှုကို ပေးနိုင်တယ်လို့ မှားမှားယွင်းယွင်း ယုံကြည်ပြီး ရုပ်ဝါဒနောက်ကို လိုက်နေကြတာဖြစ်ပါတယ်။ ဒါဟာ အထင်အမြင် မှားယွင်းမှုဖြစ်ပါတယ်။

They have gone wrong because they have will fully chosen to ignore the invaluable advice given by our spiritual leaders over the centuries. Whilst it is admitted that science can produce quick results​ and a measure of material gain, the resultant​ benefits from such material gain are illusory and short-lived.

ဘာသာရေးဆရာတွေရဲ့ တန်ဖိုးမဖြတ်နိုင်သော လမ်းညွှန်အကြံပြုချက်တွေကို ရှေးရာစုနှစ်များစွာကထဲက လုံးလုံး လျစ်လျူရှုထားလိုတဲ့ ဆန္ဒကြောင့် အဲဒီလို မှားယွင်းသွားတာဖြစ်ပါတယ်။ သိပ္ပံပညာဟာ လျင်မြန်တဲ့ အကျိုးရလဒ်တွေ၊ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုတွေကို ဖန်တီးနိုင်တယ်ဆိုတာ ဝန်ခံပါတယ် ဒါပေမယ့် အဲဒီရုပ်ဝတ္ထုပစ္စည်းကနေ ရရှိတဲ့ အကျိုးဆက်ရလဒ်တွေဟာ အရိပ်ပမာ မရေရာဘဲ ယာယီမျှသာ ခံပါတယ်။

As against such illusory and short-lived gains, the benefits that we derive by following the noble teachings of our religious leaders are those of real lasting happiness and not illusory. Material​ gain without spiritual solace does not provide true and lasting happiness.

ဘာသာရေးဆရာတွေသင်ကြားတဲ့ သစ္စာဓမ္မတွေနောက် လိုက်ခြင်းဖြင့် ရရှိတဲ့ အကျိုးအမြတ်တွေဟာ အရိပ်ပမာ မရေရာတဲ့ ယာယီအကျိုးအမြတ်နှင့်မတူဘဲ အမှန်အကန် တာရှည်ခံတဲ့ ချမ်းသာသုခဖြစ်ပါတယ်။ မရေရာတဲ့အရာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဖြေသိမ့်စရာမပါတဲ့ ရုပ်ပိုင်းဆိုင်ရာ အမြတ်အစွန်းက စစ်မှန်ပြီး တာရှည်ခံတဲ့ စိတ်ချမ်းသာမှုကို မပေးပါဘူး။

Spiritual backing is absolutely necessary for man's spiritual upliftment, leading to tranquility of mind and everlasting happiness. If we study world history concerning human behaviour in the past, we will readily agree that modern human moral conduct is not better than that of our ancestors although we pretend to glorify our civilization.

စိတ်ငြိမ်သက်မှုနှင့် တာရှည်ခံ စိတ်ချမ်းသာမှုဆီ ဦးတည်စေတဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးသည့် ဘာသာရေးဆိုင်ရာ အထောက်အပံ့ဟာ အသေအချာ လိုအပ်ပါတယ်။ ခေတ်မီလူမှုအဖွဲ့အစည်းကို အမွှမ်းတင်ချင်ဟန်ဆောင်နေကြပေမယ့် လူတွေရဲ့ အပြုအမူနှင့် ဆက်စပ်နေတဲ့ အတိတ်က ကမ္ဘာ့သမိုင်းကို လေ့လာကြည်ရင် မျက်မှောက်ခေတ် လူသားတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အပြုအမူဟာ ရှေးဘိုးဘေးတွေထက် မသာဘူးဆိုတာတော့ ကျွန်တော်တို့ မဆိုင်းမတွ လက်ခံရမှာပါ။

Another​ important aspect of Buddhism is the explanation of the main cause of human problems and sufferings. According to the Buddha, we face the problems of this mundane world due to the strong selfish craving which exists in our minds. He has revealed that there are three kinds of craving forces​ in our minds.

