သဲအင်းဂူဆရာတော်ဘုရားကြီး၏ အဆုံးအမများ....
ပဋိစ္စသမုပ္ပါဒ်ဆိုတာ အပြင်ဘက်မှာ လည်နေတဲ့တရားမျိုးမဟုတ်ဘူး၊ ဝေဒနာကချည်းလည်နေတာ၊ ဘုရားက ဝေဒနာမှာရပ်ရင်ရပ်၊ မရပ်ရင် ဝေဒနာက တဏှာ ဥပါဒါန် ဘဝ ဇာတိတို့သို့ လည်သွားမယ်လို့ဆိုထားတယ်။
ဒီတော့ ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုကြောင့် ဝေဒနာတစ်ခုပေါ်လာရင် နာမ်၏ လက္ခဏာ ခံစားတယ်လို့ သိရင်သိ၊ မသိဘဲ တင်းတယ်၊ တောင့်တယ်၊ ကိုက်တယ်၊ ခဲတယ်လို့ သိလိုက်ခဲ့ရင် ဝေဒနာက တဏှာကူးသွားပြီး မခံစားချင်တဲ့ဒေါသစိတ်၊ လွတ်ချင်တဲ့လောဘစိတ်၊ ရုပ်နာမ် အမှန်ကိုမသိတဲ့ မောဟစိတ်တွေဖြစ်သွားလိမ့်မယ်။
ပဋိစ္စသမုပ္ပါဒ်လည်လိမ့်မယ်၊ အဝိဇ္ဇာဆိုတဲ့ မောဟစိတ်ဆိုတာက ရုပ်ရဲ့ လက္ခဏာ၊ နာမ်ရဲ့လက္ခဏာကိုမသိလို့ မောဟဖုံးလွှမ်းခြင်းကြောင့် နာတယ်၊ ကိုက်တယ်၊ ကျင်တယ်၊ ခဲတယ်လို့သိတာ၊ အဲလိုသိတာကို ဝေဒနာပေါ်က ပဋိစ္စသမုပ္ပါဒ် လည်တယ်လို့ခေါ်
တယ်...