ငါ့ခံစားချက်တွေကို …
နင်လစ်လျူ ရှုလိုက်တဲ့အချိန်မှာ …
ရင်ထဲက ကဗျာတစ်ပုဒ် …
အသက်မဲ့သွားတော့တယ်။
ဘယ်သောင်ဘယ်ကမ်းမှန်းမသိ …
အလွမ်းတွေနဲ့ရွက်လွှင့်လာတဲ့ …
အချစ်မျက်ကန်းလှေငယ်ရှင်ကို …
နင့်အမုန်းမုန်တိုင်းတွေနဲ့
ရက်ရက်စက်စက်ဖျက်ဆီးရက်တယ်နော်၊
ကျိန်စာသင့်သွာတဲ့ လှိုင်းကလေးတွေရဲ့
နာနာကျင်ကျင် ငိုရှိုက်တဲ့အသံကို …
ဟိုးးး …သောင်ယံကမ်းထက်ဆီက
နင်တစ်ယောက် ကြားနိုင်ပါစေဟာ။