အခြားအရေးပါတဲ့ ဗုဒ္ဓဝါဒရှုထောင့်ကတော့ လူသားတွေမှာဖြစ်ပေါ်တဲ့ ပြဿနာနဲ့ ဆင်းရဲဒုက္ခဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကို ရှင်းပြထားချက်ပါပဲ။ မြတ်ဗုဒ္ဓ၏ အလိုအရ လောကီ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာဟာ ကျွန်တော်တို့ စိတ်ထဲမှာရှိနေတဲ့ တစ်ကိုယ်ကောင်းဆန်သော အာသာဆန္ဒပြင်းပြမှု တဏှာကြောင့် ဖြစ်ပါတယ်။ ဗုဒ္ဓက ကျွန်တော်တို့စိတ်ထဲမှာ အာသာဆန္ဒပြင်းပြမှုတဏှာ အရှိန်အဟုန် သုံးမျိုးရှိကြောင်း ထုတ်ဖော်မိန့်ကြားတော်မူခဲ့ပါတယ်။

These are:- craving for existence, craving for worldly or sensual indulgence, and craving for non-existence. These three cravings are responsible for our existence, our rebirth, and all the thousands of other problems and mental disturbances.

အဲဒါတွေကတော့ ဘဝကိုတွယ်တာမှု (ဘဝတဏှာ)၊ လောကီအာရုံ ကာမဂုဏ်တွေကို တပ်မက်မှု (ကာမတဏှာ)၊ ဘဝပြတ်ဆဲခြင်းကို တောင့်တမှု (ဝိဘဝတဏှာ) တို့ဖြစ်ပါတယ်။ ဒီတဏှာသုံးမျိုးဟာ ကျွန်တော်တို့ ဘဝဖြစ်တည်မှုနဲ့ ဘဝသစ်ပြန်လည်ရရှိမှုအပြင် အခြား ပြဿနာထောင်ပေါင်းများစွာနဲ့ စိတ်အနှောင့်အယှက်တွေ ဖြစ်ပေါ်မှုရဲ့ တရားခံတွေဖြစ်ပါတယ်။

To understand the profound meaning of Buddha's interpretation,​ it has to be considered very wisely. Only then can realization come. World famous philosophers and psychologists have also explained these three forces, but they used different terms. The German writer Arthur Schopenhauer explained these three forces as sexuality, self-preservation and suicide.

မြတ်ဗုဒ္ဓရှင်းလင်းဟောကြားချက်၏ လေးနက်တဲ့ အဓိပ္ပါယ်ကို နားလည်ရန် ဉာဏ်အမျှော်အမြင်ရှိရှိ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အသိတရားပေါ်ပေါက်ပါမယ်။ ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေကလည်း ဒီအာသာဆန္ဒသုံးမျိုးကို ရှင်းပြကြပါတယ်။ ဒါပေမယ့် သူတို့က တစ်ခြား ဝေါဟာရတွေကို အသုံးပြုပါတယ်။ ဂျာမန်စာရေးဆရာ Arthur Schopenhauer က ဒီအာသာဆန္ဒသုံးမျိုးကို လိမ်ဆံလိုမှု အာသာဆန္ဒ၊ မိမိရပ်တည်ရှင်သန်မှုအတွက် ကြိုးပမ်းလိုတဲ့ အာသာဆန္ဒ၊ မိမိဘဝကိုယ် အဆုံးသတ်လိုတဲ့ အာသာဆန္ဒတို့ဖြစ်ပါတယ်။

The Austrian psychologist Sigmund Freud explained these same things as libido, ego instinct and death instinct. It was Freud's famed student Carl Jung who said, 'From the sources of instinct spring forth everything creative.'

သြစတြေးလျ စိတ်ပညာရှင် Sigmund Freud ကတော့ ဒီသုံးမျိုးကို ကာမရာဂဆန္ဒ၊ အတ္တအရင်းခံဗီဇ၊ ဘဝကိုအဆုံးသတ်လိုတဲ့ ဗီဇတို့ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဗီဇအရင်းအမြစ်တွေမှစတင်ပြီး အရာအရာ ဖန်တီးသွားတယ်လို့ဆိုသူကတော့ Freud ၏ ထင်ရှားတဲ့ တပည့် Carl Jung ဖြစ်ပါတယ်။

This is the way great intellectuals are prepared to support the truth revealed by the Buddha twenty- five centuries ago. But when we study the explanations of these modern thinkers we can see clearly that the Buddha went far beyond their understanding capacity.

ဒါကတော့ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးရာစုကထဲက ဗုဒ္ဓထုတ်ဖော်မိန့်ကြားတော်မူခဲ့သည့် အစစ်အမှန်ဓမ္မကို ပညာရှင်ကြီးများက အဆင်သင့်ထောက်ခံတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီခေတ်သစ် အတွေးအခေါ်ပညာရှင်ကြီးများရဲ့ ရှင်းလင်းတင်ပြချက်များကို ကျွန်တော်တို့ လေ့လာတဲ့အခါ သူတို့ရဲ့ နားလည်သိမြင်နိုင်စွမ်းထက် မြတ်ဗုဒ္ဓက သာလွန်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

image

kbkb@kbkb

✏✏📄📄📗📗 | Ecency